မွန်တွင် လျှပ်စစ်မီး မရှိသည့် မဲရုံ သုံးရာကျော်အတွက် ဂျပန်မှ မီးအိမ်လှူ

0
543

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပ မည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ် အတွင်း၌ လျှပ်စစ်မီး မရှိသည့် မဲရုံ ၃၃၄ ရုံအတွက် ဂျပန်ပြည်သူများက လျှပ်စစ် မီးအိမ်များ ပေးပို့ လှူဒါန်း ထားကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

မွန်ပြည်နယ်တစ်ခုလုံးတွင် မဲရုံ ၉၁၉ ရုံရှိသည့်အနက် လျှပ်စစ်မီး မရှိ သည့် မဲရုံ ၃၃၄ ရုံအတွက် မဲရုံ တစ်ရုံလျှင် လျှပ်စစ်မီးအိမ် ၂ လုံး နှုန်းဖြင့် ပေးပို့ ထားပြီး ဖြစ်သည်။အဆိုပါ မီးအိမ်များသည် လျှပ်စစ် မီးဖြင့် အသုံးပြုနိုင်သလို ဘတ္ထရီဖြင့် အားသွင်းပြီး အချိန်ကြာမြင့်စွာ အသုံးပြု နိုင်ကြောင်း မော်လမြိုင်ခရိုင် ရွေးကောက် ပွဲအဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးထင်ကျော်က ပြောသည်။
” လျှပ်စစ်မီးရှိတဲ့ မဲရုံတွေမှာလဲ အရေးပေါ် အသုံးပြုနိုင်ဖို့အတွက် မီး စက် အသေးလေးတွေလဲ အဆင်သင့် ပြင်ဆင်ထားပါတယ်” ဟု ဦးထင်ကျော် က ပြောသည်။

ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအနေဖြင့် လျှပ်စစ်မီးကို မဲရုံများ အတွက် သာမက ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို လုပ်ကိုင် ဆောင်ရွက် နေရသည့် ရပ် / ကျေးကော်မရှင်ရုံးများ အားလုံး လုံလောက်စွာ ရရှိနိုင်ရန် မွန်ပြည် နယ် အစိုးရအဖွဲ့နှင့် ညှိနှိုင်း အကူအညီ တောင်းထားပြီး အစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တို့နှင့် ပူးပေါင်းပြီး စီစဉ် ဆောင်ရွက်လျက်ရှိ သည်။
ယင်းအပြင် အရေးပေါ် အနေ အထားအတွက် မဲရုံတိုင်းတွင် အရန် မီးစက်များကိုလည်း စီစဉ် ဆောင်ရွက် ထားကြောင်း ပြည်နယ် ကော်မရှင်အဖွဲ့ ခွဲက ပြောသည်။

မွန်ပြည်နယ်တွင် မဲရုံ ၉၁၉ ရုံရှိကာ ရပ် ^ကျေးကော်မရှင်ရုံး ၄၆၇ ရုံ ရှိ သည်ဟု ပြည်နယ်ကော်မရှင်အဖွဲ့ခွဲက ပြောသည်။