မြိတ်အနာဂတ်ဖွံ့ ဖြိုးတိုးတက်ရေး ကုမ္ပဏီအိမ်ရာမြေများ အရစ်ကျ ရောင်းမည်

0
448

မြိတ်အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီမှ အိမ်ရာမြေများကို အရစ်ကျ ရောင်းချ မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ တာဝန် ရှိသူ ဦးအောင်မျိုးလတ်ထံမှ သိရသည်။

ရွှေဒူးကျေးရွာရှိ အနာဂတ်စိန်ပွင့် အိမ်ရာမြေစီမံကိန်းနှင့် ကလွင်ကျေးရွာ ရှိ ငွေပုလဲရပ်ကွက် အနာဂတ်ကြယ်စင် အိမ်ရာမြေ စီမံကိန်းအတွင်း စုစုပေါင်း မြေဧက ၁၆၀ ကို အိမ်ရာနှင့် မြေကွက် များကို အရစ်ကျစနစ်ဖြင့် ရောင်းချပေး မည်ဖြစ်ကြောင်း ဦးအောင်မျိုးလတ် က ပြောသည်။
မြေကွက်တစ်ကွက် ( ပေ ၃၀ – ပေ ၅၀) တစ်ကွက်ကို နေရာအပေါ် မူတည်ပြီး ကျပ်သိန်း ၃၀ မှ ၉၀ အထိ ဈေးနှုန်း သတ်မှတ်ထားပြီး အိမ်ပါသည့် မြေတစ်ကွက် (ပေ ၃၀ – ပေ ၆၀) ဈေးနှုန်းမှာ ကျပ်သိန်း၂၅၀ သတ်မှတ် ထားကြောင်း သိရသည်။

” ရှယ်ယာရှင်တွေနဲ့ ကုမ္ပဏီက ဝန်ထမ်းတွေကို အရင်ရောင်းချပေးမှာပါ၊ ဒီဇင်ဘာလ ၁၆ ရက်နဲ့ ၃၁ ရက်နေ့ မှာတော့ ပြင်ပလူတွေကို ရောင်းချ ပေးသွားမှာပါ” ဟု ဦးအောင်မျိုးလတ်က ပြောသည်။
ကျပ်သိန်း ၃၀ တန် မြေကွက်ကို ဝယ်ယူပါက ကျပ် ၁ သိန်း ကနဦး ပေးသွင်းရမည်ဖြစ်ပြီး လစဉ် ကျပ် ၄၀၀၀၀ ဝန်းကျင် ပေးသွင်းရမည်ဖြစ်ကာ ကျပ် ၇၅ သိန်းတန်အတွက်မူ ကနဦး ပေးသွင်းငွေ ကျပ် ၃ သိန်း သတ်မှတ်ပြီး လစဉ် ပေးသွင်းရမည့်ငွေကျပ် ၁၂၀၀၀၀ ဝန်းကျင် သတ်မှတ်ထားကြောင်း သိရ သည်။

ကျပ်သိန်း ၉၀တန် မြေကွက် အတွက်မူ ကနဦး ပေးသွင်းရမည့်ငွေ ကျပ် ၆သိန်းဖြစ်ပြီးလစဉ် ကျပ် ၂၃၅၀၀၀ ပေးသွင်းရ မည်ဖြစ်ကာ အိမ်ရာ ဝယ်ယူ ပါက ကျပ်သိန်း ၃၀ ကနဦး ပေးသွင်းရ မည်ဖြစ်ကာ လစဉ် ကျပ် ၇ သိန်း ပေးသွင်းရမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ မှ သိရသည်။
ဝယ်ယူသူများသည် ငွေအကျေ ပေးချေပြီးမှသာ မြေကွက်နှင့် အိမ်ရာ များကို ရမည်ဟု သိရသည်။