တစ်နိုင်တစ်ပိုင် မြေလွတ်၊ မြေလပ် လျှောက်ထားသူများ သက်ဆိုင်ရာမြို့နယ် မြေစာရင်းရုံးတွင် စုံစမ်းနိုင်ဟုဆို

တနင်္သာရီတိုင်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်ရန် မြေလွတ်မြေလပ် လျှောက်ထားသူများအနေဖြင့် သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန(မြေစာရင်း)တွင် စုံစမ်းနိုင်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ဆိုသည်။ တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်ရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧကငါးဆယ် အောက် လျှောက်ထားသူများအနေဖြင့် လျှောက်ထားမှုအပေါ်ဆောင်ရွက်ထားမှု အခြေအနေသိရှိနိုင်ရန်...

ဘုန်းကြီးကျောင်းများတွင်တည်းသည့် ရပ်ဝေးဘုရားဖူး ဧည့်သည်များ၏ ငွေနှင့်ပစ္စည်းများ မကြာခဏ ခိုးခံရ

ထားဝယ်ဘုန်းကြီး ကျောင်းများ တွင် တည်းခိုသည့် ရပ်ဝေးဘုရားဖူး ဧည့်သည်များ၏ငွေနှင့် ပစ္စည်းများ အကြိမ် ကြိမ်အခိုးခံနေရကြောင်း ထားဝယ်မြို့ရှိ ဘုန်းကြီးကျောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ၃ လအတွင်း ရပ်ဝေး ဘုရားဖူး ဧည့်သည်များထံမှ ဘုရားဖူး များ အများဆုံး တည်းခိုလေ့ရှိသည့် မရမ်းပင်ကျောင်းတွင် ကျပ် ၆...

လာမည့်မိုးရာသီ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်း မြင့်ဖွယ်ရှိဟု ကျန်းမာရေးဌာန ခန့်မှန်း

ရာသီဥတု အပြောင်းအလဲကြောင့် လာမည့်မိုးရာသီတွင် တနင်္သာရီတိုင်း ဒေသကြီးအတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်း မြင့်တက်ဖွယ်ရှိသည်ဟု တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။ တိုင်းအတွင်း ၂၀၁၄-၂၀၁၅တွင် အဖြစ်များခဲ့သည့် သွေးလွန်တုပ်ကွေး ရောဂါမှာ ၂နှစ်လျှင်တစ်ကြိမ် ရောဂါ ဖြစ်ပွားမှု များတတ်သည့်သဘောရှိသည့် အတွက် လာမည့်နှစ်တွင် ရောဂါဖြစ်ပွား မှုနည်းမည်ဟု...

တနင်္သာရီတွင် လူကုန်ကူးနှင့် လူမှောင်ခို အမှုသုံးခု ဖမ်းမိ

ယမန်နှစ် တစ်နှစ်လုံး တနင်္သာရီ တိုင်းတွင် လူကုန်းကူးမှု နှစ်မှုနှင့် လူမှောင်ခိုမှု တစ်မှု စုစုပေါင်း အမှု သုံးခုကို ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ အမှတ်(၁၀) တပ်ဖွဲ့စုမှူးရုံး(ထားဝယ်)ထံမှ သိရသည်။

ထားဝယ်တွင် လေးရက်အတွင်း အမျိုးသားနှစ်ဦး ဆွဲကြိုးချသေ

ထားဝယ်တွင် ဩဂုတ်လ ၃ ရက်မှ ၆ ရက်အထိ လေးရက်အတွင်း အမျိုး သားနှစ်ဦးဆွဲကြိုးချ သတ်သေ ခဲ့ကြ ကြောင်း ထားဝယ်မြို့မရဲစခန်းမှ သိရ သည်။ အထက်ပါ ရဲစခန်း၏ မှတ်တမ်း အရ ဩဂုတ်လ ၃ ရက်က ထားဝယ်မြို့ ဆန်းချီရပ်ကွက် ၈...

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လှူဒါန်းသည့် ရွေ့လျားစာကြည့်တိုက်ဖြင့် နယ်လှည့်စာအုပ်ငှားမည်

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လှူဒါန်းသည့် ရွေ့လျားစာကြည့်တိုက် ယာဉ်ဖြင့် ဇွန်လ ပထမအပတ်မှ စတင် ကာ နယ်လှည့် စာအုပ် ငှားရမ်းပေးမည် ဖြစ်ကြောင်း တနင်္သာရီတိုင်း ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ထံမှ သိရသည်။ ကနဦးတွင် ထားဝယ်ခရိုင်အတွင်း ကျေးရွာများ၊ စာသင်ကျောင်းများသို့ အလှည့်ကျ သွားရောက်ကာ သုတ၊...

လျှပ်စစ်ဓာတ်အားခ ရက်လွန်ကြေး မကောက်ခံရန် ညွှန်ကြားထားပြီးဟု လျှပ်စစ်ဝန်ကြီးပြော

လျှပ်စစ်ဓာတ်အားခ ကျသင့်ငွေ ကောက်ခံရာတွင် ရက်လွန်ကြေး မကောက် ခံဘဲ ပြည်ထောင်စုမှ သတ်မှတ်ညွှန်ကြား ထားသည့် အတိုင်းသာကောက်ခံရန် GGS ကုမ္ပဏီအား ညွှန်ကြားထားပြီး ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ပြောသည်။ ရက်လွန်ကြေး ကောက်ခံနေသည် နှင့် ပတ်သက်ပြီး GGS ကုမ္ပဏီ...

ထားဝယ်တွင် တရားစီ ရင်ရေးမဏ္ဍိုင်ကို တစ်ကိုယ်တော်ဆန္ဒပြ

အမွေဆိုင်အိမ်ကိစ္စကို ဥပဒေနှင့် အညီ မဆောင်ရွက်ပေးဟုဆိုကာ ထား ဝယ်တွင် ဇွန် လ ၁ ရက်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် ရှေ့တွင် တရားစီရင်ရေးမဏ္ဍိုင်ကို ပထမဆုံး တကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ သည်။ အမွေဆိုင်အိမ်ကို ညီဖြစ်သူက အရောင်းအဝယ် ပြုလုပ်သည့်ကိစ္စတွင် ဝယ်သူက နေအိမ်ကို...

မီးပျက်ပြုပြင်က ငွေကြေးပေးရန် မလို

ထားဝယ်ခရိုင်အတွင်းရှိ မီးသုံးသူ များအနေဖြင့် မီးပျက်ပြုပြင်ရန် ထားဝယ်ခရိုင် လျှပ်စစ်ဖြန့်ဖြူးနေသည့် ကုမ္ပဏီမှ မီးပြုပြင်သူများကို ငွေကြေး တစ်စုံတစ်ရာ ပေးဆောင်ရန် မလိုအပ် ကြောင်း DDPC လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဝန်ဆောင် မှုလုပ်ငန်းထံမှ သိရသည်။ လျှပ်စစ်မီးတိုင်မှ အိမ်အတွင်းတပ် ဆင်ထားသည့်မိန်းခလုတ်ခုံအထိ ပြုပြင်ပါက ငွေကြေးပေးဆောင်ရန် မလိုဘဲ အခမဲ့ဝန်ဆောင်မှု...

ပညာရှင် အခက်အခဲကြောင့် မြိတ်နှင့်လောင်းလုံးတွင် မိုးလေ၀သတိုင်းကိရိယာ မတပ်နိုင်သေး

ပညာရှင်အခက်အခဲကြောင့် မြိတ် နှင့် လောင်းလုံးမြို့တို့တွင် တပ်ဆင်မည့် အလိုအလျှောက် မိုးလေ၀သတိုင်း ကိရိယာများ ယခု မိုးတွင်းကာလတွင် မတပ်ဆင်နိုင်သေးကြောင်း တနင်္သာရီ တိုင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနထံမှ သိရသည်။ ကိုရီးယားနိုင်ငံနည်းပညာဖြင့် ထုတ်လုပ်ထားသည့် ယင်းကိရိယာ နှစ်ခု မှာ ဇူလိုင်လ ဒုတိယအပတ် ကတည်း...