ခိုကျွန်းအနီးတရားမဝင် ခရုဆွဲလှေ ၃ စီး ဖမ်းမိ

0
400

ခိုကျွန်းအနီးတွင် တရားမဝင် ခရု ဆွဲလှေ ၃ စီးအား မတ်လ ၅ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ကော့သောင်းမြို့မ ရဲစခန်းမှ သိရသည်။

ရစခ(၅၈)မှ ဗိုလ်မှူးကျော်ထင် ဦးစီးသည့် ကမ်းတက်ရေယာဉ်အမှတ် (၄၂၄)မှ ကင်းလှည့်နေစဉ် မသင်္ကာ ဖွယ်လှေ ၃ စီးအား စစ်ဆေးရန် အချက် ပြခေါ်ရာ ထွက်ပြေးရန်ကြံစည်သော ကြောင့် လိုက်လံဖမ်းဆီးခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

ဖမ်းဆီးရမိမှုအား သက်ဆိုင်ရာ ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီး ဌာနက မတ်လ ၇ ရက်က ကော့သောင်း မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထား ကြောင်း သိရသည်။