ထားဝယ်စပါးဈေး အခြေခံဈေးနှုန်းအောက် ကျနေသော်လည်း ဝယ်သူမရှိ

ထားဝယ်ခရိုင်တွင် စပါးဈေးများ အခြေခံဈေးနှုန်းအောက် ထိုးကျနေသော်လည်း ဝယ်မည့်သူများမရှိကြောင်း ထားဝယ်ခရိုင်ရှိ လယ်သမားအချို့ထံမှ သိရသည်။ စပါးတစ်တင်း၏ အခြေခံဈေးနှုန်း ကို ကျပ်ငါးထောင်ဟု သတ်မှတ်ထားသော်လည်း ထားဝယ်ခရိုင်တွင် လက်ရှိ စပါးပေါက်ဈေးမှာ ကျပ်သုံးထောင်ငါးရာမှ ကျပ်လေးထောင်ငါးရာအထိသာ ဈေး ပေါက်နေကြောင်း ယင်းလယ်သမား အချို့က ပြောသည်။

ဇီဝဇိုးငှက်သိုက် စုဆောင်းထုတ်ယူခွင့်ရသည့်အိမ် လေးရာနီးပါးအထိ ရှိလာ

တနင်္သာရီတိုင်းအတွင်း ဇီဝဇိုးငှက်သိုက် စုဆောင်းထုတ်ယူခွင့်လိုင်စင်(စာ ချုပ်) ရှိသည့် အိမ်အရေအတွက်မှာ ယခု နှစ်အတွင်း လေးရာနီးပါးအထိ ရှိလာကြောင်း တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အထိ စာရင်းများအရ ဇီဝဇိုးငှက်ကို အိမ်တွင်မွေးမြူကာ ငှက်သိုက်ထုတ်လုပ်ရန် သစ် တောဌာနနှင့် စာချုပ်ချုပ်ဆိုထားသည့် အိမ်...

ကမ်းဝေးငါးဖမ်းလှေများ VMS မပါဘဲ ရက် ၆၀ ဖမ်းဆီးခွင့်ပြု

ကမ်းဝေးငါးဖမ်းလှေများအား လှေ စောင့်ကြည့်ရေးစနစ်(VMS) မပါဘဲ ရက်ပေါင်းခြောက်ဆယ် ငါးဖမ်းဆီးခွင့် ပြုလိုက်ကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။ ငါးဖမ်းရာသီစတင်ချိန်ဖြစ်သည့် စက်တင်ဘာလ ၁ ရက်မှ အောက်တိုဘာ လ ၃၀ ရက်အထိ VMS (Vessel Monitoring System)...

ရော်ဘာ၊ ကွမ်းသီး၊ သီဟို သီးနှံထုတ်လုပ်မှုစရိတ် ချေးငွေလျှောက်သူ မရှိ

တနင်္သာရီတိုင်းတွင် ရော်ဘာ၊ ကွမ်း သီး၊ သီဟို သီးနှံထုတ်လုပ်မှုစရိတ် ချေးငွေ လာရောက် လျှောက်ထားသူ တစ်ဦးမျှ မရှိကြောင်း တနင်္သာရီတိုင်းမြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။ သီးနှံထုတ်လုပ်မှုစရိတ်ကို မိုးစပါး ချေးငွေကဲ့သို့ တစ်နှစ်တစ်ခါထုတ်ချေး ရန်အတွက် တောင်သူများကို ၂၀၁၈ ခုနှစ် ဧပြီလမှစ၍ ...

အရန်ဆန် တနင်္သာရီတိုင်းသို့ သယ်မည်

တနင်္သာရီတိုင်း၏ သဘာဝဘေးအတွက်ရည်ရွယ်ကာ ပဲခူးတိုင်း တောင်ငူမြို့တွင် ၀ယ်ထားသည့် အရန်ဆန်များကို တနင်္သာရီတိုင်းသို့သယ်ယူမည်ဟု ၀န်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ၀န်ကြီးချုပဟောင်း ဒေါက်တာလဲ့လဲ့မော်လက်ထက်က ၀ယ်ယူထားခြင်းဖြစ်ပြီး ယင်းဆန်များ ကို ယခုချိန်အထိ တောင်ငူဆန်ပွဲရုံတွင် သိုလှောင်ထားခြင်းဖြစ်သည်။

ထားဝယ်လျှပ်စစ် တစ်ယူနစ် ကျပ်၂၄၀ ၀န်းကျင်ဖြင့် ကုမ္ပဏီနှစ်ခု အဆိုပြု၊ တင်ဒါအောင်ကုမ္ပဏီအား မကြာမီထုတ် ပြန်မည်

ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းအတွက် ကုမ္ပဏီနှစ်ခုက လျှပ်စစ်တစ်ယူနစ်လျှင် ၂၄၀ ကျပ်ဝန်းကျင် ကောက်ခံရန် အသီးသီးအဆိုပြု ခဲ့ကြသည်။ လျှပ်စစ်တင်ဒါဖွင့်ပွဲကို သြဂုတ်လ ၂၀ ရက်မွန်းလွဲပိုင်းက ထားဝယ်မြို့ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ပြီး တင်ဒါ လျှောက်ထားသည့် ကုမ္ပဏီနှစ်ခုက ဈေးနှုန်းကို အဆိုပြုခဲ့ကြခြင်း ဖြစ်သည်။

ရန်ကုန်-ထားဝယ်လမ်း ဆက်သွယ်မှုပြတ်ချိန် ထိုင်းနိုင်ငံမှ ကြက်ဥ နှစ်သောင်းကျော် တင်သွင်း

ရေကြီးမြေပြိုမှုများကြောင့် ရန်ကုန်- ထားဝယ်လမ်းပိုင်း ဆက်သွယ်မှုပြတ် တောက်သွားချိန်တွင် ထားဝယ်ဒေသ တွင်စားသုံးရန် ထိုင်းနိုင်ငံမှ ကြက်ဥ အလုံးရေနှစ်သောင်းကျော် တင်သွင်းခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။ အထက်ပါလမ်းပိုင်း ရေကြီးမြေပြို မှုများကြောင့် ဒေသတွင်း ကြက်ဥပြတ်...

မော်လမြိုင်၊ ရန်ကုန်မှ အဓိက တင်သွင်းရသည့် စားသောက်ကုန် အချို့ ထားဝယ်ဈေးကွက်တွင် သိသိသာသာ ဈေးနှုန်းမြင့်တက်

ထားဝယ်- ရေးလမ်းပိုင်းရှိ မလွှဲတောင်လမ်းပိုင်းပြတ်တောက်မှုကြောင့် မော်လမြိုင်၊ ရန်ကုန်မှ အဓိက တင်သွင်း နေသည့် စားသောက်ကုန်ပစ္စည်းအချို့ သိသိသာသာ ဈေးနှုန်းမြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိ ရှိရသည်။ ထားဝယ်-ရေး လမ်းပိုင်းဖြစ်သည့် မလွှဲတောင်တွင် သြဂုတ်လ ၁၀ ရက် နံနက်ပိုင်းတွင် ကားလမ်းမပေါ် မြေပြို ခြင်း၊...

ရွှေတစ်ကျပ်သား ကျပ် ၁၂ သိန်းကျော်

ကမ္ဘာ့ရွှေဈေးမြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးများပါ မြင့်တက် လာခဲ့ပြီး အခေါက် ရွှေတစ်ကျပ်သားလျှင် ကျပ်တစ်ဆယ့်နှစ်သိန်းကျော်ထိ စံချိန်တင် မြင့်တက်လျက်ရှိကြောင်း ထားဝယ်ရွှေ ဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။ မေလ နောက်ဆုံးအပတ်တွင် ကျပ် ၁၀၄၀၀၀၀ ၀န်းကျင်၊ ဇွန်လနောက်ဆုံး အပတ်တွင် ကျပ် ၁၁၀၅၀၀၀...

တီလားဗီးယားငါးသားပေါက် ဖောက်လုပ်မှုနှင့် ၀ယ်လိုအား မမျှ

တီလားဗီးယားငါးမွေးမြူသူ တစ် နှစ်ထက်တစ်နှစ် များပြားလာသောကြောင့် ထုတ်လုပ်နိုင်သည့် ငါးသားပေါက်ကောင်ရေနှင့် ၀ယ်လိုအား မမျှဘဲဖြစ်နေကြောင်း ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာ တစ်နိုင်တစ်ပိုင်ငါးသားဖောက်စခန်းတွင် ငါးသားဖောက် လုပ်ငန်းလုပ်ကိုင်သူ ဦးဇော်လွင်က ပြောသည်။ တီလားဗီးယား ငါးမွေးမြူရေး လုပ်ငန်းကို စိတ်ဝင်စားသူ တစ်နှစ်ထက် တစ်နှစ်မြင့်တက်လာသည့်အတွက် ငါးသားပေါက် လိုအပ်ချက်လည်း...