လုပ်ငန်းလိုင်စင်မရှိသည့် စက်ယန္တရားကြီးများကို အရေးယူမည်

0
521

မွန်ပြည်နယ်အတွင်းက လုပ်ငန်းခွင်များတွင် လုပ်ငန်းလိုင်စင်မရှိဘဲ အသုံးပြုနေသည့် စက်ယန္တရားကြီးများကို အရေးယူမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက် သွယ်ရေးဝန်ကြီးက ပြောသည်။

လုပ်ငန်းလိုင်စင်မရှိဘဲ အသုံးပြုနေသည့် စက်ယန္တရားကြီးများနှင့် ပတ်သက် ပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို ကျင်းပလျက်ရှိသည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ၁၅ ကြိမ်မြောက်အစည်း အဝေးတွင် ပေါင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၏ မေးမြန်းမှုအပေါ် ဝန်ကြီးက ထိုကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ငန်းခွင်များတွင် အသုံးပြုနေသည့် စက်ယန္တရား ကြီးများကို စိစစ်ပြီး အကောက်ခွန်ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု အထက်ပါဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

ပြည်နယ်အတွင်းရှိ လုပ်ငန်းခွင်များတွင် လုပ်ငန်းလိုင်စင်မရှိဘဲ အသုံးပြုနေသည့် စက်ယန္တရားကြီး အများအပြား ရှိနေပြီး အဓိက မြေတူးလုပ်ငန်းနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် အများအပြား အသုံးပြုနေသည်ကို တွေ့ရှိရသည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ပြောသည်။

အဆိုပါ လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ကိုင်နေသည့် စက်ယန္တရားကြီးများကြောင့် နိုင်ငံတော်ကို အခွန်ဆောင်ထား ရသည့် လုပ်ငန်းများအတွက်လည်း နစ်နာမှုရှိနေသည်ဟု ပေါင်လွှတ်တော် ကိုယ်စားလှယ်က ဆက်ပြောသည်။

Dawei Watch