မြိတ်ဟိုတယ်များတွင် ခရီးသည် လာရောက်မှု ရှစ်ဆယ်ရာခိုင်နှုန်း လျှော့ကျ

ကိုဗစ်ကာလအတွင်း သုံးလနီးပါး ပိတ်ထားကြသည့် မြိတ်မြို့ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများအား ဇွန်လပထမအပတ်က ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သော်လည်း ခရီးသည် လာရောက်မှု ၂၀ ရာခိုင်နှုန်းခန့်သာ ရှိတော့သည်။ ယခင်ကပုံမှန်လာရောက်နေသည့် ခရီးသည်ဦးရေတစ်ရာလျှင် ၂၀ ဦးခန့် အထိကျဆင်းသွားကြောင်း မြိတ်မြို့ရှိ...

မြိတ်ဒူးရင်းစေ့ ဈေးကွက် ထက်ဝက်ထိုးကျ

လွန်ခဲ့သည့် သုံးနှစ်ခန့်မှစ၍ထိုင်း နိုင်ငံသို့ တင်ပို့ရောင်းချနေသည့်မြိတ်ဒေသထွက်ဒူးရင်းစေ့များယခုနှစ်တွင် ဈေးနှုန်းထက်ဝက်ထိုးကျခဲ့ရကြောင်း ဒူးရင်းစေ့ရောင်းဝယ်သူများထံမှ သိရသည်။ ယမန်နှစ်ကဒူးရင်းစေ့တစ်ပိဿာလျှင် သုံးထောင်ကျပ်ခန့်ဝယ်ဈေးပေါက် ခဲ့သည်။ “အရင်နှစ်တွေကထက်တော့ ဈေးထက်ဝက်ကျော်လောက်ကို ကျသွားတာပေါ့” ဟု မြိတ်မြို့၊ ဇေယျာသီရိ...

လွှတ်တော်ကိုယ်စားလှယ် သက်တမ်းပြည့်က ပိုင်ဆိုင်မှုစာရင်းတင်ပြမည်ဟု ဦးဇော်ဟိန်းပြော

လွှတ်တော်ကိုယ်စားလှယ် ငါးနှစ် သက်တမ်းပြည့်သည့်အချိန်တွင် ပိုင်ဆိုင်မှုစာရင်းများကို အင်န်အယ်ဒီပါတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင် ကျွန်းစုမြို့နယ် မဲဆန္ဒနယ်အမှတ် ၇ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောကြားသည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကိုယ်စားလှယ်မဖြစ်ခင်အချိန်တွင် ပိုင်ဆိုင်မှုစာရင်းများကို ပါတီသို့ တင်ပြထားရပြီး...

မြိတ်က ပုစွန်ကန် သိမ်းဆည်းမြေကိစ္စကို တိုင်းလွှတ်တော် မြေယာစောင့်ကြည့်ရေးအဖွဲ့ စစ်မည်

မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာအုပ်စု လော့လော့ကျေးရွာရှိ ပုစွန်ကန်ဆောင်ရွက်ရန်အတွက် သိမ်းဆည်းထားသော မြေယာကိစ္စကို တိုင်းလွှတ်တော် မြေယာအငြင်းပွားမှုစောင့်ကြည့်ရေးအဖွဲ့က စတင်စစ်ဆေးမည်ဖြစ်ကြောင်း ယင်းအဖွဲ့ဥက္ကဋ္ဌ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတိုးလွင်က ပြောသည်။ တိုင်းလွှတ်တော်ထံ တိုင်ကြားထားသည့် မြေယာအငြင်းပွားမှုကိစ္စများအနက် ယင်းအဖွဲ့က ဦးစားပေး ကိုင်တွယ်စိစစ်မည့်...

ထီဆိုင်များ အပြိုင်အဆိုင်

မြိတ်မြို့ရှိ အောင်ဘာလေထီ အရောင်းဆိုင်ကြီးအချို့တို့တွင် ဇွန်လမှစပြီး ရွှေဆွဲပြားများနှင့် မော်တော်ဆိုင်ကယ်တို့အားကံထူးနိုင်မည့် ကံစမ်းမဲစနစ်တို့ဖြင့် အပြိုင်အဆိုင်ရောင်းချနေကြကြောင်း ယင်းထီအရောင်းဆိုင်အသိုင်းအဝိုင်းထံမှ သိရသည်။ မြို့မအားကစားကွင်းအရှေ့နှင့် ကံခေါင်းမီးပွိုင့်အနီး ကရာနီလမ်းဆုံတို့ရှိ သိကြားမင်းထီဆိုင်ကြီးတို့တွင် ထီငါးစောင်ထိုးပါက၂၀၂၀ခုနှစ်ထုတ် မော်တော်ဆိုင်ကယ်နှစ်စီးနှင့် ရွှေဆွဲပြား၂၀ကံထူးနိုင်မည့် ကံစမ်းမဲလက်မှတ်တစ်စောင်ရရှိမည်ဖြစ်ကြောင်း ယင်းထီဆိုင်မှသိရ...

ဒီပင်္ကရာဘုရားရုပ်ပွားတော် ဖျက်ဆီးသူအား အရေးယူမည်

မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု ပေါ်တော်မူစေတီတော်တွင်ပူဇော်ထားသည့် ဒီပင်္ကရာဘုရားရုပ်ပွားတော်ဖျက်ဆီးသူအား ဥပဒေအရအရေးယူသွားမည်ဖြစ်ကြောင်း ပေါ်တော်မူစေတီတော်ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအေးစိုးက ပြောကြားသည်။ အသက်နှစ်ဆယ်ကျော်ရှိအမျိုးသားတစ်ဦးမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကဒီပင်္ကရာဘုရားရုပ်ပွားတော်အား ပလ္လင်ပေါ်မှတွန်းချခဲ့သည့်အတွက် ဘုရား၏ဦးခေါင်းတော်ပြုတ်ထွက်ပြီး သင်္ကန်းနှင့် ဘယ်ဘက်လက်‌တော်ကျိုးပဲ့သွားကြောင်း ဂေါပကအဖွဲ့ဥက္ကဋ္ဌဦးအေးစိုးက ပြောပြသည်။

မြိတ်သို့ကုန်းလမ်းမှ တိုင်းကျော်ခရီးသည်ဝင်ရောက်မှု လေးပုံတစ်ပုံသာကျန်

ရန်ကုန်-မြိတ်အဝေးပြေး ယာဉ်လိုင်းများကို ဇွန်လ ၅ ရက်နေ့ကစဖွင့်ပြီးနောက် မြိတ်ခရိုင်အတွင်းသို့ ကုန်းလမ်းမှ တိုင်းကျော်ခရီးသည်ဝင်ရောက်မှု လေးပုံတစ်ပုံသာရှိတော့ကြောင်း မြိတ်အဝေးပြေးကားဝင်းတာဝန်ခံနှင့် မြိတ်ခရိုင်ပုဂ္ဂလိကယာဉ်လိုင်းများ ထိန်းသိမ်း ရေးကော်မတီထံမှ သိရသည်။ ကိုဗစ်ကပ်ဘေးမဖြစ်ခင်က အနယ်နယ်အရပ်ရပ်မှ မြိတ်သို့ တစ်နေ့လျှင် ခရီးသည်ငါးရာနီးပါးခန့်နေ့စဉ်...

ပန်းပဲလုပ်ငန်း၏ အနာဂတ်

နှစ်ပေါင်းရာထောင်ချီတည်တံ့လာခဲ့သည့် မြန်မာ့ပန်းဆယ်မျိုးအနက် လက်မှုပညာတစ်ရပ်ဖြစ်သည့် ပန်းပဲလုပ်ငန်းသည် ယခုအချိန်မှာတော့ လူငယ်ထုအကြား စိတ်ဝင်စားမှုနည်းလာနေပြီ ဖြစ်သည်။ နည်းပညာအိုင်တီခေတ်သို့ ကူးပြောင်းလာပြီးနောက် အားခွန်ဖြင့် ပင်ပင်ပန်းပန်းလုပ်ရသည့် ယင်းလုပ်ငန်းကို ခေတ်လူငယ်များအနေဖြင့် စိတ်ဝင်စားမှုမရှိကြတော့။ လူငယ်များအနေဖြင့်...
video

Dawei Watch TV/ လာမည့်ရွေးကောက်ပွဲ နှင့် တနင်္သာရီ ဝန်ကြီးချုပ်

လာမည့် ရွေးကောက်ပွဲတွင် တနင်္သာရီ ဝန်ကြီးချုပ် ဦးမြင့်မောင် ရွေးကောက်ပွဲ ဝင်မည်လော၊ လက်ရှိ တာဝန်ထမ်းဆောင်နေစဉ် အားရမှု၊ အားမရမှု စသည်တို့ နှင့် ပတ်သက်ကာ Dawei Watch/တနင်္သာရီ အပတ်စဉ်က တွေ့ဆုံမေးမြန်းထားပါသည်။

ရေထဲပြုတ်ကျသည့် ကျောင်းသားအလောင်း သုံးရက်ကြာမှ ပြန်တွေ့

ရေထဲပြုတ်ကျခဲ့သည့် ရူပဗေဒဒုတိယနှစ်ကျောင်းသား၏ ရုပ်အလောင်းအား သုံးရက်အကြာ ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ကောင်းကောင်းကဏန်း မွေးမြူရေးကန်အနီးတွင် ပြန်လည်တွေ့ ရှိခဲ့ကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။ မြိတ်မြို့နောက်လယ်ရပ် အမှတ် ၁ ဆိပ်ခံဘောတံတားတွင် ဇွန်လ...