ကျိုက်မရောတွင် ကျောက်မီးသွေးဖြင့် ဘိလပ်မြေစက်ရုံ လည်ပတ်ရန် စီစဉ်နေ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တွင် June Cement Industry Limited မှ ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားဖြင့် ဘိလပ်မြေစက်ရုံ လည်ပတ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ယင်းကုမ္ပဏီ ထံမှ သိရသည်။ ကုမ္ပဏီအနေဖြင့် ဆိပ်ခံတံတား တည်ဆောက်ခြင်း၊ တူးမြောင်းတူးဖော် ခြင်း၊ ရွှံ့စေးမြေတူးဖော်ခြင်းနှင့် ဂ၀ံကျောက် တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများနှင့်...

မော်လမြိုင်ကမ်းနားလမ်းတွင် အဆောက်အအုံတိုးချဲ့ဆောက်လုပ်မှု မရပ်နားပါက အရေးယူမည်ဟုဆို

မွန်ပြည်နယ် မော်လမြိုင်ကမ်းနား လမ်းရှိ မြို့မစားသောက်ဆိုင်ဘေးတွင် ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံတိုးချဲ့ ဆောက်လုပ်နေသည်ကို တားမြစ်သွား မည်ဖြစ်ပြီး လိုက်နာမှုမရှိပါက အရေးယူ မည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးက ပြောသည်။ အဆိုပါ အဆောက်အအုံတိုးချဲ့ခြင်း ကိစ္စကို ပြည်နယ်အစိုးရအဖွဲ့သို့ ခွင့်ပြု ချက်တင်ထားသော်လည်း ပြည်နယ်...

ဘီးလင်းတွင် ရှေးဟောင်း၊ သယံဇာတနှင့် လူမှုစီးပွားဆိုင်ရာ သုတေသန ပြုလုပ်မည်

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း ရှေးဟောင်းယဉ်ကျေးမှု၊ သယံဇာတနှင့် လူမှုစီးပွားဆိုင်ရာ သုတေသနပြုလုပ်မည် ဟု မွန်ပြည်နယ်လွှတ်တော်ထံမှ သိရ သည်။ အဆိုပါ သုတေသနကို မွန်ပြည်နယ် လွှတ်တော်နှင့် မော်လမြိုင်တက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ အငြိမ်းစားဆရာ၊ ဆရာမများ၊ ပြင်ပပညာရှင်များ၏ ပူးပေါင်းပါဝင်မှုနှင့်...

ပေါင်ရှိ ဆင်ရွာရေတံခွန်တွင် လူ ၃ ဦး ရေနစ် ပျောက်ဆုံး

မွန်ပြည်နယ် ပေါင်မြို့နယ်ရှိ ဆင်ရွာ ရေတံခွန်တွင် လူ ၃ ဦး ရေနစ်ပျောက် ဆုံးခဲ့ပြီး နှစ်ဦးကို နှစ်ရက်အကြာအထိ ရှာမတွေ့သေးကြောင်း ဆင်ရွာကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ ဖြစ်စဉ်မှာ ဇွန်လ ၈ ရက်က အသက် ၁၉ နှစ်အရွယ်...

ငါးမဖမ်းရရာသီ ငါးခိုးဖမ်းသည့်လှေ ထိရောက်စွာ အရေးယူမည်

ငါးမဖမ်းရရာသီတွင် ငါးခိုးဖမ်းသည့် ကမ်းဝေး ငါးဖမ်းလှေများကို ထိရောက်စွာ အရေးယူသွားမည်ဟု  မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ညွန်ကြားရေးမှူးက ပြောသည်။ ယခုနှစ် ငါးမဖမ်းရရာသီကို ဇွန်လမှ သြဂုတ်လထိ ၃ လ သတ်မှတ်ထားပြီး  အဆိုပါရာသီအချိန်တွင်  ကမ်းဝေးငါးဖမ်း လှေအားလုံးကို ငါးဖမ်းခွင့်  ပိတ်ပင်ထား...

မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး ကျင်းပမည်

မွန်ပြည်နယ်လွှတ်တော် အထူးအစည်း အဝေးကို လာမည့် ဇွန်လ ၁၂ ရက်တွင် စတင် ကျင်းပမည်ဖြစ်ကြောင်း မွန်ပြည် နယ် လွှတ်တော်ရုံးထံမှ သိရသည်။ အစည်းအဝေးကို သုံးရက်ကျင်းပမည် ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်တင်အိက ပြောသည်။

လမိုင်းမြို့အွန်လိုင်းငွေစု လေလံမဲကိစ္စ မဲထည့်သူနှင့် မဲလုပ်ကိုင်သူတို့ အပြန်အလှန် အမှုဖွင့်

မွန်ပြည်နယ်၊ ရေးမြို့နယ် လမိုင်းမြို့တွင် ဖြစ်ပွားခဲ့သည့် အွန်လိုင်းငွေစု လေလံမဲကိစ္စနှင့် ပတ်သက်ပြီး ငွေစု လေလံမဲထည့်သူတို့နှင့် လေလံမဲလုပ်ကိုင် သူတို့ အပြန်အလှန် အမှုဖွင့်ထားကြသည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ လမိုင်းမြို့တွင် မေလ ၂၁...

မွန်တွင် တင်ဒါမခေါ်ဘဲ လုပ်ငန်း လုပ်ခွင့်ပြုသည့်ကိစ္စ နိုင်ငံတော်သမ္မတရုံး၏ တင်ဒါလုပ်ထုံးလုပ်နည်းညွှန် ကြားချက်နှင့် ကိုက်သည်ဟုဆို

မွန်ပြည်နယ်အစိုးရအနေဖြင့် တင်ဒါမခေါ်ဘဲ ကုမ္ပဏီကို လုပ်ငန်းလုပ် ကိုင်ခွင့်ပြုခဲ့သည့်ကိစ္စသည် နိုင်ငံတော် သမ္မတရုံး ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ အရ လိုက်နာရမည့်တင်ဒါလုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီသည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့က ပြောသည်။ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အချိန်မီ လုပ်ငန်းပြီးစီးစေရန်ဟုဆိုကာ ကျပ်သန်း...

ရွေးကောက်ပွဲမဲစာရင်း လေးလအတွင်း အပြီး ပြုစုမည်

တနင်္သာရီတိုင်းတွင် လူဦးရေစာရင်း ကောက်ယူခြင်းနှင့် မဲစာရင်းပြုစုခြင်းတို့ကို ဇွန်လမှ စက်တင်ဘာလအထိ လေးလအတွင်း အပြီးလုပ်ဆောင်ရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။ ဇွန်လမှ သြဂုတ်လအထိ သုံးလတာ ကာလအတွင်း လူဦးရေစာရင်းကောက်ယူခြင်း ကို...

ပြည်နယ်အစိုးရ၏ ရပ်ကွက်ဈေး အသစ်ဆောက်သည့်အစီအစဉ် မိုးရာသီကုန်မှ လုပ်ဆောင်စေလိုဟုဆို

မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ် ရပ်ကွက်များတွင် ပြည်နယ်အစိုးရ အကောင် အထည်ဖော်နေသည့် ဈေးအသစ်တည် ဆောက်သည့်အစီအစဉ်ကို မိုးရာသီပြီးဆုံးချိန်မှ စတင်စေလိုကြောင်း ဈေးသူဈေးသား အချို့က ပြောသည်။ မြို့သာယာလှပရေးအတွက် မြို့ပေါ် ရပ်ကွက်များရှိ ဈေးများ၊...