တိုင်းအစိုးရ၏ ကိုဗစ်အမိန့်ကို အံတုနေဆဲ KTV နှင့် မာဆတ်

0
892

ကိုဗစ်ကပ်ဘေးကြောင့် KTV ဆိုင်များ ပိတ်ထားရန်နှင့် မလိုက်နာပါက ဥပဒေနှစ်ခုဖြင့် အရေးယူမည်ဖြစ်ကြောင်း တိုင်းအစိုးရက သြဂုတ်လ ၁၄ ရက်နေ့က ထုတ်ပြန်ထားသည်။

ထိုသို့ ထုတ်ပြန်ပြီးနောက် ထားဝယ်မြို့ပေါ်ရှိ KTV ဆိုင်များ ပိတ်လိုက်ကြသော်လည်း မောင်းမကန်ကမ်းခြေရှိ KTV ဆိုင်များနှင့် မာဆတ်(အနှိပ်ခန်း)များမှာ ဖွင့်လှစ်ထားဆဲဖြစ်သည်ကို သြဂုတ်လ၂၆ ရက်ညက တွေ့ရသည်။

ဆေးသမား မိန်းမ

တနင်္သာရီအပတ်စဉ်၏ စုံစမ်းချက်အရ မောင်းမကန်ကမ်းခြေမရောက်မီ လမ်းအရှေ့ဘက်တွက် ဖွင့်လှစ်ထားသည့် KTV ဆိုင်များနှင့် ကမ်းခြေရှိ ဟိုတယ်တစ်ခုကဖွင့်ထားသည့် မာဆတ် လုပ်ငန်းတစ်ခုတို့ လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

ယခင်ကလည်း KTV များမဖွင့်ရန် တိုင်းအစိုးရက ထုတ်ပြန်ထားသော်လည်း လိုက်နာမှုမရှိဘဲ ထားဝယ်မြို့နှင့် မြိတ်မြို့ရှိ KTV နှင့် မာဆတ်လုပ်ငန်းများ ဖွင့်လှစ်နေခဲ့သည်။

ထိုကြောင့် အစိုးရထုတ်ပြန်ထားသည့် အမိန့်ကို ချိုးဖောက်ကာ ခိုးဖွင့်နေသည့် KTV နှင့် မာဆတ်လုပ်ငန်းများကို ဥပဒေနှစ်ခုဖြင့် အရေးယူမည်ဖြစ်ကြောင်း သြဂုတ်လ ၁၄ ရက်နေ့တွင် တိုင်းအစိုးရက ထပ်မံထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

KTV ဆိုင်များ ခိုးမဖွင့်စေရေးအတွက် ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေးဥပဒေအပြင် ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်ကို မလိုက်နာမှုဖြင့်လည်း ထပ်မံအရေးယူမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ ပြောရေးဆို ခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းကလည်း ပြောဆိုထားသည်။

မြိတ်တွင် လူငယ်တစ်ဦး မေ့ဆေးဖြင့် ခေါ်ဆောင်ခံရ

မဖွင့်ရန်တားမြစ်ထားသည့်ကြားက ခိုးဖွင့်နေသည့် အဆိုပါလုပ်ငန်းများကို ကြပ်မတ်ရန် သက်ဆိုင်ရာမြို့နယ်ထွေအုပ်က ကြပ်မတ်ရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ကျော်ဇေယျက ဆိုသည်။

မောင်းမကန်ကမ်းခြေတွင်ဖွင့်ထားသည့် အထက်ပါဆိုင်များက သြဂုတ်လ ၂၇ ရက်နေ့တွင် အားလုံးပြန်ပိတ်လိုက်ကြသည်ဟု မောင်းမကန်ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။
မောင်းမကန်ကမ်းခြေတွင် KTV နှင့် မာဆတ် စုစုပေါင်း ၁၀ ဆိုင်နီးပါးရှိသည်။