ရေဖြူ ပိုးတွေ့လူနာ ရန်ကုန်တွင်နေထိုင်သူဖြစ်

0
972

ယနေ့နံနက်ပိုင်း၌ ထုတ်ပြန်သည့် ကိုဗစ်အတည်ပြုလူနာစာရင်းတွင် ပါဝင်သော ရေဖြူမြို့နယ်မှ လူနာသည် ရန်ကုန်မြို့တွင်နေထိုင်သူဖြစ်ကြောင်း ရေဖြူမြို့နယ် ကုသရေးဦးစီးမှူးက အတည်‌ပြုပြောကြားသည်။
ယင်းအမျိုးသားမှာ ရေဖြူမြို့နယ်၊ ကန်ပေါက်ဇာတိဖြစ်ပြီး ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ပြန်လာစဉ် နေမကောင်းသဖြင့် စစ်ဆေးရာမှ ကိုဗစ်ရောဂါပိုးတွေ့ရှိခြင်းဖြစ်ကြောင်း မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာခင်မျိုးက ပြောသည်။

ကိုဗစ်အတည်ပြုလူနာ ၁၉ ဦး ထပ်မံတွေ့ရှိရကြောင်း ယနေ့နံနက် ၈ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာခဲ့ရာ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ တောင်ကြီး၊ လားရှိုးနှင့် ရေဖြူမြို့များ ပါဝင်ခဲ့သည်။