မွန်မဲဆန္ဒရှင်စာရင်း ဇွန်လ ၈ ရက်နေ့ကြေညာမည်

0
674

မွန်ပြည်နယ်၏ အခြေခံမဲဆန္ဒရှင် စာရင်းကိုဇွန်လ ၈ ရက်နေ့တွင် စတင် ကြေညာမည်ဖြစ်ကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။


မွန်ပြည်နယ်တွင် မဲဆန္ဒရှင်များစာရင်း ကို မတ်လ ၁၁ ရက်နေ့ကစတင်ပြုစုခဲ့ပြီး မေလ ၁၅ ရက်နေ့တွင်ရာနှုန်းပြည့် ပြီးစီး ပြီဖြစ်၍လိုအပ်သည့်စိစစ်မှုများ ဆောင်ရွက် နေကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဒုတိယ ညွှန်ကြားရေးမှူးမှ ဦးဟိဏ်းလင်းထက်က ပြောသည်။
” မဲဆန္ဒရှင်စာရင်း ၁၄ ရက်ကပ်မယ်  ”  ဟု ၎င်းကပြောသည်။
မွန်ပြည်နယ်မြို့နယ် ၁၀ မြို့နယ်၏ ခန့်မှန်း အခြေခံမဲဆန္ဒရှင်များစာရင်းသည် ၁၂ သိန်း ၂ သောင်းကျော်ရှိသည်ဟု ခန့်မှန်း ထားသော်လည်း မဲဆန္ဒရှင် စာရင်းပြုစု ပြီးချိန်တွင် ၁၄ သိန်း ၂ သောင်းကျော်အထိရှိ သည်ဟု သိရသည်။
မဲဆန္ဒရှင်များစာရင်းကိုရပ်။ကျေး ကော်မရှင်များမှတဆင့် အများပြည်သူသိရှိစေရန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
” မဲစာရင်းကပ်တဲ့နေရာမှာရပ်ကွက်။ကျေးရွာ ကော်မရှင်ရုံးလောက်နဲ့တော့ လုံလောက်မှုမရှိပါဘူး။ ထင်သာမြင်သာရှိ  နိုင်တဲ့နေရာမျိုးတွေမှာထင်ထင်ရှားရှား ကပ် ထားနိုင်ဖို့ပြည်သူတွေများများစားစား စိတ်ဝင်စားအောင် လုပ်နိုင်ဖို့လိုတယ် ”  ဟု မော်လမြိုင်မြို့အရပ်ဘက်လူမှုအဖွဲ့အစည်း မှ ဦးခင်မောင်တင့်ကပြောသည်။
မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ရာတွင် မှားယွင်းမှုရှိပါက မပါသင့်သူများပါဝင်ခြင်း၊ မှားခြင်း၊ ပျယ်ဖျက်ခြင်းဆိုသည့်ပုံစံ ၃ မျိုး ဖြင့်မဲစာရင်းအသစ်လျှောက်ပြီး ပြင်ဆင် နိုင်သည်ဟု ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ပြောသည်။