ကော့သောင်းလျှပ်စစ်တင်ဒါ လျှောက်သူမရှိသေး

ကော့သောင်းမြို့နယ် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းအတွက် တင်ဒါခေါ်ထားရာ လက်ရှိအချိန်ထိ လျှောက်သည့်ကုမ္ပဏီ မရှိသေးကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးထံမှ သိရသည်။ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းတင်ဒါလျှောက်လွှာကို သြဂုတ် လ ၈ ရက်နေ့တွင် စတင်ရောင်းချခဲ့ ခြင်းဖြစ်ပြီး...

ထိုင်းနယ်စပ် ဖြတ်ခွင့်ရရန် ကော့သောင်းလူထု အလုအယက် ကိုဗစ်ကာကွယ်ဆေးထိုး

ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက်ရှိ မဉ္ဇူသက္ကခန်းမတွင် အောက်တိုဘာလ ၃ ရက်က ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ဒေသခံအများအပြား အလုအယက် ကာကွယ်ဆေး ထိုးနှံရန် ရောက်လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ကိုဗစ်ကာကွယ်ဆေးထိုးထားသည့် အထောက်အထားပြနိုင်သူများကိုသာ ထိုင်းနိုင်ငံဘက်သို့သွားရောက်ခွင့်ပြုမည်ဆိုသည့် သတင်းကြောင့် ယင်းကဲ့သို့ အစုလိုက်အပြုံလိုက်...

ကော့သောင်းမြို့ပေါ် တည်းခိုခန်းတွင် မူးယစ်ဆေးပြား နှစ်ထောင်ကျော်မိ

ကော့သောင်းမြို့ပေါ်ရှိ တည်းခို ခန်းတစ်ခုတွင် WY ဆေးပြား နှစ်ထောင် ကျော်ဖမ်းမိခဲ့ကြောင်း ကော့သောင်းမြို့မရဲစခန်းထံမှ သိရသည်။ ပိတောက်ရွှေဝါရပ်ကွက်၊ ရွှေမင်းဝံ ကျောင်းလမ်းရှိ မေတ္တာမွန်တည်းခိုခန်း ကို ဇွန်လ ၂၈ ရက်နေ့က သတင်းအရ ဝင်ရောက်ရှာဖွေရာ တည်းခိုသူအမျိုးသား နှစ်ဦးထံမှ WY စာတမ်းစာပါ စိတ်ကြွ ဆေးပြား...

အမျိုးသမီးတစ်ဦး ဆွဲကြိုးချ သေဆုံး

ကော့သောင်းမြို့နယ်၊ ဆယ်မိုင် ကျေးရွာ အုပ်စု ရှိ ဥယျာဉ်ခြံတစ်ခုအတွင်း အသက် ၄၀ ကျော်အရွယ် အမျိုး သမီးတစ်ဦး ဇွန်လ ၂၀ ရက်က ကြိုးဆွဲ ချသေဆုံးခဲ့ကြောင်း ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရသည်။ ယင်းနေ့ နေ့လယ်ခင်းတွင် ခင်ပွန်း ဖြစ်သူသည် သားသမီးများအား ကျောင်း...

ခရီးသည်တင် ပဲ့ချိတ်များအပေါ် စည်းကမ်းထိန်းသိမ်းမှု အားနည်းဟု ဝေဖန်

ကော့သောင်း-ရနောင်းခရီးသည် တင် ပဲ့ချိတ်များအား စည်းကမ်းထိန်း သိမ်းမှု အားနည်းနေသည်ဟု ဒေသခံ ခရီးသွားများ ဝေဖန်ပြောဆို လျက်ရှိ သည်။ ဧပြီ ၂၆ ရက်က မွေတော်ကျွန်း ကျောက်ဆောင်အနီး ပဲ့ချိတ်တစ်စင်း လှိုင်းပုတ်နစ်မြုပ်ခဲ့ပြီး ခရီးသည်တစ်ဦး သေဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ ပဲ့ချိတ် များအား စည်းစနစ်တကျ ကြီးကြပ်...

နိုင်ငံကူး/နယ်စပ်ဖြတ်သန်းခွင့် စာအုပ်များတွင် ကလေးဓာတ်ပုံ ပူးတွဲပါမှ ထိုင်းသို့ ကလေးခေါ်ခွင့်ပြု

အခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံရ နောင်းဘက်က နိုင်ငံကူးလက်မှတ်စာအုပ် များတွင် ကလေးငယ်ဓာတ်ပုံမပါပါက ထိုင်းနိုင်ငံအတွင်းသို့ ကလေးခေါ် ဆောင်ခွင့်မပြုဘဲ မြန်မာဘက် ပြန်လွှတ် နေကြောင်း ကော့သောင်း - ရနောင်း ပဲ့ချိတ်မောင်း နေသူများထံမှ သိရသည်။ မြန်မာ-ထိုင်းနယ်စပ် ကော့သောင်း မြို့မှတစ်ဆင့် ထိုင်းနိုင်ငံရနောင်းမြို့သို့ သွားရောက်ကြမည့် ခရီးသည်များသည် မိမိတို့၏အသက်...

ခိုကျွန်းအနီးတရားမဝင် ခရုဆွဲလှေ ၃ စီး ဖမ်းမိ

ခိုကျွန်းအနီးတွင် တရားမဝင် ခရု ဆွဲလှေ ၃ စီးအား မတ်လ ၅ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ကော့သောင်းမြို့မ ရဲစခန်းမှ သိရသည်။ ရစခ(၅၈)မှ ဗိုလ်မှူးကျော်ထင် ဦးစီးသည့် ကမ်းတက်ရေယာဉ်အမှတ် (၄၂၄)မှ ကင်းလှည့်နေစဉ် မသင်္ကာ ဖွယ်လှေ ၃ စီးအား စစ်ဆေးရန် အချက်...

ရွှေစင်ရုပ်ထု ရွှေ့ပြောင်းမည့်ကိစ္စ ကန့်ကွက်စာတင်မည်

ကော့သောင်းမြို့၊ အေးမြကန် သာရပ်ကွက် ခရိုင်ပြည်သူ့ဆေးရုံဝင်း အတွင်းရှိ အကယ်ဒမီရွှေစင်ရုပ်ထု နေရာရွှေ့ပြောင်းမည့် ကိစ္စကို အေးမြ ကန်သာရပ်ကွက်နေ ပြည်သူတစ်ချို့က ကန့်ကွက်မူများ ပြုလုပ်သွားမည်ဟု ကန့်ကွက်ရာတွင် ဦးဆောင်ပါဝင်မည့် သူများထံမှ သိရသည်။ အဆိုပါရုပ်ထုကို လွန်ခဲ့သည့် နှစ်ပေါင်း ၂၇နှစ် ကတည်းက ဆေးရုံ ဝင်းခြံအတွင်း ထိန်းသိမ်း...

ရဲမှူးအယောင်ဆောင် ဖုန်းကတ်ဖြည့်ခိုင်းမှု ကော့သောင်းသို့ ကူးစက်

ပြီးခဲ့သည့် နှစ်က ထားဝယ်နှင့် မြိတ်မြို့တို့တွင် ဆက်တိုက် ဖြစ်ပွားခဲ့ သည့် ရဲမှူး အယောင်ဆောင်ကာ ဖုန်းငွေ လိမ်လည်ဖြည့်ခိုင်းသည့် ဖြစ်စဉ် ယခုရက်ပိုင်းအတွင်းကော့သောင်းမြို့သို့ ကူး စက်ဖြစ်ပွားလာသည်။ ဖုန်းဆက်လာသူက မြို့နယ် ရဲမှူး ဖြစ်သည်ဟုမိတ်ဆက်ပြီး အစည်းအဝေး ခန်းထဲ ရောက်နေသည်ဟု ဆိုကာဖုန်းငွေ ဖြည့်ခိုင်းခြင်း...

ကော့သောင်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရ၊ အစစ်အဆေးတင်းကျပ်

ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဇွန်လ ၂၃ ရက်ညတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် မြို့ပေါ်တွင် အစစ်အဆေး တင်းကျပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၂၃ ရက် ည ၇ နာရီခွဲခန့်က...