တနင်္သာရီမြို့နယ်တွင် ကြက်ဥတစ်လုံး ငါးဆယ်ကျပ်ဖြင့် ရောင်းမည်

0
185

မြိတ်ခရိုင် တနင်္သာရီမြို့နယ် အောက်ကင်းကျေးရွာ၌ ကြက်ဥတစ်လုံးလျှင် ငါးဆယ်ကျပ်နှုန်းဖြင့် ဇူလိုင်လ ၂၅ ရက်နေ့တွင် ရောင်းချပေးမည်ဖြစ်ကြောင်း ဆန်းသစ်လွင် ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်ရှင် ဦးစိုးလွင်အောင်ထံမှ သိရသည်။

ကနဦးအနေဖြင့် အိမ်ထောင်စု ငါးဆယ်အတွက် ကြက်ဥအလုံးရေ ငါးရာအား ရောင်းချပေးမည်ဖြစ်ပြီး အလျင်းသင့်ပါက တတ်နိုင်သလောက် ရောင်းချပေးရန်စီစဉ်ထားကြောင်း ဦးစိုးလွင်အောင်က ‌ပြောသည်။

ဒေသအတွက် အကျိုးဖြစ်စေရန် ရည်ရွယ်ပြီး ရောင်းချပေးခြင်းဖြစ်ကြောင်း ဆန်းသစ်လွင်ဆိုင်ရှင် ဦးစိုးလွင်အောင်က ပြောပြသည်။

အဆိုပါ ကြက်ဥများကို ပြင်ပမှဝယ်ယူပြီး အလှူအတန်းလုပ်သည့် အနေဖြင့် အရှုံးခံရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

တနင်္သာရီမြို့နယ် အောက်ကင်းရွာ အရှေ့ဒူးရင်းတောရှိ ဆန်းသစ်လွင် ဆိုင်ခွဲ အမှတ် ၅ တွင် ယင်းဈေးနှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆယ်လုံးစီ ရောင်းချပေးမည်ဖြစ်သည်။