မြိတ်တွင် တစ်ရက်တည်း ကိုဗစ် လူနာနှင့် သံသယရှိသူ စုစုပေါင်း ၉ ဦးသေဆုံး

0
169

မြိတ်မြိုတွင် ဇူလိုင်လ ၃၀ ရက်နေ့ တစ်ရက်တည်းတွင် ကိုဗစ်လူနာနှင့် သံသယရှိလူနာ ၉ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

သေဆုံးသူများမှာ ကိုဗစ်လူနာကုသရေးစင်တာများမှ
မှ သံဃာ‌တော်တစ်ပါး၊ အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး၊ ရပ်ကွက်အတွင်းရှိ နေအိမ်တို့တွင် သေဆုံးသူ လေးဦး စုစုပေါင်း ကိုးဦးရှိကြောင်း မြိတ်ကိုဗစ်နိုင်တီး ထိစပ်လူနာသယ်ယူပို့ဆောင်ရေးအဖွဲ့ မှ သိရသည်။

နေအိမ်အတွင်း သေဆုံးလူနာများအနက် အောက်ဆီဂျင်ပြတ်လပ်သဖြင့် အမောဖေါက်ပြီး သေဆုံးသူများရှိသဖြင့် ကိုဗစ်သံသယရှိသူတို့အဖြစ် ယူဆနိုင်ကြောင်း သေဆုံးသူများအား မီးသင်္ဂြိုဟ်ပေးခဲ့သည့် ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

သေဆုံးသူအများစုသည် ရောဂါအခံရှိကြသည့် အသက်ကြီးပိုင်းလူနာများဖြစ်ကြပြီး မီးသင်္ဂြိုလ်ခြင်းကို မြိတ် Covid-19 ထိစပ်လူနာသယ်ယူပို့ဆောင်ရေးအဖွဲ့ နှင့် ချစ်ကြည်ရေးအသင်းတို့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြိတ်တွင် ကိုဗစ်ပိုးတွေ့ရှိသူ တစ်နေ့ထက်တစ်နေ့ ပိုများလာပြီး ဇူလိုင်လ ၂၇ ရက်နေ့က ပိုးတွေ့သူ ၃၃ ဦး၊ ဇူလိုင်လ ၂၈ ရက်တွင် ၄၂ ဦးနှင့် ဇူလိုင်လ ၂၉ ရက်နေ့တွင် ၅၃ ဦးရှိကြောင်း တိုင်းကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။