လိမ္မော်သီး ခိုးစားသည်ဆိုကာ ခန္ဓာကိုယ်အနှံ့ ရေနွေးပူလောင်းသူကို အလုပ်နှင့် ထောင်ဒဏ် ၇ နှစ်ချမှတ်

0
508

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အမျိုသမီးငယ်တစ်ဦးကို လိမ္မော်သီး ၂ လုံး ခိုးစားသည်ဟုဆိုပြီး ခန္ဓာကိုယ်အနှံ့ ရေနွေးပူဖြင့် လောင်းချ၊ ဦးခေါင်းကို ထင်းစဖြင့် ရိုက်နှက်ခဲ့သူကို အလုပ်နှင့် ထောင်ဒဏ် ၇ နှစ် ကျခံစေရန် မော်လမြိုင် မြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်သည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး ကာယကံရှင်ဘက်က တရားစွဲဆိုထားပြီး မော်လမြိုင်မြို့နယ်တရားရုံးမှ မေလ ၁၈ ရက်က အပြစ်ဒဏ် ကျခံစေရန် အမိန့်ချ မှတ်လိုက်ခြင်း ဖြစ်သည်။ ” စစ်ဆေးပေါ်ပေါက်ချက်အရ အပြစ်ရှိလို့ အမြင့်ဆုံးပြစ်ဒဏ် ၇ နှစ်ကို ချမှတ်လိုက်တယ်” ဟု မော်လမြိုင်မြို့နယ် တရားသူကြီး ဦးစိုးမင်းက ပြောသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်က မော်လမြိုင်တက္ကသိုလ် ဆယ်မြို့ နယ်အဆောင်တွင်ထမင်းချက် ကန်ထ ရိုက်ယူထားသည့် ဒေါ်အေးအေးစိုး (၃၇ နှစ်)ဆိုသူက လိမ္မော်သီး ၂ လုံး ပျောက် သွားသည်ဆိုပြီး ထမင်းချက်အကူ လုပ် နေသည့် အသက် ၁၄ နှစ်အရွယ်ရှိ မခင်ခင်ထွန်းကို ခန္ဓာကိုယ်အနှံ့တွင် ရေနွေးပူဖြင့် လောင်းချု၊ ဦးခေါင်း ဝဲဘက် ကို ထင်းစဖြင့် ရိုက်နှက်ခြင်းကြောင့် မုပွန်နယ်မြေရဲစခန်းတွင် (ပ) ၅၆၆/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၂၆ (အပြင်း ထန် နာကျင်စေမှု)၊ ၃၂၃(နာကျင်စေမှု) ဖြင့် အမှုဖွင့် အရေးထားခြင်း ဖြစ်သည်။

ယင်းအမှုကို မခင်ခင်ထွန်း၏ အဒေါ်ဖြစ်သူ ဒေါ်လှကြည်က တရားလို ပြုလုပ်၍ ဒီဇင်ဘာ ၂၈ ရက်က တရားစွဲ ဆိုထားခြင်း ဖြစ်သည်။
လက်ရှိတွင် အမျိုးသမီးငယ်ကို မော်လမြိုင်ဆေးရုံကြီးတွင် ဆေးကုသခံ ယူနေသည်ဟု မွန်ပြည်နယ်အတွင်း အမျိုးသမီးများနှင့် ကလေးသူငယ်ကိစ္စ ပြသာနာများ ကူညီဖြေရှင်းပေးသည့် မေတ္တာဆုံဆည်းအမျိုးသမီးစောင့် ရှောက်ရေးအဖွဲ့မှ ဒေါ်သီသီနွယ်က ပြော သည်။

တရားခံအား ချမှတ်သည့် ပြစ်ဒဏ် နှင့် ပတ်သက်ပြီး ကျေနပ်မှု ရှိ^မရှိကို တရားစွဲဆိုသူတရားလိုနှင့် မေတ္တာဆုံစည်း အမျိုးသမီး စောင့်ရှောက်ရေးအဖွဲ့သို့ထံ တင်ပြပြီးမှသာ ရှေ့ဆက်သွားရမည်ဖြစ် ကြောင်း တရားလိုရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်သည့် တရားလွှတ်တော်ရှေ့ နေ ဒေါ်ယဉ်မင်းစံက ပြောသည်။