မြိတ်တွင် သေဆုံးပြီးနောက် ကိုဗစ်ပိုးတွေ့သူ နှစ်ဦးရှိ

0
202

မြိတ်မြို့တွင် သေဆုံးပြီးနောက် စစ်ဆေးရာမှ ကိုဗစ်-၁၉ ကူးစက်ရောဂါပိုးတွေ့ရှိသူ နှစ်ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့က အသွားအလာကန့်သတ်ထားသည့် ဗဲင်(န်)တေ့(ချ်)ကုမ္ပဏီဝင်းတွင် အသက် ၂၅ နှစ်ရှိ အမျိုးသားတစ်ဦးသေဆုံးပြီး နောက် စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိခဲ့ သည်။

ဒုတိယတစ်ဦးမှာ အသက် ၅၈ နှစ်အရွယ် သီလရှင်တစ်ဦးဖြစ်ပြီး ၎င်းမှာ သာကေတရပ် ဘေးမဲ့ကျောင်းတွင် သီတင်းသုံးပြီး တက္ကသိုလ်ရပ်ရှိ ဆွမ်း ဒကာနေအိမ်တွင် ပြောင်းရွှေ့သီတင်းသုံးနေစဉ် ဒီဇင်ဘာလ ၂၁ ရက်နေ့က ဆွဲကြိုးချသေဆုံးခဲ့ကြောင်း မြို့မရဲစခန်း မှ သိရသည်။

အဆိုပါ သီလရှင်ကို စစ်ဆေးခဲ့ရာ ကိုဗစ်ပိုးတွေ့ရှိသဖြင့် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် သေဆုံးရောက်ရှိလူနာ တစ်ဦးအဖြစ် မြိတ်ပြည်သူ့ဆေးရုံကြီး၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။

မြိတ်တွင် ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ ကိုဗစ်လူနာ ၂၉၃ ဦးရှိခဲ့ပြီး အဆိုပါ နှစ်ဦးအပါအဝင် သေဆုံးသူ သုံးဦးရှိပြီ ဖြစ်သည်။

မြင့်မိုရ်(မြိတ်)