မွန်သာမက အခြားတိုင်းရင်းသား မဲပါရအောင် မွန်ပါတီကြိုးစားမည်

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင်မွန်ပါတီအနေဖြင့် မွန်တိုင်းရင်းသား မဲများသာမက အခြားတိုင်းရင်းသားမဲများ ပါ ရရှိအောင် ကြိုးစားသွားမည်ဟုပါတီခေါင်းဆောင်များက ပြောသည်။ စက်တင်ဘာလ ၂၁ ရက်တွင်ကျင်းပခဲ့သည့် မွန်ပါတီအမည်သစ် မိတ်ဆက်ပွဲ အခမ်းအနားအပြီး ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ မွန်ပါ တီခေါင်းဆောင်တို့က ထိုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ "ကျွန်တော်တို့ မွန်ပါတီအားလုံးအရင်တုန်းကပေါ့နော် အားကိုးအား ထားတာ ကိုယ့်မွန်မဲပဲ"ဟု မွန်ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်ကျန်ရစ်က ပြောသည်။လာမည့်...

မွန်တွင် လျှပ်စစ်မီး မရှိသည့် မဲရုံ သုံးရာကျော်အတွက် ဂျပန်မှ မီးအိမ်လှူ

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပ မည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ် အတွင်း၌ လျှပ်စစ်မီး မရှိသည့် မဲရုံ ၃၃၄ ရုံအတွက် ဂျပန်ပြည်သူများက လျှပ်စစ် မီးအိမ်များ ပေးပို့ လှူဒါန်း ထားကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။ မွန်ပြည်နယ်တစ်ခုလုံးတွင်...

လိမ္မော်သီး ခိုးစားသည်ဆိုကာ ခန္ဓာကိုယ်အနှံ့ ရေနွေးပူလောင်းသူကို အလုပ်နှင့် ထောင်ဒဏ် ၇ နှစ်ချမှတ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အမျိုသမီးငယ်တစ်ဦးကို လိမ္မော်သီး ၂ လုံး ခိုးစားသည်ဟုဆိုပြီး ခန္ဓာကိုယ်အနှံ့ ရေနွေးပူဖြင့် လောင်းချ၊ ဦးခေါင်းကို ထင်းစဖြင့် ရိုက်နှက်ခဲ့သူကို အလုပ်နှင့် ထောင်ဒဏ် ၇ နှစ် ကျခံစေရန် မော်လမြိုင် မြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်သည်။ အဆိုပါအမှုနှင့် ပတ်သက်ပြီး ကာယကံရှင်ဘက်က...

ကိုဗစ်ကာလ ခက်ခဲနေသူများကို “လိုရင်ယူ ပိုရင်လှူ” အစီအစဉ်ဖြင့် ကူညီ

မော်လမြိုင်မြို့ပေါ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကာလ အခက်အခဲဖြစ်နေသူများကို “လိုရင်ယူ ပိုရင်လှူ”အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို အခမဲ့လိုက်လံ ကူညီလှူဒါန်းပေးလျက်ရှိသည်။ ယင်းအစီအစဉ်ကို လူမှုအဖွဲ့ အစည်းတစ်ခုဖြစ်သည့် နွေးထွေးသော ရင်ခွင်အဖွဲ့နှင့် စေတနာရှင်များ ပူးပေါင်းပြီး ရပ်ကွက်အတွင်း အခက်အခဲဖြစ် နေသူများကို...

မွန်တွင် မဲစာရင်းမပါ၍ ဆယ်ရက်အတွင်း လျှောက်ထားသူ ၂၀၀၀ ခန့်ရှိ

မွန်ပြည်နယ်တွင် ဆယ်ရက် အတွင်း မဲစာရင်းတွင် အမည်မပါ၍ ပြန်လည် လျှောက်ထားသူ ၂၀၀၀ ခန့်ရှိ ကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတာဝန်ခံအရာရှိ ဦးဟိဏ်းလင်း ထက်က ပြောသည်။ ယခုအကြိမ်မဲစာရင်းကို စက်တင် ဘာလ ၁၄ ရက်နေ့မှ ၂၇ ရက်နေ့ထိ ထုတ်ပြန်...

မွန်ပြည်နယ် မြို့နယ် ၈ ခုတွင် အတက်ရောဂါကု လုပ်ငန်းတိုးချဲ့မည်

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၈ မြို့နယ်တို့တွင် အတက်ရောဂါ ကုသပြုစုစောင့်ရှောက်မှုလုပ်ငန်း တိုးချဲ့မည်ဖြစ်ကြောင်း ဦးနှောက်နှင့် အာရုံကြော ဆေးကုဌာနထံမှ သိရသည်။ မွန်ပြည်နယ်တွင် အတက်ရောဂါ ကုသပြုစုစောင့်ရှောက်မှုလုပ်ငန်းကို ၂၀၁၅ ခုနှစ်မှစ၍ ကျိုက်ထိုမြို့နယ်နှင့် သထုံမြို့နယ်တို့တွင် လုပ်ဆောင်ခဲ့ပြီး ကျန် ၈ မြို့နယ်ကို ၂၀၁၈ ခုနှစ်မှစ၍...

မွန်ပြည်နယ်လွှတ်တော် ၉လသက် တမ်းအတွင်း တိုင်စာပေါင်း ၇၀၀ကျော်

မွန်ပြည်နယ်လွှတ်တော် ၉လနီးပါး သက်တမ်းအတွင်း ပြည်သူလူထုများထံမှ တိုင်ကြားလာသည့် တိုင်ကြားစာပေါင်း ၇၀၀ကျော် ရောက်ရှိသည်ဟု မွန်ပြည် နယ်လွှတ်တော်ထံမှ သိရသည်။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ် တော် အစည်းအဝေးစတင်ကျင်းပခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်မှ နိုဝင်ဘာ ၂ရက်ထိ ပြည်သူလူထုထံမှ တိုင်ကြားစာပေါင်း ၇၀၆ စောင် လက်ခံရရှိထားကြောင်း...

ကျိုက်ထီးရိုး ကေဘယ်လ်ကား ပြေး ဆွဲမည့်ရက် ထပ်ရွေ့ပြန်

မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ သ မိုင်းဝင်ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ တော်သို့ ပြေးဆွဲမည့် ကေဘယ်လ်ကား စီမံကိန်းသည် ကျိုက်ထီးရိုး ဘုရားပွဲအမီ ပြေးဆွဲနိုင်ခြင်း မရှိသေးဟု စီမံကိန်း တာဝန်ရှိသူထံမှ သိရသည်။ ကေဘယ်လ်ကား ပြေးဆွဲမည့်လနှင့် ပတ်သက်ပြီး ယခုအကြိမ်သည် တတိယ အကြိမ် ပြောင်းလဲသတ်မှတ်ခြင်း ဖြစ်သည်။...

မော်လမြိုင် တက္ကသိုလ်တွင် ဘွဲ့လွန်သင်တန်း ဖွင့်လှစ်ရေးအဆို မွန်လွှတ်တော် အတည်ပြု

မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ် တွင် ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်ပေးရေး တိုက်တွန်းသည့်အဆိုကို မွန်ပြည်နယ် လွှတ်တော်က အတည်ပြုလိုက်သည်။ အဆိုကို သထုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက တင်သွင်းခဲ့ပြီး ဖေဖော်ဝါရီ ၂၆ ရက်က ကျင်းပခဲ့သည့်  ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၂...

မော်လမြိုင်ဆန္ဒပြပွဲ ကျောင်းသားပူးပေါင်းမှုနည်း

ဖမ်းဆီးခံထားရသည့် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး သပိတ်မှောက် ကျောင်းသားများနှင့် ဝန်းရံပြည်သူများအား အမြန်ဆုံး လွှတ်ပေးရန်နှင့် အကြမ်းဖက်မှုကို ကန့်ကွက်ကြောင်း မတ်လ ၂၈ ရက်နေ့က မော်လမြိုင်မြို့တွင် ပြုလုပ်သည့် ဆန္ဒပြပွဲတွင် ကျောင်းသားများ ပူးပေါင်းမှု အားနည်းခဲ့ကြောင်း မွန်ပြည်နယ် ကျောင်းသားသမဂ္ဂ တာဝန်ခံ...