မော်လမြိုင်မြို့ပေါ်ရပ်ကွက်အားလုံးနီးပါး ရေကြီး၊ လူအချို့ပြောင်းရွှေ့နေရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်အားလုံးနီးပါး ရေကြီးနစ်မြုပ်နေပြီး လူအချို့ပြောင်းရွှေ့နေရကြောင်း မြို့ခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ဇူလိုင်လ ၁၈ ရက်နေ့ ညနေပိုင်းမှစတင်ကာ မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်အချို့တို့တွင် ရေကြီးရေလျှံမှု စတင်ဖြစ်ပွားခဲ့သည်။

ထားဝယ် ဒေါင်းငူဈေးအနီး ညောင်ကိုင်းကျိုးကျပြီး အမျိုးသမီးနှစ်ဦးဒဏ်ရာရ

ထားဝယ်မြို့ ဒေါင်းငူရပ်ကွက် ဒေါင်းငူဈေးအနီးတွင် ယနေ့ ညနေက ညောင်ကိုင်းကျိုးကျပြီး အမျိုးသမီးနှစ်ဦး ဒဏ်ရာရကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ ယနေ့ ဇွန်လ ၁၄ ရက် ညနေ ၇နာရီခန့်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ညနေဈေး (ခေါ်)...

မိုးများ၍ ထားဝယ်မြို့သစ်တွင် ရေကြီး

ထားဝယ်တွင် မနေ့(ဇူလိုင် ၂၈) ညက‌စပြီး ယ‌နေ့မနက်ပိုင်းအထိရွာသည့်မိုးကြောင့် ထားဝယ်မြို့သစ် ၈ လမ်း နှင့် ၅ လမ်း တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်လျက်ရှိသည်။ သက်ကြီးရွယ်အိုများနှင့် မကျန်းမာသူများကို လူမှုကူညီကယ်ဆယ်ရေးအသင်းဖွဲ့များက အရေးပေါ်ပြောင်းရွှေ့ ကူညီဆောင်ရွက်ပေးနေသည်။

တနင်္သာရီတိုင်းတွင် မိုးကြီး၊ လေပြင်းတိုက်မှုနှင့်အတူ ရေကြီးနိုင်ဟု မိုး/ဇလသတိပေး

တနင်္သာရီတိုင်းတွင် ဩဂုတ်လ ၁၉ ရက်နှင့် ၂၀ ရက်နေ့အတွင်း မိုးကြီး၊ လေပြင်းတိုက်ခတ်မူကြောင့် ရုတ်တရက်ရေကြီးခြင်း ဖြစ်လာနိုင်ကြောင်း မိုလေသနှင့် ဇလဗေဒဦးစီးဌာနက သတိပေးထားသည်။ ဘင်္ဂလားပင်လယ်အော်နှင့် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းအနီးတွင် လေဖိအားနည်းရပ်ဝန်းသည် အားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ်သို့ ပြောင်းလဲသွားနိုင်ကြောင်း...

ကော့သောင်း လုံးဖော‌ရွာတွင် အိမ်ခြေတစ်ရာကျော် ရေနစ်မြုပ်၊ လူလေးရာကျော် ရေဘေးသင့်

ကော့သောင်းခရိုင် ခမောက်ကြီးကော့သောင်းခရိုင် ခမောက်ကြီးမြို့ လုံးဖောရွာတွင် အိမ်ခြေတစ်ရာကျော် ရေကြီးနစ်မြုပ်ပြီး လူလေးရာကျော် ရေဘေးသင့်ခဲ့ကြောင်း လုံးဖောရွာနေသူအချို့က ပြောသည်။မြို့ လုံးဖောရွာတွင် အိမ်ခြေတစ်ရာကျော် ရေကြီးနစ်မြုပ်ပြီး လူလေးရာကျော် ရေဘေးသင့်ခဲ့ကြောင်း လုံးဖောရွာနေသူအချို့က ပြောသည်။ မိုးသည်းထန်စွာရွာသွန်းကာ လေပြင်းတိုက်ခိုက်ပြီး...

တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်မှ အနည်းငယ်ပြန်ကျသော်လည်း မြို့ပေါ်တွင် ရေကြီးနေဆဲ

စိုးရိမ်ရေအမှတ်ရောက်ခဲ့သည့် တနင်္သာရီမြစ်ရေမှာ ယနေ့တွင် ကိုးလက်မခန့် ပြန်ကျသွားသော်လည်း တနင်္သာရီမြို့ပေါ်တွင် ရေကြီးနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ယခုလအစမှစပြီး မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် ဩဂုတ်လ ၁၁ ရက်နေ့ ညနေ ၄ နာရီအချိန်တွင်...

မုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းတွင် ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုများနိုင်

မုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းတွင် မေလအတွင်း  ရက်ပေါင်း ၂၀ ခန့်အထိ မိုးထစ်ချုန်းရွာနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ မေလ ၇ ရက်တွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း၌ လေဖိအားနည်းရပ်ဝန်း(Low Pressure Area) တစ်ခု...

မယ်ဆိုင်ဒေသတွင်း လေထုညစ်ညမ်းမှုကို ဖြေရှင်းရန် အဆိုပြုချက်များ အစိုးရထံ တင်ပြမည်

ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ် ၊ မယ်ဆိုင်ခရိုင်တွင်း ပိုမိုဆိုးရွားလာသည့် လေထုညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းရန်  ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများသည် ရေတိုနှင့် ရေရှည်အစီအမံများကို ဒေသဆိုင်ရာ အာဏာပိုင်များမှတစ်ဆင့် နိုင်ငံတော်အစိုးရထံ တင်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ...

အယ်လ်နီညိုကြောင့် မိုးခေါင်ရေရှားမှုအတွက် ကြိုတင်ပြင်ဆင်ရန် ကျွမ်းကျင်သူများ တိုက်တွန်း

ထိုင်းနိုင်ငံ အနေနှင့် အယ်လ်နီညိုရာသီဥတုပုံစံကြောင့် မိုးရွာသွန်းမှုနည်းပါးမည့်အခြေအနေနှင့် မိုးခေါင်ရေရှားမှု ကြုံလာနိုင်မည့် အခြေအနေအပေါ် ကြိုတင်ပြင်ဆင်ထားရန် မိုးလေဝသ ကျွမ်းကျင်သူများက ထိုင်းအစိုးရကို သတိပေးလိုက်သည်။ ယင်းအပြင် ပြီးပြည့်စုံသော ရေစီမံခန့်ခွဲမှုအစီအစဉ်ကို အကောင်အထည်ဖော်ရန် လိုအပ်သည်ဟု တိုက်တွန်းလိုက်သည်။

ထားဝယ်ခရိုင်တွင် ကျေးရွာအချို့ ရေအခက်အခဲဖြစ်

ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာအချို့တွင် ဧပြီလ ပထမပတ်ကစပြီး ရေတွင်းများ ရေခန်းခြောက်လာကြသည့်အတွက် ရေအခက်အခဲဖြစ်နေကြကြောင်း ဒေသခံများက ပြောသည်။ လောင်းလုံးမြို့နယ်ရှိ ဝေဒီရွာ၊ မြောင်းပေါက်ရွာ၊ ပန်းဒလဲရွာစသည့်ကျေးရွာများရှိ ရေတွင်းများတွင် ရေထွက်ရှိမှု နည်းလာနေပြီဖြစ်ကြောင်း ဝေဒီရွာသူတစ်ဦးက ဆိုသည်။