မွန်ပြည်နယ်လွှတ်တော် ၉လသက် တမ်းအတွင်း တိုင်စာပေါင်း ၇၀၀ကျော်

0
543

မွန်ပြည်နယ်လွှတ်တော် ၉လနီးပါး သက်တမ်းအတွင်း ပြည်သူလူထုများထံမှ တိုင်ကြားလာသည့် တိုင်ကြားစာပေါင်း ၇၀၀ကျော် ရောက်ရှိသည်ဟု မွန်ပြည် နယ်လွှတ်တော်ထံမှ သိရသည်။


ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ် တော် အစည်းအဝေးစတင်ကျင်းပခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်မှ နိုဝင်ဘာ ၂ရက်ထိ ပြည်သူလူထုထံမှ တိုင်ကြားစာပေါင်း ၇၀၆ စောင် လက်ခံရရှိထားကြောင်း သိရသည်။ အများစုသည် လယ်ယာမြေ အရှုပ် အရှင်း ပြဿနာ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ပြဿနာ၊ ပုဂ္ဂိုလ်ရေးကိစ္စများနှင့် သက်ဆိုင်သည့် စာများဖြစ်သည်ဟု မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦး အောင်နိုင်ဦးက ပြောသည်။
” တိုင်ကြားစာရောက်လာရင် ကျွန်တော်တို့က သက်ဆိုင်ရာ အစိုးရ အဖွဲ့တွေကို အသိပေးတယ်၊ အကြံပေး တယ်၊ လုပ်ပေးရမယ့်အပိုင်းကတော့ သူတို့ (အစိုးရ) အပိုင်းပေါ့” ဟု ၎င်းက ပြောသည်။လွှတ်တော်အနေဖြင့် ရောက်ရှိလာ သည့် တိုင်ကြားစာများကို ရေးရာ ကော်မတီတို့နှင့် သက်ဆိုင်သည့် စာများ ကို ရေးရာ ကော်မတီက ကွင်းဆင်း စိစစ်ပြီးနောက် ဖြစ်ရပ်များအပေါ် အခြေ ခံကာ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ သက် ဆိုင်ရာ တာဝန်ရှိအဖွဲ့တို့နှင့် ညှိနှိုင်း တိုင်ပင်ကာ ဖြေရှင်းပေးကြောင်း သိရ သည်။

 
ပြီးခဲ့သည့် ပထမအကြိမ် မွန် ပြည်နယ်လွှတ်တော် သက်တမ်း ၅ နှစ် အတွင်း လွှတ်တော်သို့ ပြည်သူများမှ တိုင် ကြားလာသည့် တိုင်ကြားစာ စုစုပေါင်း ၁၆၆၁ စောင်ရှိခဲ့သည်ဟု ပြည်နယ်လွှတ်တော်ရုံးထံမှ သိရသည်။အဆိုပါ တိုင်ကြားစာများအနက်မှ အစိုးရနှင့် ညှိနှိုင်းတိုင်ပင်ပြီး တိုင်ကြား စာ ၃၇၀ စောင်ကိုဖြေရှင်းပေးနိုင်ခဲ့ သည်ဟု ပထမအကြိမ် မွန်ပြည်နယ်လွှတ် တော်မှတ်တမ်းအရ သိရသည်။