အမျိုးသမီးတစ်ဦး ဆွဲကြိုးချ သေဆုံး

0
410

ကော့သောင်းမြို့နယ်၊ ဆယ်မိုင် ကျေးရွာ အုပ်စု ရှိ ဥယျာဉ်ခြံတစ်ခုအတွင်း အသက် ၄၀ ကျော်အရွယ် အမျိုး သမီးတစ်ဦး ဇွန်လ ၂၀ ရက်က ကြိုးဆွဲ ချသေဆုံးခဲ့ကြောင်း ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရသည်။

ယင်းနေ့ နေ့လယ်ခင်းတွင် ခင်ပွန်း ဖြစ်သူသည် သားသမီးများအား ကျောင်း ပို့ခဲ့ပြီး အိမ်ပြန်ရောက်ချိန်တွင် ၎င်းအား မတွေ့၍ လိုက်လံရှာခဲ့ရာ နေအိမ်ဘေး ခြံရှိ လူမနေသည့် တဲအိမ်အတွင်း ကြိုး ဆွဲသေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သေဆုံးသူအမျိုးသမီး၏ ခင်ပွန်းဖြစ်သူ က ဆိုသည်။

ယင်းသေဆုံးမှုသည် ပြင်ပဒဏ်ရာ မရှိဘဲ ကြိုးဆွဲချသေဆုံးသည့် လက္ခဏာ ဖြင့်သေဆုံးနေသော်လည်းဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်^မဟုတ်ကို စစ်ဆေးဆောင်ရွက်လျက်ရှိသည်ဟု ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရ သည်။