ကမ်းခြေနှင့် ရေတံခွန်များ ပြန်ပိတ်မည်

0
651

ကိုဗစ်ရောဂါ ကူးစက်မှုများနေသည့်အတွက် ကမ်းခြေနှင့် ရေတံခွန်များသို့ လည်ပတ်ခွင့်အား ပြန်လည်ကန့်သတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူးက ပြောကြားသည်။

ထိုသို့ ပြန်ပိတ်ရန် သြဂုတ်လ ၂၇ ရက်နေ့က ပြုလုပ်သည့် ကော်မတီညှိနှိုင်း အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ပါတီလေးခုမှ ကိုယ်စားလှယ်လောင်းလေးဦး ရွေးကောက်ပွဲဝင်ခွင့်မရ

ကိုဗစ်ကပ်ဘေးကြောင့် တိုင်းအတွင်းရှိ ကမ်းခြေအားလုံးကို မတ်လ ၂၇ ရက်နေ့တွင် လည်ပတ်ခွင့်ပိတ်ခဲ့ပြီးနောက် ဇွန်လဆန်း(၃ရက်နေ့) တွင် ပြန်လည်လည်ပတ်ခွင့်ပြုခဲ့သည်။

သို့ရာတွင် ကိုဗစ်ရောဂါကူးစက်မှုမြင့်လာသည့်အတွက် ပြန်လည်ကန့် သတ်ရန် ကော်မတီတွင် ဆုံးဖြတ်ထားပြီး မကြာခင်ထုတ်ပြန်မည်ဖြစ်ကြောင်း ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ အတွင်းရေးမှူးဗိုလ်မှူး ကြီးကျော်ဇေယျက ဆိုသည်။

အသေးစိတ်အချက်အလက်များကိုမူ သက်ဆိုင်ရာဝန်ကြီးနှင့် ဆွေးနွေးရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဘယ်နေ့ပိတ်မယ်ဆိုတာတော့ ဆွေးနွေးရဦးမယ်” ဟု ၎င်းက ဆိုသည်။

ကမ်းခြေများ ပြန်ဖွင့်ပြီးနောက်ပိုင်းတွင် ဒေသခံများသာမက အခြားတိုင်းနှင့် ပြည်နယ်မှခရီးသွားများ လာရောက်လည်ပတ်မှုများ ရှိသည်။

အခြားတိုင်းနှင့် ပြည်နယ်ရှိ ကမ်းခြေများကိုမူ သက်ဆိုင်ရာအစိုးရက လည်ပတ်ခွင့် တားမြစ်ထားဆဲဖြစ်သည်။