ဘဏ္ဍာရေးစည်းမျဉ်း လုပ်ထုံးလုပ်နည်းနှင့် မညီသည့်အပေါ် အရေးယူမှုမရှိဟုဆို

0
420

ပြည်သူ့ဘဏ္ဍာရန်ပုံငွေများကို သုံးစွဲရာတွင် ဌာနဆိုင်ရာအချို့မှာ ဘဏ္ဍာရေး စည်းမျဉ်း လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုမရှိသော်လည်း အစိုးရက အရေးယူဆောင်ရွက်မှုမရှိဟု မွန်ပြည် နယ်စာရင်းစစ်ချုပ်၏ အစီရင်ခံစာအရ သိရသည်။

မွန်ပြည်နယ်စာရင်းစစ်ချုပ်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေစာရင်း စစ်ဆေးတွေ့ရှိချက်နှင့် ဝန်ကြီးဌာန အချို့တို့၏ ထူးခြားသော စစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို လက်ရှိကျင်းပလျက်ရှိသည့် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့ပြီး အစီရင်ခံစာတွင် ထိုကဲ့သို့ ပါရှိခြင်းဖြစ်သည်။

မွန်တွင် မသန်စွမ်း သောင်းနှင့်ချီ မဲပေးခွင့် ဆုံးရှုံးဖွယ်ရှိ

ဘဏ္ဍာငွေများကို သုံးစွဲရာတွင် ဘဏ္ဍာရေး စည်းမျဉ်း လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုမရှိခဲ့သည့် ဌာနဆိုင်ရာ ကိုးခုကို အရေးယူမှုများဆောင်ရွက်ပေး နိုင်ရန် အကြောင်းကြားစာ ၂၁ စောင် ပေးပို့ခဲ့သည်ဟု အစီရင်ခံစာတွင် ပါရှိသည်။

အကြောင်းကြားစာများနှင့် ပတ်သက်ပြီး အချို့ဆိုလျှင် အကြောင်းပြန်မှု မရှိကြောင်း၊ အကြောင်းပြန်ကြားမှုရှိ သည့်စာအချို့သည်လည်း အရေးယူ ဆောင်ရွက်ထားသည့်အခြေအနေသို့ မရောက်ရှိကြောင်းလည်း အစီရင်ခံစာက ပြောထားသည်။

“ယခု (အစီရင်ခံစာ) တင်ပြချိန်ထိ ပြန်ကြားမှုမရှိသေးပါ။ ပြန်ကြားမှု ရရှိပြီးသော စာများမှာလည်း အရေးယူဆောင် ရွက်မှု ပြီးပြတ်မှုမရှိပဲ လိုက်နာဆောင်ရွက်ပါမည် လိုက်နာဆောင်ရွက်ရန် လမ်းညွှန် ထားပါသည် စသဖြင့် ပြန်ကြားထားပါတယ်” ဟု ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်သိန်းသိန်းဦးက ပြောသည်။

ဘဏ္ဍာရန်ပုံငွေများကို ဘဏ္ဍာရေး နှစ်ကုန်ခါနီးတွင် ထုတ်ယူခဲ့ပြီး သုံးစွဲရန် အချိန်မမီတော့သော်လည်း ပြန်လည် အပ်နှံခြင်းမပြုဘဲ နောက်ဘဏ္ဍာရေးနှစ်အတွက် ကျခံသုံးစွဲထားသည်လည်း တွေ့ရှိရပြီး ယင်းလုပ်ရပ်သည်လည်း ဘဏ္ဍာရေး စည်းမျဉ်း လုပ်ထုံးလုပ်နည်း နှင့် ကိုက်ညီမှုမရှိဘူးလို့လည်း အစီရင်ခံစာတွင် ပါရှိသည်။

အဝတ် ပါးစပ်နှင့် နှာခေါင်းစည်း ဘယ်လိုချုပ်မှာလဲ

၎င်းအပြင် သမ္မတညွှန်ကြားချက် တင်ဒါလုပ်ထုံးလုပ်နည်း ၁/၂၀၁၇ အရ ကျပ် ၁၀ သန်းအထက် လုပ်ငန်းများကို တင်ဒါခေါ်ယူရမည် ဖြစ်သော်လည်း မွန်ပြည်နယ်အစိုးက ကျပ် ၁၀ သန်းနှင့်အထက် လုပ်ငန်း ၁၀ ခုကျော်ကိုလည်း တင်ဒါမခေါ်ဘဲ လုပ်ငန်းဆောင်ရွက်စေခဲ့သည်ဟု အစီရင်ခံစာတွင် ပါရှိသည်။

ပြည်သူ့ဘဏ္ဍာငွေများကို သုံးစွဲရာတွင် ဌာနဆိုင်ရာအချင်းချင်း ပေါင်းစပ် ညှိနှိုင်းမှုမရှိသည့်အတွက် ရင်းနှီးမြှုပ်နှံ မှုများစွာ ကုန်ကျခဲ့ရသော်လည်း ပြည်သူများအတွက် ထိရောက်စွာအကျိုးသက် ရောက်မှုမရရှိ၍ ပြည်သူ့ ဘဏ္ဍာငွေ အဟောသိကံဖြစ်စေခဲ့သည်ဟု အစီရင်ခံ စာက ဆိုသည်။

ယဉ်စနိုင်း