Dawei Watch, Dawei News, Dawei News Media

တိုင်းအစိုးရအဖွဲ့ဝင်များ နေအိမ်အကျယ်ချုပ်မှ လွတ်

တပ်မတော်အာဏာသိမ်းပြီးနောက် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးခံထားရသည့် တနင်္သာရီတိုင်းအစိုးရအဖွဲ့ဝင်များကို ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း မိသားစုဝင် အချို့ထံမှသိရသည်။ အာဏာသိမ်းပြီးနောက် တိုင်းလွှတ် တော်ဥက္ကဋ္ဌ အပါအဝင် တိုင်းအစိုးရ အဖွဲ့ဝင်ဝန်ကြီးအချို့ကို တပ်စခန်းများ တွင်ဖမ်းဆီးထားခဲ့သည်။
Dawei Watch, Dawei News, Dawei News Media

ရွေးကော်ဥက္ကဋ္ဌများ ကိုးရက်ကြာသည်အထိ ပြန်မလွတ်သေး

တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသည့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ ကိုးရက်ကြာ သည်အထိ ပြန်မလွတ်သေးကြောင်း မိသားစုဝင်အချို့ထံမှ သိရသည်။ အာဏာသိမ်းပြီး ဖေဖော်ဝါရီလ ၁၀ ရက် ညပိုင်းတွင် ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲဥက္ကဋ္ဌများအား ဖမ်းဆီးထားခြင်းဖြစ်ပြီး...
Dawei Watch, Dawei News, Dawei News Media

စာသင်ကျောင်းများပြန်ဖွင့်ရေး ပြင်ဆင်ထားရန် ညွန်ကြား

စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ရန်ရှိသည်ဟုဆိုကာ ကျောင်းများ၏ ဥပဓိရုပ်ကောင်းမွန်စေရေး ကြိုတင်ပြင် ဆင်ထားရန် အခြေခံပညာဦးစီးဌာနက ဖေဖော်ဝါရီလ ၁၆ ရက်က ညွှန်ကြားထားကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ ဖေဖော်ဝါရီ ၉ ရက်တွင် ပြုလုပ်သည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊...
တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်

၀န်ကြီးချုပ် ဦးမြင့်မောင် ပုဒ် ၅၀၅ ဖြင့် အမှုဖွင့်ခံရ

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်အား ပုဒ်မ-၅၀၅ (ခ) ဖြင့် ထားဝယ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။ တပ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁၈ ရက်တွင် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။
Dawei Watch, Dawei News, Dawei News Media

ကံပေါက်ဒေသ ရပ်ရွာလုံခြုံရေး ကြိုတင်ကာကွယ်

ညဘက် ကျေးရွာနှင့် ရပ်ကွက်များ အတွင်းသို့ လူစိမ်းဝင်ပြီး မီးကွင်းပစ်သည်ဟုဆိုကာ ထားဝယ်ခရိုင်ရှိ ကျေး ရွာတော်တော်များများတွင် အုတ်အော်သောင်းတင်းဖြစ်နေကြသည့်အချိန် ရေဖြူမြို့နယ် ကံပေါက်ဒေသတွင်မူ ယင်းဖြစ်ရပ်မျိုးမရှိကြောင်း ဒေသခံ အချို့ထံမှ သိရသည်။ သို့သော် လူစိမ်းဝင် မီးကွင်းပစ်...
Dawei Watch, Dawei News, Dawei News Media

ကံပေါက်ရဲတပ်သား နုတ်ထွက်

ရေဖြူမြို့နယ် ကံပေါက်နယ်မြေ ရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် ထောင်အချုပ်တစ်ခုတွင် တာဝန်ထမ်းဆောင်နေရင်း တပ်အာဏာရှင်လက်အောက်တွင် တာဝန်မထမ်းဆောင်လိုသဖြင့် ဖေဖော်ဝါရီလ ၁၆ ရက် ရက်စွဲဖြင့် ထွက်စာတင်ထားကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ ရဲတပ်ဖွဲ့ထံမှ နုတ်ထွက်စာတင် ခြင်းသည်...

စစ်အစိုးရနှင့် အဆက်အသွယ်ဖြတ်ရန် စွမ်းအင်ကုမ္ပဏီများကို တောင်းဆို

ကံပေါက်ဒေသရှိ ရတနာ၊ ရဲတံခွန်၊ ဇောတိက ဓာတ်ငွေ့စီမံကိန်း ၃ ခုကို လုပ်ကိုင်နေသည့် ကုမ္ပဏီများအနေဖြင့် တပ်အာဏာသိမ်း အစိုးရနှင့် စီးပွားရေးအရ ဆက်သွယ်ခြင်း မပြုလုပ်ရန် ဒေသခံများက ဆန္ဒထုတ်ဖော် တောင်းဆို ခဲ့ကြသည်။ ဖေဖော်ဝါရီလ...
Dawei Watch, Dawei News, Dawei News Media

အင်တာနက်လိုင်းပြတ်ချိန်အတွက် အစားထိုးပေးမည်ဟု MBT ထုတ်ပြန်

အင်တာနက်လိုင်းပြတ်တောက် နေချိန်များကို အစားထိုးပေးမည်ဖြစ်ကြောင်း ထားဝယ်တွင် အင်တာနက်ဝန် ဆောင်မှုပေးနေသည့် MBTကုမ္ပဏီ ရုံးခွဲက ထုတ်ပြန်ထားသည်။ ဖေဖော်ဝါရီ ၁၄ ရက်မှစပြီး ည ၁ နာရီမှ မနက်ကိုးနာရီအထိ တစ်နေ့ ၈ နာရီ...

တယ်လီနောဆင်းကတ် ဝယ်ရန် ခက်ခဲ

ဖေဖော်ဝါရီလ တတိယအပတ်မှ စပြီး ထားဝယ်ဈေးကွက်အတွင်း တယ်လီနောဆင်းကတ်များ ဝယ်ယူရန်ခက်ခဲလာ နေသည်။ ထားဝယ်မြို့ရှိ ဖုန်းဆိုင်သုံးဆိုင် တွင် တယ်လီနောဆင်းကတ်လိုက်ဝယ်ရာ မရောင်းတော့ကြောင်းပြောကြသည်။ ရင်းနှီး၊ ခင်မင်သူအချို့ကိုမူ ရောင်းချပေးနေသည့် ဆိုင်အချို့ရှိသည်။
Dawei Watch, Dawei News, Dawei News Media

အဖမ်းခံရသူ ၅၀ဝ ကျော်

အာဏာသိမ်းသည့် နေ့မှ ၁၈ ရက်အတွင်း တပ်အစိုးရမှ ဖမ်းဆီးခဲ့သူ ၅၂၁ ဦး ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းအရသိရသည်။ ယင်းတို့တွင် ထောင်ဒဏ်ချခံထား ရသူ ၃ ဦး၊ ဖမ်းဝရမ်းနှင့် အမှုဖွင့်ခံ...