ချောင်းဆုံ-မော်လမြိုင် လိုင်းကား အစီး ၁၃၀ ကျော် ပြေးဆွဲမည်

မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ချောင်းဆုံ(ဘီလူးကျွန်း) ကို ဆက်သွယ်ထားသည့် သံလွင်တံတား(ချောင်းဆုံ) ဖွင့်ပြီးပါက ချောင်းဆုံနှင့် မော်လမြိုင်သို့ လိုင်းကားအစီး ၁၃၀ ကျော် ပြေးဆွဲရန် စီစဉ်ဆောင်ရွက်နေသည်ဟု ချောင်းဆုံမြို့နယ် ယာဉ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီ (ယထက) မှ သိရသည်။ လက်ရှိတွင် အဆိုပါ ယာဉ်များ တိုးချဲ့ယာဉ်လိုင်စင်ရရှိရန်အတွက် ပြည်နယ်လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး...

ပိတ်ထားသည့် စက်ရုံများ စစ်ဆေးပြီး ပြန်ဖွင့်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယာယီပိတ်ထားရသည့် မွန်ပြည်နယ်အတွင်းရှိ စက်ရုံ အလုပ်များကိုစစ်ဆေးပြီး ပြန်လည်ဖွင့်ခွင့်ပေးနေသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ ပြည်နယ်အတွင်း၌ စက်ရုံ အလုပ်ရုံ စုစုပေါင်း ၂၇၂၇ ရုံ ရှိပြီး ယင်းစက်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်...

လုပ်ငန်းလိုင်စင်မရှိသည့် စက်ယန္တရားကြီးများကို အရေးယူမည်

မွန်ပြည်နယ်အတွင်းက လုပ်ငန်းခွင်များတွင် လုပ်ငန်းလိုင်စင်မရှိဘဲ အသုံးပြုနေသည့် စက်ယန္တရားကြီးများကို အရေးယူမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက် သွယ်ရေးဝန်ကြီးက ပြောသည်။ လုပ်ငန်းလိုင်စင်မရှိဘဲ အသုံးပြုနေသည့် စက်ယန္တရားကြီးများနှင့် ပတ်သက် ပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို ကျင်းပလျက်ရှိသည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ၁၅ ကြိမ်မြောက်အစည်း...

မွန်မဲဆန္ဒရှင်စာရင်း ဇွန်လ ၈ ရက်နေ့ကြေညာမည်

မွန်ပြည်နယ်၏ အခြေခံမဲဆန္ဒရှင် စာရင်းကိုဇွန်လ ၈ ရက်နေ့တွင် စတင် ကြေညာမည်ဖြစ်ကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ မွန်ပြည်နယ်တွင် မဲဆန္ဒရှင်များစာရင်း ကို မတ်လ ၁၁ ရက်နေ့ကစတင်ပြုစုခဲ့ပြီး မေလ ၁၅ ရက်နေ့တွင်ရာနှုန်းပြည့် ပြီးစီး ပြီဖြစ်၍လိုအပ်သည့်စိစစ်မှုများ ဆောင်ရွက် နေကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲ...

မွန်အမျိုးသားကောလိပ်ကို မွန်ပြည်သစ်ပါတီ ယခုနှစ်စဖွင့်မည်

မွန်ပြည်သစ်ပါတီ လက်အောက်ရှိ မွန်အမျိုးသားပညာရေးဌာနတွင် မွန်အမျိုးသားကောလိပ်ကို ယခုနှစ် စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း မွန်အမျိုးသားပညာရေးကော်မတီ (MNEC) ထံမှ သိရသည်။ မွန်အမျိုးသားကောလိပ်ကို ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသ မွန်အမျိုးသားပညာရေး ဗဟိုဌာန ညီစားစခန်းတွင် ဇွန်လအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း...

ဘီးလင်းတွင် လူနာပို့သည့်လူမှုကယ်ဆယ်ရေးကားပစ်ခတ်ခံရပြီး လူနာအမျိုးသမီးဒဏ်ရာရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဝင်းပြန်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် လူနာပို့သည့် လူမှုကယ်ဆယ်ရေးကားတစ်စီး ပစ်ခတ်ခံရပြီး လူနာအမျိုးသမီးကျည်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံတို့ကပြောသည်။ ပစ်ခတ်ခံရသည့် ကားသည် ကျိုက်ထိုမြို့က တောင်တန်းမေတ္တာလူမှုကူညီရေးအသင်းကားဖြစ်ပြီး ဩဂုတ်လ ၂၉ ရက် မွန်းလွဲပိုင်းက ကျိုက်ထိုမှ မော်လမြိုင်သို့...

မွန်ဝန်ကြီးချုပ်ကို ဝေဖန်ခဲ့သူအား အလုပ်နှင့်ထောင်ဒဏ်တစ်နှစ် ချမှတ်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက် တာအေးဇံအား လူမှုကွန်ရက်စာမျက်နှာ (Facebook)ပေါ်တွင် ဝေဖန်ခဲ့သူ ဦးအောင်ကိုကိုလွင်အား သထုံမြို့နယ် တရားရုံးက အလုပ်နှင့်ထောင်ဒဏ် တစ် နှစ် ချမှတ်လိုက်သည်။ ဇန်ဝါရီလ ၃ ရက်က ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် သထုံမြို့သူမြို့သား များ တွေ့ဆုံပွဲနှင့် ပတ်သက်ပြီး ဝေဖန်ခဲ့ သည့်အတွက်...

ရေးတွင် မီတာခ နှစ်ရာကျပ်ထပ်တက်ပြီး တစ်ယူနစ် နှစ်ထောင်ကျပ်ဖြစ်လာ

မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့နယ်အတွင်း ဒီဇင်ဘာလမှစပြီး လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၂၀၀ ဈေးထပ်တက်မည်ဖြစ်ပြီး မီတာခ တစ်ယူနစ် ၂၀၀၀ ကျပ်အထိ ဖြစ်လာကြောင်း ဒေသခံတို့ထံမှ သိရသည်။ စက်သုံးဆီ ဈေးမြင့်တက်လာခြင်းနှင့် ဆီဝယ်ယူရန်ခက်ခဲလာခြင်းကြောင့် ဒီဇင်ဘာလအတွက်...
Dawei Watch, Dawei News, Dawei News Media

မွန်တွင် ကိုဗစ်လူနာ ဆက်တိုက်တွေ့

မွန်ပြည်နယ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ဆက်တိုက် တွေ့ရှိလာသည်ဟု ကျန်းမာရေးဌာနနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတို့ထံမှ သိရသည်။ မေလ ၃၀ ရက်နေ့က သံဖြူဇရပ်မြို့ပေါ်ရပ်ကွက်မှ အမျိုးသား ၂ ဦးတွင် ကိုဗစ်ပိုး စတင်တွေ့ရှိခြင်းဖြစ်သည်။

ပေါင်မြို့မရဲစခန်း တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ပေါင်မြို့  မြို့မရဲစခန်း တိုက်ခိုက်ခံရကြောင်း မြို့ခံအချို့တို့၏ ပြောပြချက်အရ သိရသည်။ ပေါင်မြို့ ရဲစခန်းကို စက်တင်ဘာ ၃ ရက်နေ့ ညနေ ၆ နာရီ‌အချိန်ခန့်က  အမည်မသိလက်နက်ကိုင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။