သုံးထပ်ကွမ်း ကျွန်းစုလွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီ ကွယ်လွန်

0
145

မြိတ်ခရိုင် ကျွန်းစုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီ သည် သြဂုတ်လ ၇ ရက်နေ့ တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။

အသက် ၇၄ နှစ်ရှိပြီဖြစ်သည့် ဒေါ်တင်တင်ရီသည် နှလုံးသွေးကြောပိတ် ရောဂါဖြင့် ရန်ကုန်နေအိမ်တွင် ကွယ်လွန်သွားကြောင်း သူမ၏ လုပ်ဖော်ကိုင်ဖက် အသိုင်းအဝိုင်းမှ သိရသည်။

ဒေါ်တင်တင်ရီသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ကျွန်းစုမြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။

ထိုနောက် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင်လည်း ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့သည်။

ဒေါ်တင်တင်ရီသည် တရားလွှတ်တော် ရှေ့နေတစ်ဦး ဖြစ်ပြီး NLD ပါတီ စတင်တည်ထောင်သည့် အချိန်ကတည်းက ပါတီဝင်ခဲ့ပြီး ဥပဒေပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ထိုနောက် နဝတအစိုးရ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ပုဒ်မ ၅ (ည) ဖြင့် လည်းကောင်း၊မတရားအသင်းအက်ဥပဒေ ပုဒ်မဖြင့်လည်းကောင်း တရားစွဲဆိုခံရပြီး စုစုပေါင်းထောင်ဒဏ် ၁၃ နှစ် ကျခံခဲ့ရသူလည်းဖြစ်သည်။