ဥပဓိရုပ်မကောင်းသည့် ခရီးသည်ကားများ မပြေးဆွဲရန် သတိပေး

ရန်ကုန်နှင့် မော်လမြိုင်မြို့များသို့ ဥပဓိရုပ်မကောင်းသည့် ခရီးသည်တင်ကားများဖြင့် ပြေးဆွဲခြင်းမပြုရန် သတိပေးထား ကြောင်း တိုင်းဒေသကြီး လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ် ညှိနှိုင်းမှုဌာန (ပို/ဆက်)ထံမှ သိရသည်။ တိုင်းဒေသကြီး၏ ဂုဏ်သိက္ခာမကျစေရန်နှင့် ယာဉ်စည်းကမ်းနှင့် ညီညွတ်မှုရှိစေရန် ဥပဓိရုပ်မကောင်းသည့် (အမြင်မတင့် တယ်) ကားများဖြင့် တိုင်းဒေသကြီးကျော်လွန်ကာ ပြေးဆွဲခြင်းမပြုရန် မတ်လပထမပတ်က...

အဓမ္မပြု သတ်ဖြတ် ခံရသည့် ကျောင်းဆရာမ နှစ်ဦး အတွက် မေတ္တာပို့ ၀တ်ပြု ဆုတောင်းပွဲ မော်လမြိုင်တွင် ကျင်းပ

အဓမ္မပြုကျင့် သတ်ဖြတ်ခံရသည့် စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦးအား ရည်စူးသည့် မေတ္တာပို့ ၀တ်ပြုဆုတောင်းပွဲကို မွန်ပြည်နယ် မော်လမြိုင်မြို့ မရမ်းကုန်းရပ်ရှိ ကျိုက်သုတ်စေတီတော် ရင်ပြင်တွင် ဇန်န၀ါရီလ ၂၃ ရက်နေ့ ညနေ ၆ နာရီက ကျင်းပခဲ့သည်။ မွန်ပြည်နယ်လူငယ်ကွန်ရက်၊ မွန်အမျိုးသမီးကွန်ရက်၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် မွန်ပြည်နယ်ကျောင်းသားများသမဂ္ဂမှ...

ရေး အစင်ရွာ လက်ဖက်ရည်ဆိုင်တွင် ပစ်ခတ်ခံရမှုကြောင့် ရာအိမ်မှူးအပါအဝင်နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်စံပြကျေးရွာ လက်ဖက်ရည်ဆိုင်အတွင်း သေနတ်သမားနှစ်ဦးက ဝင်ရောက် ပစ်ခတ်မှုကြောင့် အမျိုးသားနှစ်ဦးသေဆုံးပြီး သုံးဦးကျည်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယနေ့ ဩဂုတ်လ ၉ ရက် နံနက် ၈ နာရီခွဲခန့်က အစင်စံပြကျေးရွာထိပ်ရှိ...

မွန်ရှိ ရော်ဘာစိုက်ဧက ၄ သောင်းကျော်အတွက် ချေးငွေတင်ပြ

မွန်ပြည်နယ်အတွင်းရှိ ရော်ဘာ စိုက်ဧက ၄ သောင်းကျော် ချေးငွေ ချေး ယူရန် စာရင်းတင်ပြထားသည်ဟု မွန် ပြည်နယ် လယ်ယာစိုက်ပျိုးရေးဦးစီးဌာ နထံမှ သိရသည်။ ရော်ဘာတစ်ဧက ကျပ် ၃၇၅၀၀၀ နှုန်းဖြင့် တွက်ချက်ထားပြီး ချေးငွေ ချေး ယူမည့် စိုက်ဧကနှင့် ငွေပမာဏစာရင်း ကို...

ကိုယ်စားလှယ်များ လွှတ်တော်အစည်းအဝေးမတက်သည့်ကိစ္စ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ သတိပေး

လွှတ်တော်အစည်းအဝေးမတက်ဘဲ ရက်ရှည်ခွင့်ယူသည့်ကိစ္စနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ဆင်ခြင်သင့်ကြောင်း မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက သတိပေးလိုက်သည်။ မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးသည် အမြဲတမ်း ကျင်းပနေသည့် အစည်းအဝေးမဟုတ်သည့်အတွက် ခွင့်ယူသည့်ကိစ္စနှင့် ပတ်သက်ပြီး ဆင်ခြင်သင့်သည်ဟု ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေး အနှစ်ချုပ်အစီအစဉ်တွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက...

ရာမညမွန်ပြည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ခြောက်လအတွင်း အပြီးရေးဆွဲမည်

ရာမညမွန်ပြည် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ခြောက်လအတွင်း အပြီး ရေးဆွဲသွားမည်ဟု မွန်အမျိုးသားညီလာခံက ဆုံးဖြတ်လိုက်ကြောင်း ညီလာခံကျင်းပရေးကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ပြောသည်။ မေလ ၂ ရက်မှ ၅ ရက်နေ့အထိ မွန်ပြည်သစ်ပါတီက ဦးဆောင်ကျင်းပခဲ့သည့် မွန်အမျိုးသားညီလာခံမှာ...

ကျိုက်မရော အကျဉ်းထောင်သစ် ဆောက်လုပ်မှု ၈၅ ရာခိုင်နှုန်းပြီးစီး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ရှိ ကျိုက်မရောအကျဉ်းထောင်သစ် တည် ဆောက်မှု ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီဟု မွန်ပြည်နယ် အကျဉ်းဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူးက ပြောသည်။ အဆိုပါ အကျဉ်းထောင်သစ်ကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စကာ ဘဏ္ဍာနှစ်အလိုက် ရရှိသည့် ဘတ်ဂျက် အပေါ် မူတည်ပြီး ဆောက်လုပ်ခဲ့သည်။ "၂၀၁၉-၂၀...

ကျိုက်ထိုတွင် ရေပြန်ကျ၊ ရေဘေးရှောင်များ အိမ်ပြန်

ရေပြန်ကျသွားပြီဖြစ်၍ မွန်ပြည် နယ်၌ ရေကြီးရေလျှံဖြစ်ပွားခဲ့သည့် ကျိုက်ထိုမြို့နယ်အတွင်းက ရေဘေးရှောင် များသည် ဇူလိုင်လ ၂၅ ရက် နေ့လယ် မှစပြီး အိမ်ပြန်ကြပြီဖြစ်ကြောင်း ရေဘေး အကူအညီပေးနေသူတို့နှင့် ဒေသခံတို့ ထံမှ သိရသည်။ မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုနှင့် တောင်ကျချောင်းရေများ ကြောင့်ကျိုက်ထိုမြို့ပေါ် တိုးချဲ့ရပ်ကွက် များဖြစ်သည့်ကော့စနိုင်ရပ်ကွက်၊...

မွန်ပြည်သစ်ပါတီက မူးယစ်ဆေးဝါး ပြဿနာကိုအရှိန်မြှင့် ကိုင်တွယ် သွားမည်

မွန်ပြည်သူလူထုများအကြား အထူး သဖြင့် လူငယ်များအကြား ကျယ်ပြန့်စွာ ပျံ့နှံ့နေသည့် မူးယစ်ဆေးဝါး ပြဿနာကို အရှိန်မြှင့် ကိုင်တွယ်သွားမည်ဟု မွန် ပြည်သစ်ပါတီက ထုတ်ပြန်လိုက်သည်။ လူငယ်များအကြား မူးယစ်ဆေးဝါး ကျယ်ပြန့်စွာ ပျံ့နှံ့နေသည်မှာ မွန် အမျိုးသားများအတွက်...

ရေးကားလမ်းပေါ် တိုက်ပွဲဖြစ် ကလေးငယ်တစ်ဦးအပါအဝင် ခရီးသွား ၄ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကလော့ကျေးရွာ၊ ရေး-ထားဝယ်ကားလမ်းမပေါ် ပေလေးဆယ်တံတားအနီးတွင် ယနေ့ (ဇွန် ၂၈)နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားပြီး တစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ခရီးသွား ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယနေ့ နံနက်...