သုံးထပ်ကွမ်း ကျွန်းစုလွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီ ကွယ်လွန်

မြိတ်ခရိုင် ကျွန်းစုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီ သည် သြဂုတ်လ ၇ ရက်နေ့ တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။ အသက် ၇၄ နှစ်ရှိပြီဖြစ်သည့် ဒေါ်တင်တင်ရီသည် နှလုံးသွေးကြောပိတ် ရောဂါဖြင့် ရန်ကုန်နေအိမ်တွင်...

မြိတ်တွင် တစ်ရက်တည်း ကိုဗစ် လူနာနှင့် သံသယရှိသူ စုစုပေါင်း ၉ ဦးသေဆုံး

မြိတ်မြိုတွင် ဇူလိုင်လ ၃၀ ရက်နေ့ တစ်ရက်တည်းတွင် ကိုဗစ်လူနာနှင့် သံသယရှိလူနာ ၉ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ သေဆုံးသူများမှာ ကိုဗစ်လူနာကုသရေးစင်တာများမှမှ သံဃာ‌တော်တစ်ပါး၊ အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး၊ ရပ်ကွက်အတွင်းရှိ နေအိမ်တို့တွင် သေဆုံးသူ...

တနင်္သာရီတိုင်းတွင် ကိုဗစ်ကြောင့် တစ်ပတ်အတွင်း လူလေးဆယ်ကျော် သေဆုံး

တနင်္သာရီတိုင်းတွင် တစ်ပတ်အတွင်း ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ လေးဆယ်ကျော်ရှိ‌ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ တိုင်းအတွင်း ကိုဗစ်ကပ်ရောဂါ ကူးစက်မှု မြင့်တက်လာနေပြီး သေဆုံးသူ လည်း နေ့စဉ်ရှိနေကြောင်း အထက်ပါဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြိတ်တွင် ပိုင်ရှင်မဲ့အလောင်း နှစ်လောင်းတွေ့

မြိတ်မြို့တွင် ပိုင်ရှင်မဲ့အလောင်းနှစ်လောင်းအား နှစ်ရက်ဆက်တိုက် တွေ့ရှိခဲ့ရကြောင်း သိရသည်။ ကုန်ဖေါက်ရပ်ကွက်ရှိ အဝေးပြေးကားကွင်းတွင် ဇူလိုင်လ ၂၇ ရက်နေ့က အမျိုးသားတစ်ဦးနှင့် ဇူလိုင်လ ၂၈ ရက်နေ့က ကမ်းနားလမ်းရှိ ပြည်တော်သာတံတားအနီးတွင် အမျိုးသားတစ်ဦးတို့ သေဆုံးနေခြင်းဖြစ်သည်။
Dawei Watch, Dawei News, Dawei News Media

ငါးသယ်လှေသား တစ်ထောင်ခန့်ကို ကိုဗစ်ကာကွယ် ဆေးထိုး

မြိတ်ခရိုင်အတွင်းမှ ထိုင်းနိုင်ငံသို့ သွားရောက်ရောင်းချနေသည့် ငါးသယ်လှေ ရေလုပ်သားတစ်ထောင်ခန့်ကို ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် ထံမှသိရသည်။ ထိုင်းနိုင်ငံသို့ သွားရောက်ရောင်းချနေသည့် ငါးသယ်လှေ(ငါးကဲ့လှေ) မြိတ်ခရိုင်အတွင်း အစီးတစ်ရာနီးပါးရှိပြီး ငါးဖမ်းရာသီမစမီ ဇူလိုင်လ ၁၅ ရက်မတိုင်မီကတည်းက ကိုဗစ်ကာကွယ်ဆေး...

တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်ရောက်ရှိလုနီး

မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် ဇူလိုင်လ ၂၇ ရက်နေ့ မနက်ပိုင်းအချိန်တွင် စိုးရိမ်ရေအမှတ်ရောက်ရှိရန် သုံးလက်မခန့်သာလိုတော့ကြောင်း သိရသည်။ မြိတ်ခရိုင် တနင်္သာရီမြို့နယ်၏ မြစ်ရေအား စိုးရိမ်ရေအမှတ်အဖြစ် ၁၇ ပေနှင့် အန္တရာယ်ရေအမှတ်မှာ ၂၄ ပေ သတ်မှတ်ထားကြောင်း...

တနင်္သာရီမြို့နယ်တွင် ကြက်ဥတစ်လုံး ငါးဆယ်ကျပ်ဖြင့် ရောင်းမည်

မြိတ်ခရိုင် တနင်္သာရီမြို့နယ် အောက်ကင်းကျေးရွာ၌ ကြက်ဥတစ်လုံးလျှင် ငါးဆယ်ကျပ်နှုန်းဖြင့် ဇူလိုင်လ ၂၅ ရက်နေ့တွင် ရောင်းချပေးမည်ဖြစ်ကြောင်း ဆန်းသစ်လွင် ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်ရှင် ဦးစိုးလွင်အောင်ထံမှ သိရသည်။ ကနဦးအနေဖြင့် အိမ်ထောင်စု ငါးဆယ်အတွက် ကြက်ဥအလုံးရေ ငါးရာအား ရောင်းချပေးမည်ဖြစ်ပြီး...
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ဂယက်ကြောင့် မြိတ်-ကျွန်းစု အမြန်ရေယာဉ် ယာယီရပ်နား

ကိုဗစ်နိုင်တီးကူးစက်ရောဂါပိုး မြင့်မား‌နေသည့်အတွက် ဇူလိုင်လ ၂၁ ရက်နေ့မှစပြီး မြိတ်-ကျွန်းစု အမြန်ရေယာဉ် ယာယီရပ်နားလိုက်ပြီဖြစ်သည်။ အမြန်ရေယာဉ်တို့အား ဇူလိုင်လ ၂၅ ရက်နေ့အထိယာယီရပ်နားခြင်းဖြစ်ပြီး ယင်းနောက်ပိုင်းတွင် ကိုဗစ်နိုင်တီးရောဂါကာကွယ်ရေးနှင့်အညီလူဦးရေအကန့်အသတ်ဖြင့် ပြန်လည်ပြေးဆွဲဖြစ်ကြောင်း အမြန်ရေယာဉ်အသိုင်းအဝိုင်းထံမှ သိရသည်။

မောတောင်နယ်စပ်တွင် နှာခေါင်းစည်း တစ်သိန်းကျော်ကို ထိုင်းဘက်မှ ဖမ်းဆီး

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဖြစ်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်တစ်ဖက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်မြို့ စင်ခွန်းနယ်စပ်ဂိတ်တွင် ဇူလိုင်လ ၂၂ ရက်နေ့က နှာခေါင်းစည်းများ ဖမ်းမိခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံ စင်ခွန်းနယ်စပ်ဂိတ်တွင် သစ်သီးများသယ်ဆောင်လာသည့် တိုရိုတာဟိုင်းလတ် အမျိုးအစား...
Dawei Watch, Dawei News, Dawei News Media

မြိတ်တွင် ကိုဗစ်အကြောင်းပြု ဂွေးတောက်ရွက်နှင့် ပင်စိမ်းရွက် ဈေးမြှင့်တက်

မြိတ်မြို့တွင် ကိုဗစ်ကူးစက်ရောဂါပိုး အကြောင်းပြုပြီး ဇူလိုင်လ ၁၈ ရက်နေ့မှစပြီး ဂွေးတောက်ရွက်နှင့် ပင်စိမ်းရွက်တို့ဈေးနှုန်းမြှင့်တက်နေကြောင်း သိရသည်။ ကိုဗစ်လူနာတို့ အရေးပေါ်အောက်ဆီဂျင်လိုအပ်လာပါက ရေ‌နွေးပူထည့်ထားသည့် ဖန်ခွက်အတွင်း ဂွေးတောက်ရွက်တစ်ချို့ ထည့်စိမ်ပြီး အငွေ့အား ရှုရှိုက်စေခြင်းဖြင့် အောက်ဆီဂျင်ရရှိစေမည်ဖြစ်ကြောင်း ရေးသားထားသည့်...