မွန်ငါးဖမ်းပိုက်ချက်လေလံ ရောင်းချမှု ကိုဗစ်ကြောင့် သိန်းလေးထောင်ခန့်လျော့

0
318

လာမည့်နှစ် ငါးဖမ်းလုပ်ငန်းရာသီအတွက် မွန်ပြည်နယ်အတွင်းရှိ ငါးဖမ်း ပိုက်ချက်များကို လေလံတင်ရောင်းချခဲ့ရာ အခွန်ငွေ ကျပ်သိန်းခြောက်ထောင် ကျော်ရရှိသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီးထံမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပြည်နယ်အတွင်းရှိ ငါးဖမ်းပိုက်ချက် ၁၁၃ ချက်ကို သြဂုတ်လ ၁၁ ရက်နေ့က စတင် လေလံရောင်းချခြင်းမှ ရရှိခဲ့ခြင်း ဖြစ်သည်။

ဘဏ္ဍာရေးစည်းမျဉ်း လုပ်ထုံးလုပ်နည်းနှင့် မညီသည့်အပေါ် အရေးယူမှုမရှိဟုဆို

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် မွန်ပြည်နယ် ငါးဈေးကွက်ပျက်နေသည့် အနေအထားတွင် ငါးလုပ်ငန်းရှင်များ ငါးဖမ်းပိုက်ချက်များကို အပြိုင်အဆိုင်မဝယ်ယူကြသည့်အတွက် လေလံ ရောင်းရငွေလည်း ယမန်နှစ်ကနှင့် နှိုင်းယှဉ်လျှင် လျော့နည်းရရှိခဲ့သည်။

“ဒီနှစ်တော့ တရုတ်ပြည် ငါးဈေးကွက်က ပျက်တော့ တင်ဒါဆွဲသူတွေကလည်း အပြိုင်အဆိုင်ဝယ်ဖို့လျှော့ထားကြတယ်။ ကြမ်းခင်းဈေးကို မီရုံလေး ပေါ့” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုး မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

၎င်းအပြင် ကျန်ရှိနေသေးသည့် ပိုက်ချက် ၂၄ ချက်ကိုလည်း ရသင့်ရထိုက်သည့် ဈေးနှုန်းတစ်ခုသတ်မှတ်ပြီး ဆက်လက်ရောင်းချသွားမည်ဖြစ်ပြီး ဈေးနည်းလွန်းသောကြောင့် မရောင်းရဘဲ ကျန်သည်ဖြစ်စေ၊ လေလံဆွဲယူမည့်သူမရှိ သည်ဖြစ်စေ ပိုက်ချက်ရောင်းချခြင်းကို ပိတ်သိမ်းမည်ဟုလည်း ဝန်ကြီးက ပြောသည်။

မွန်တွင် မသန်စွမ်း သောင်းနှင့်ချီ မဲပေးခွင့် ဆုံးရှုံးဖွယ်ရှိ

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် မွန်ပြည်နယ် ငါးဈေးကွက်ပျက်ရေလုပ်သားတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံ တွေ့နေရသည်။

“အခုဆို ရေလုပ်သားရော၊ ရေလုပ် ငန်းရှင်ရော အခက်အခဲဖြစ်နေကြတယ်။ ဒီလိုအခြေအနေမှာ ငါးလုပ်ငန်းရှင်တွေ လေလံဆွဲကြဖို့ တွန့်ကြတယ်လေ။ ခါတိုင်းလို ဈေးအပြိုင်အဆိုင်မရှိဘူး” ဟု ရေလုပ်သား ဦးအေးခိုင်က ပြောသည်။