မွန်ငါးဖမ်းပိုက်ချက်လေလံ ရောင်းချမှု ကိုဗစ်ကြောင့် သိန်းလေးထောင်ခန့်လျော့

လာမည့်နှစ် ငါးဖမ်းလုပ်ငန်းရာသီအတွက် မွန်ပြည်နယ်အတွင်းရှိ ငါးဖမ်း ပိုက်ချက်များကို လေလံတင်ရောင်းချခဲ့ရာ အခွန်ငွေ ကျပ်သိန်းခြောက်ထောင် ကျော်ရရှိသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီးထံမှ သိရသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပြည်နယ်အတွင်းရှိ ငါးဖမ်းပိုက်ချက် ၁၁၃...

ကိုဗစ်ရောဂါဖြစ်ပါက ခံစားရမည့် နောက်ဆက်တွဲရေရှည်ဆိုးကျိုးများ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုးကူး စက်ခံရသူများအနက် ရောဂါပြင်းထန်စွာ ခံစားရသူများသည် ဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုများခံယူရကာ အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူများတွင် နောက်ဆက်တွဲရေရှည်ဆိုးကျိုးများအနေနှင့်အောက်ပါတို့ ခံစားရနိုင်ပါတယ်။

ရေဖြူ ပိုးတွေ့လူနာ ရန်ကုန်တွင်နေထိုင်သူဖြစ်

ယနေ့နံနက်ပိုင်း၌ ထုတ်ပြန်သည့် ကိုဗစ်အတည်ပြုလူနာစာရင်းတွင် ပါဝင်သော ရေဖြူမြို့နယ်မှ လူနာသည် ရန်ကုန်မြို့တွင်နေထိုင်သူဖြစ်ကြောင်း ရေဖြူမြို့နယ် ကုသရေးဦးစီးမှူးက အတည်‌ပြုပြောကြားသည်။ယင်းအမျိုးသားမှာ ရေဖြူမြို့နယ်၊ ကန်ပေါက်ဇာတိဖြစ်ပြီး ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ပြန်လာစဉ် နေမကောင်းသဖြင့် စစ်ဆေးရာမှ ကိုဗစ်ရောဂါပိုးတွေ့ရှိခြင်းဖြစ်ကြောင်း မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာခင်မျိုးက ပြောသည်။

စပိန်က ကိုဗစ် ဒုတိယလှိုင်း

ကိုဗစ်ကပ်ဘေး ကာလအတွင်း စပိန်ကို မူလက တင်းတင်းကျပ်ကျပ် အသွားအလာ ကန့်သတ်ထားသည်။ သို့သော် ကန့်သတ်မှုများ ပြန်ဖွင့်ပြီးနောက် ပိုးကူးစက်နှုန်း ခပ်မြန်မြန် ပြန်ဖြစ်လာ သည်။ အခုတော့ ဥရောပမှာ ကူးစက်မှုအများဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်လာ...

ကမ်းခြေနှင့် ရေတံခွန်များ ပြန်ပိတ်မည်

ကိုဗစ်ရောဂါ ကူးစက်မှုများနေသည့်အတွက် ကမ်းခြေနှင့် ရေတံခွန်များသို့ လည်ပတ်ခွင့်အား ပြန်လည်ကန့်သတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူးက ပြောကြားသည်။ ထိုသို့ ပြန်ပိတ်ရန် သြဂုတ်လ ၂၇ ရက်နေ့က ပြုလုပ်သည့် ကော်မတီညှိနှိုင်း...

ကိုဗစ်ထောက်ပံ့ကြေးကိစ္စ အတိုင်ခံရသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦးအမှု ခရိုင်ဆုံးဖြတ်ချက် စောင့်ဆိုင်း

လောင်းလုံးမြို့နယ်တွင် အခြေခံ လူတန်းစား ထောက်ပံ့ကြေးငွေကိစ္စဖြင့် အတိုင်ခံထားရသည့် တီဇစ်ကျေးရွာ အုပ်ချုပ်ရေးမှုးနှင့် (က) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှစ်ဦးကိစ္စ စစ်ဆေးပြီးဖြစ် ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး မှူးရုံးထံမှ သိရသည်။ တီဇစ်ကျေးရွာ အုပ်ချုပ်ရေးမှူးကိစ္စ စစ်ဆေးချက်များကို ထားဝယ်ခရိုင်အုပ်...

ကိုဗစ်ဒုတိယလှိုင်း တော်လှန်ရေး

မြန်မာနိုင်ငံကို ခြိမ်းခြောက်လာနေသည့် ကိုဗစ်ဒုတိယလှိုင်းအား တန်ပြန် တုံ့ပြန်ရန် တနင်္သာရီတိုင်းအစိုးရက ပြင်ဆင်ပြီ။ ကိုဗစ်ကပ်ဘေးစတင်ဖြစ်ပွားချိန်က ကန့်သတ်ထားသည့် ကမ်းခြေလည် ပတ်ခွင့်ကို ကန့်သတ်ခြင်းအပါအဝင် အခြားစည်းကမ်းချက်များကို ပြန်လည်ကြပ်မတ်တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်း ရေးမှူးက...

တနင်္သာရီတိုင်းမှ ကျန်းမာရေးဝန်ထမ်း ၂၁ ဦး ရခိုင်တွင် စေတနာ့ဝန်ထမ်းလုပ်ရန် စာရင်းပေးထား

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်တက်နေသည့် ရခိုင်ပြည်နယ်သို့ စေတနာ့ဝန်ထမ်းအဖြစ်သွားရောက်တာဝန် ထမ်းဆောင်ရန် တနင်္သာရီတိုင်းမှ ကျန်းမာရေးဝန်ထမ်း ၂၁ ဦး စာရင်းပေး ထားကြောင်း တနင်္သာရီတိုင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှပြောရေးဆို ခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ပြောသည်။

တိုင်းအစိုးရ၏ ကိုဗစ်အမိန့်ကို အံတုနေဆဲ KTV နှင့် မာဆတ်

ကိုဗစ်ကပ်ဘေးကြောင့် KTV ဆိုင်များ ပိတ်ထားရန်နှင့် မလိုက်နာပါက ဥပဒေနှစ်ခုဖြင့် အရေးယူမည်ဖြစ်ကြောင်း တိုင်းအစိုးရက သြဂုတ်လ ၁၄ ရက်နေ့က ထုတ်ပြန်ထားသည်။ ထိုသို့ ထုတ်ပြန်ပြီးနောက် ထားဝယ်မြို့ပေါ်ရှိ KTV ဆိုင်များ ပိတ်လိုက်ကြသော်လည်း မောင်းမကန်ကမ်းခြေရှိ...

တနင်္သာရီတိုင်းအတွင်း ကိုဗစ် စည်းကမ်းဖောက်သူ နှစ်ရာကျော်ကို အရေးယူ

တနင်္သာရီတိုင်းအတွင်း ကိုဗစ် ကပ်ဘေးစတင်ဖြစ်ပွားချိန်မှ လက်ရှိအချိန်ထိ ကိုဗစ်စည်းကမ်းဖောက်ဖျက်သူ နှစ်ရာကျော်ကို အရေးယူခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ တိုင်းအစိုးရက ကိုဗစ်စည်းကမ်းချက်များစတင်ထုတ်ပြန်ချိန်မှ သြဂုတ်လ ၂၄ ရက်နေ့အထိ ကိုဗစ်စည်းကမ်း ဖောက်ဖျက်သူ ၂၃၁ ဦးကို အရေးယူခဲ့ကြောင်း...