ကာကွယ်ဆေး အမျိုးသားရေး ဝါဒ

ဗြိတိန်နှင့် ချမ်းသာသော ဥရောပနိုင်ငံများသည် ပျာယာခတ်နေကြသည်။ အံ့ဩစရာတော့ မဟုတ်။ ချမ်းသာသောနိုင်ငံများတွင် ယင်းတို့၏ပြည်သူများအတွက်ဟု ကာကွယ်ဆေးများ သိမ်းဆည်းထားခြင်း၏ ( တနည်းဆိုရလျှင် ကိုဗစ်ကာကွယ်ဆေး မရသေးသော နိုင်ငံများသို့ ထိုဆေးများအချိန်မီပံ့ပိုးမှုမရှိခြင်းကြောင့်) အကျိုးဆက်အဖြစ် အန္တရာယ်ရှိသော ကိုဗစ်ဗိုင်းရပ်စ်မျိုးကွဲ အိုမိုက်ခရွန်ပေါ်ထွက်လာခဲ့သည်။
video

ကိုဗစ်ကာလ အိမ်အရောက်ပို့ဈေးကား

ကိုဗစ်ကူးစက်မှုပြင်းထန်လာချိန်မှာ အိမ်အရောက်ပို့ ဈေးကားဝန်ဆောင်မှုကို ထားဝယ်မြို့မှာ စလုပ်လာပါတယ်။ ဘယ်လောက်ဖိုးပဲဝယ်ဝယ် ဖုန်းဆက်လိုက်တာနဲ့ အိမ်ရှေ့အရောက် လာရောင်းပေးမယ်လို့လည်း ဆိုပါတယ်။ အိမ်အရောက်ပို့ ဈေးကားဝန်ဆောင်မှုအကြောင်းကို Dawei Watch က တင်ဆက်ထားပါတယ်။

မွန်တွင် နှာခေါင်းစည်းဈေး သုံးဆခန့် ခုန်တက်

ကိုဗစ်ကူးစက်မှုနှုန်း များပြားနေသည့် မွန်ပြည်နယ်တွင် ပါးစပ် နှာခေါင်းစည်း Mask ဈေးနှုန်း သုံးဆခန့်အထိ ခုန်တက်သွားကြောင်း နှာခေါင်းစည်းရောင်းချနေသူတို့ထံမှ သိရသည်။ ဇွန်လမတိုင်းခင်က အခုရေ ၅၀ ပါသည့် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတစ်ဗူးလျှင် ကျပ်တစ်ထောင်ဝန်းကျင် ပေါက်ဈေးရှိခဲ့သော်လည်း...

မြိတ်တွင် သေဆုံးပြီးနောက် ကိုဗစ်ပိုးတွေ့သူ နှစ်ဦးရှိ

မြိတ်မြို့တွင် သေဆုံးပြီးနောက် စစ်ဆေးရာမှ ကိုဗစ်-၁၉ ကူးစက်ရောဂါပိုးတွေ့ရှိသူ နှစ်ဦးရှိပြီဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့က အသွားအလာကန့်သတ်ထားသည့် ဗဲင်(န်)တေ့(ချ်)ကုမ္ပဏီဝင်းတွင် အသက် ၂၅ နှစ်ရှိ အမျိုးသားတစ်ဦးသေဆုံးပြီး နောက် စစ်ဆေးခဲ့ရာ...

တနင်္သာရီတိုင်းတွင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ငါးသောင်းနီးပါးရှိ ဟုဆို

တနင်္သာရီတိုင်းတွင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ငါးသောင်းနီးပါးရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။အိန္ဒိယနိုင်ငံထုတ် ကိုဗီရှီးကာကွယ်ဆေးကို ပထမအသုတ်တွင် လူဦးရေ ၄၇ဝဝဝ ကျော်အား ထိုးပေးထားပြီး တရုတ်နိုင်ငံထုတ် ဆိုင်နိုဖမ်းကာကွယ်ဆေးကို ဒုတိယအသုတ်တွင် ၂၁၀၀ ကျော်အား ကာကွယ်ဆေးထိုးထားပြီးဖြစ်ကြောင်း အထက်ပါဌာန၏ တိုးချဲ့ကာကွယ်ဆေး/ကူးစက် ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက...

လောင်းလုံးဆေးရုံတွင် ကိုဗစ်လူနာထားမည့်နေရာ မလောက်တော့သည့်အတွက် ထိတွေ့သူအချို့ ရွာပြန်ပြီး ကုသနေရ

လောင်းလုံးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်လူနာများထားမည့်နေရာ မလုံလောက်တော့သဖြင့် ကိုဗစ်လူနာအချို့ကို ရွာပြန်လာပြီး ကုသနေရကြောင်း ယင်းဆေးရုံနှင့် ဒေသခံအချို့ထံမှ သိရသည်။ အနံ့ပျောက်ခြင်း၊ နေမကောင်းဖြစ်ခြင်း စသည့် ကိုဗစ်သံသယလက္ခဏာရှိသူနှင့် ထိတွေ့မှုရှိသူအချို့ကိုလည်း ရောဂါရှာ‌ဖွေ စစ်ဆေးပေးခြင်းမရှိတော့ကြောင်း လောင်းလုံးဒေသခံအချို့က ပြောသည်။
video

ဆေးဝယ်သူများပြီး ဆေးအချို့ပစ္စည်းပြတ်လပ်

ကိုဗစ်ကပ်‌ဘေးကာလမှာ ဆေးဝါးကြိုတင်ဝယ်ယူစုဆောင်းသူတွေကြောင့် ဈေးကွက်ထဲ ‌အိမ်သုံးဆေးဝါး‌တွေ ထားဝယ်မြို့က ဆေးဆိုင်တွေမှာပြတ်လပ်လာပါတယ်။

ထားဝယ်အတွက် အောက်ဆီဂျင်မလုံလောက်၍ စက်အသစ်တစ်လုံး ထပ်ဝယ်မည်

ထားဝယ်ဒေသရှိ အာယုဒါနပါရမီမြောက်ကုသိုလ်ဖြစ် အရေးပေါ်အောက်ဆီဂျင် လှူဒါန်းရေး၏ လက်ရှိအောက်ဆီဂျင် ထုတ်လုပ်မှုမှာ မလုံလောက်တော့သဖြင့် နောက်ထပ်စက်တစ်လုံး ထပ်ဝယ်ရန် ပြင်ဆင်နေကြောင်း သိရသည်။ လက်ရှိတွင် အာယုဒါနအဖွဲ့က စက်တစ်လုံးဖြင့် အောက်ဆီဂျင်ထုတ်လုပ်လှူဒါန်းနေပြီး ၂၄ နာရီအပြည့် စက်လည်ပတ်ကာ ၄၀...

တနင်္သာရီတိုင်း လေယာဉ်ခရီးစဉ်ရပ်နားမှု သက်တမ်းထပ်တိုး

ကိုဗစ်ရောဂါကူးစက်မှုမြင့်တက်နေသည့်အတွက် တနင်္သာရီတိုင်းအတွင်းသို့ ပြေးဆွဲနေသည့်လေယာဉ်ခရီးစဉ်များ ပြေးဆွဲမှုရပ်နားထားခြင်းကို ထပ်မံသက်တမ်းတိုးလိုက်ကြောင်း လေကြောင်းလိုင်းများက ထုတ်ပြန်ထားသည်။ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းသို့ ပျံသန်းပြေးဆွဲနေသည့် လေယာဉ်ခရီးစဉ်များအား မေလ ၂၉ ရက်နေ့မှစ၍ ရပ်နားထားခဲ့သည်။လက်ရှိတွင် ကိုဗစ်ကပ်ဘေး ကူးစက်မှုပိုမိုမြင့်တက်လာသည့်အတွက် လေကြောင်းလိုင်း...
Dawei Watch, Dawei News, Dawei News Media

မြိတ်တွင် ကိုဗစ်အကြောင်းပြု ဂွေးတောက်ရွက်နှင့် ပင်စိမ်းရွက် ဈေးမြှင့်တက်

မြိတ်မြို့တွင် ကိုဗစ်ကူးစက်ရောဂါပိုး အကြောင်းပြုပြီး ဇူလိုင်လ ၁၈ ရက်နေ့မှစပြီး ဂွေးတောက်ရွက်နှင့် ပင်စိမ်းရွက်တို့ဈေးနှုန်းမြှင့်တက်နေကြောင်း သိရသည်။ ကိုဗစ်လူနာတို့ အရေးပေါ်အောက်ဆီဂျင်လိုအပ်လာပါက ရေ‌နွေးပူထည့်ထားသည့် ဖန်ခွက်အတွင်း ဂွေးတောက်ရွက်တစ်ချို့ ထည့်စိမ်ပြီး အငွေ့အား ရှုရှိုက်စေခြင်းဖြင့် အောက်ဆီဂျင်ရရှိစေမည်ဖြစ်ကြောင်း ရေးသားထားသည့်...