ကော့သောင်းတွင် စက်သုံးဆီ အလုအယက်ဝယ်ယူနေရ၊ ဈေးခုန်တက်

ကော့သောင်းမြို့၌ ယနေ့ (ဇွန် ၉) နံနက်ပိုင်းတွင် ပြည်သူများ စက်သုံးဆီကို အလုအယက် ဝယ်ယူနေကြပြီး ဈေးနှုန်းမှာ တစ်လီတာလျှင် ကျပ်သုံးထောင်ကျော်မှ ငါးထောင်ကျပ်အထိ မြင့်တက်သွားကြောင်း မြို့ခံအချို့က ပြောဆိုကြသည်။ ယမန်နေ့က ကော့သောင်းမြို့တွင် လိုင်စင်မရှိဘဲ...
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ကပ်ဘေးကြောင့် ကော့သောင်းတွင် ဖုန်းရောင်းအား ထက်ဝက်ကျ

ကိုဗစ်ကပ်ဘေးကြောင့် စီးပွားရေး အကျပ်အတည်းဖြစ်သည့်အတွက် ကော့သောင်းမြို့တွင် ဖုန်း(ဟန်းဆက်)ရောင်းအား ထက်ဝက်ခန့်ကျဆင်းသွားကြောင်း ဖုန်းလုပ်ငန်းရှင်များအသင်းနှင့် ဖုန်းဆိုင်ပိုင်ရှင်အချို့ထံမှ သိရသည်။ ကိုဗစ်ဒုတိယလှိုင်းမဖြစ်မီက တစ်လလျှင် ဖုန်းဟန်းဆက်အရေအတွက် ၃၀ လုံးခန့် ရောင်းရပြီး လက်ရှိတွင် ၁၅ လုံးခန့်သာ ရောင်းရတော့ကြောင်း...

ကော့သောင်းနာရီစင်ဒီဇိုင်းသစ်ဖြင့် ပြန်ဆောက်မည်

ကော့သောင်းမြို့၏လက်ရှိနာရီစင်ကိုဖြိုချကာဒီဇိုင်းသစ်ဖြင့်ပြန်ဆောက်မည်ဟု ကော့သောင်းမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်က ပြောသည်။ နှစ်သုံးဆယ်ခန့် သက်တမ်းရှိသော လက်ရှိနာရီစင်မှာ ဆောက်လုပ်စဉ်ကရေငန်သဲများသုံးစွဲခဲ့သဖြင့်အင်္ဂတေအတွင်းရှိသံချောင်းများပါ ဆွေးမြည့်နေပြီး အန္တရာယ်ရှိအဆောက်အအုံဖြစ်နေပြီဟု ဦးတင်မြင့်က ပြောသည်။ နာရီစင်အသစ်ဆောက်ရန်ဘတ် ဂျက်ကျပြီဖြစ်ပြီးဒီဇိုင်းအသစ်ကို ဆွေးနွေးနေဆဲ ဖြစ်သည်။ ကနဦးတွင်၎င်းနာရီစင်ကိုဖြိုချကာ မူလပုံစံအတိုင်း ပြန်ဆောက်ရန်လျာထားခဲ့သော်လည်း ကော်မတီအဖွဲ့အတွင်း ဝိုင်းဝန်းဆွေးနွေးပြီးနောက်ပုံစံသစ်ဖြင့် ပြန်ဆောက်ရန်ဆုံးဖြတ်ခဲ့ကြောင်း ဦးတင်မြင့်က ပြောသည်။ "ပုံစံ(အသစ်)ပြန်ဆွဲကြည့်ပေါ့။သုံး၊ လေးမျိုးလောက်ဆွဲလိုက်၊ ပြီးရင်...

အောင်မေတ္တာကျောင်း ရေထိန်းနံရံ လိုအပ်

ကော့သောင်းမြို့နယ် ဘန်းကချွန် ကျေးရွာအုပ်စု အောင်မေတ္တာကျေးရွာ မူလွန်ကျောင်းသည် ပင်လယ်ကမ်းနဖူးတွင် ဆောက်လုပ်ထားသည့်အတွက် ပင်လယ် ရေတက်ချိန်နှင့် မိုးသည်းထန်စွာ ရွာချိန် များတွင် ကျောင်းအရှေ့ မြေသားများ ရေတိုက်စားမှုဒဏ်ခံနေရကြောင်း ကျောင်း ဆရာမများနှင့် ကျေးရွာရပ်မိ ရပ်ဖများက ဆိုသည်။ ရေတိုက်စားမှုကြောင့် ကျောင်း အရှေ့ကမ်းပါးမြေများ တဖြည်းဖြည်း ပြိုကျလာနေပြီး...

ရှားပါးပြင်သာ လိပ်တစ်ကောင် သူဋ္ဌေးကျွန်းတံတားအနီး တွေ့ရှိ

ကော့သောင်းမြို့နယ်၊ သူဋ္ဌေးကျွန်း ရှိ Grand Andaman Hotel အမှတ် (၁) တံတားအနီးတွင် ဒဏ်ရာရထား သည့် ရှားပါးလိပ်တစ်ကောင်ကို တွေ့ရှိ ခဲ့သည်ဟု ကော့သောင်းခရိုင် ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။ အဆိုပါ လိပ်သည် ခရီးသည်စက် လှေများ ဝင်ထွက်နေချိန်တွင်...

မူးယစ်ဆေးသယ်ဆောင်လာသူ လူငယ်နှစ်ဦးအနက် တစ်ဦးထွက်ပြေး လွတ်မြောက်

ကော့သောင်းမြို့နယ်တွင် မူးယစ် ဆေးဝါး သယ်ဆောင်လာသည့် လူငယ် နှစ်ဦးအနက် တစ်ဦး ထွက်ပြေးလွတ် မြောက်ခဲ့ကြောင်း ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရသည်။ ဧပြီလ ၁၁ ရက်က ရွှေပြည်စိုး ကျေးရွာ လမ်းမပေါ်တွင် ယာဉ်များကို ပိတ်ဆို့တားဆီးကာ ရှာဖွေနေစဉ် မြို့ထဲ ဘက်မှ မြို့ပြင်သို့ မောင်းနှင်လာသည့်...

ကော့သောင်းတွင် စိတ်ကြွဆေးပြားများနှင့်အတူ လက်လုပ်သေနတ် နှစ်လက် ဖမ်းဆီးရမိ

ကော့သောင်းမြို့နယ်၊ ဘန်းကချွန် ကျေးရွာအုပ်စု၊ ၁၄ မိုင်ကျေးရွာရှိ ရော်ဘာ ခြံတစ်ခြံအတွင်း ဇန်န၀ါရီလ ၈ ရက် ညနေ ၆ နာရီခွဲခန့်က လက်လုပ်သေနတ် (ပြောင်းရှည်) ၂ လက်နှင့် WY စိတ်ကြွဆေးများ ဖမ်းဆီးရမိကြောင်း ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရသည်။ ၁၄ မိုင်ကျေးရွာ...

လုပ်ဖော်ကိုင်ဖက်အား ဓားဖြင့် ခုတ်သတ်သူ နှစ်လခန့်အကြာတွင် ရဲစခန်းသို့ လာအဖမ်းခံ

ကော့သောင်းမြို့နယ်တွင် လုပ်ဖော်ကိုင်ဖက်အား ဓားဖြင့် ခုတ်သတ်ခဲ့သည့် အမျိုးသားတစ်ဦးသည် နှစ်လခန့်အကြာတွင် ရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ကြောင်း တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ချောင်းဖျားကြီးကျေးရွာ ဆီအုန်းတောအတွင်း ၀ါးခုတ်လုပ်ငန်းအတူ လုပ်ကိုင်သည့် အမျိုးသားနှစ်ဦးသည် မတ်လ ၁၈ ရက်က ထမင်းမချက်သည့် ကိစ္စဖြင့် စကားများခဲ့ပြီး အဖော်ဖြစ်သူ အမျိုးသားကို...

ဒေါ်အောင်ဆန်းစုကြည် ကော့သောင်းလာမည်

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ ၁၄ရက်တွင် ကော့သောင်းမြို့သို့  လာရောက်မည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များရုံးမှ အတည်ပြုပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ ၁၃ရက်တွင် မြိတ်မြို့သို့ လာရောက်မည်ဖြစ်ပြီး ယင်းနောက် ကော့သောင်းမြို့သို့ပါ ဆက်လက်လာ ရောက်မည်ဖြစ်ကြောင်း ၎င်းတို့ကအတည်ပြု ပြောကြားသည်။ “ရေလမ်းကနေ လာမှာလား၊ လေယာဉ်နဲ့လာမှာလား၊ ဘယ်လမ်းကြောင်း...

ကျပ်သိန်း ၅၀ ကျော်က တင်ဒါ ခေါ်မည့်အစီအစဉ် အထမမြောက်ဟု ဆိုပြန်

ယခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ကော့သောင်းမြို့နယ်အတွင်းရှိ စည်ပင် သာယာရေးလုပ်ငန်းများအတွက် ကျပ် သိန်း ၅၀ ကျော်ပါက တင်ဒါခေါ်ယူမည့် အစီ အစဉ်အထိ မမြောက်ပြန်ဟု ကော့သောင်း မြို့နယ်စည်ပင် သာယာရေးကော်မတီက ပြောသည်။ ကော့သောင်းမြို့နယ်အတွင်းရှိ ကျပ်သိန်း ၅၀ ကျော်သည့် စည်ပင် သာယာရေးလုပ်ငန်းများကို ဒေသခံလုပ်...