သန္တာကျောက်တန်းရောင်းချသည့်ဆိုင်များကို ၀င်ဖမ်း

မောင်းမကန်ကမ်းခြေတွင် သန္တာကျောက်တန်းများရောင်းချနေသည့်ဆိုင်များကို ၀င်ရောက်ဖမ်းဆီးခဲ့ပြီး ထပ်မံရောင်းချပါက ထောင်ဒဏ် ၁၀ နှစ်အထိချမှတ်နိုင်မည့် ဥပဒေပုဒ်မဖြင့် အရေးယူမည် ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ထားဝယ်ခရိုင်ဦးစီးမှူး (ယာယီ) ဦးထွန်းထွန်းနိုင်က ပြောသည်။ သန္တာကျောက်တန်းမှ ကျောက်ခက်ကျောက်ပန်းများ၊ ကြယ်ငါး၊ ကျောက်မှို အစရှိသည့် ပစ္စည်းများ ရောင်းချနေသည့် မောင်းမကန်ကမ်းခြေရှိ အမှတ်တရပစ်္စည်း အရောင်းဆိုင်...

မော်လမြိုင် သံလွင်ဈေး ငါးဒိုင်များ ပြောင်းရွှေ့တော့မည်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက် အောက်လမ်းမကြီးရှိ ရပ်ကွက်နေပြည်သူများ ကန့်ကွက်နေသည့် သံလွင်ဈေး ငါးဒိုင်များကို ဖေဖော်ဝါရီလ ဒုတိယအပတ်အတွင်း ပြောင်းရွှေ့သွားမည်ဟု မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပြောသည်။ သံလွင်ဈေးငါးဒိုင်များမှ ထွက်သည့် ငါးညှီပုပ်နံ့များသည် ပတ်ဝန်းကျင်နေ ရပ်ကွက်ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်နေသည်။ ထို့အပြင် ငါးပုံးတင် ဆယ့်နှစ်ဘီး တပ် ကုန်ကားကြီးများ...

မြိတ်လျှပ်စစ်မီး ယခုလအတွင်း မြိတ်အများပိုင် တာဝန်စယူမည်

မြိတ်မြို့အတွက် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းကို ယခုလအတွင်း မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမိတက်က စတင်တာဝန်ယူမည်ဖြစ်ကြောင်း ယင်းကော်ပိုရေးရှင်းထံမှ သိရသည်။ မြိတ်အများပိုင်ကော်ပိုရေးရှင်းသည် ဒီဇယ်ဈေးနှုန်းအပေါ်မူတည်တွက်ချက်ထားသည့် သတ်မှတ်မီတာခနှုန်းထားထက် နှစ်ဆယ်ရာခိုင်နှုန်းလျှော့ဈေးဖြင့် မီးပေးမည်ဟု ထုတ်ပြန်ထားသည့်ကုမ္ပဏီ ဖြစ်သည်။ “ဒီလ(ဖေဖော်ဝါရီလ)အတွက် ဈေးက မသိရသေးဘူး၊ အကြမ်းအဖျင်း လျာထားတာက ကျပ် ၃၉၀ နှုန်းပါ”ဟု မြိတ်အများပိုင် ကော်ပိုရေးရှင်း လီမိတက်၏...

ထားဝယ်ထီဆိုင်အချို့ တစ်ထောင်တန်ထီလက်မှတ်ကို ၁၁၀၀ ကျပ်ဖြင့်ရောင်း

ထားဝယ်မြို့ရှိ ထီဆိုင်အချို့တွင် တစ်ထောင်တန် အောင်ဘာလေထီလက်မှတ်များကို ၁၁၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ ရန်ကုန်မြို့ မိုးယံပင်ရင်းတွင် တစ်ထောင်ကျပ်တန် အောင်ဘာလေထီလက်မှတ်တစ်စောင်လျှင် ၉၆၀ ကျပ်ဖြင့် ဝယ်ရပြီး သယ်ယူစရိတ်နှင့် အထွေထွေ စရိတ်များကြောင့် ၁၀၀၀ ကျပ်ဖြင့်ပြန် ရောင်းပါက တွက်ခြေမကိုက်ဟု ထားဝယ် မြို့၊ ဗိုလ်ချုပ်လမ်း တလိုင်းထိန်ရပ်ရှိ...

ဈေးများတွင် အေးခဲအသားရောင်းချပါက ဆိုင်ပိတ်သိမ်းမည်ဟုဆို

ထားဝယ်မြို့နယ်အတွင်းရှိ ဈေးများတွင် အေးခဲအသားရောင်းချပါက စည်ပင်သာယာရေးဥပဒေဖြင့် အရေးယူမည့်အပြင် ဆိုင်ရောင်းချခွင့်ကိုလည်း ပိတ်သိမ်းမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ပြောသည်။ အေးခဲအသားရောင်းချသူကို ပထမအကြိမ်ဖမ်းမိပါက ခံဝန်ထိုးပြီး ပစ္စည်းသိမ်းမည်ဖြစ်ကာ ဒုတိယအကြိမ်တွေ့ရှိပါက ယင်းကဲ့သို့ အရေးယူမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ရပ်ကွက်အတွင်း သို့မဟုတ် ဈေးပြင်ပတွင် ရောင်းချပါက စည်ပင်ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း အမှုဆောင်အရာရှိက...

ထားဝယ်တွင် Red Dot ကိုယ်စားလှယ် တစ်ရာကျော် ငွေဆုံး

အီလက်ထရွန်းနစ် ဖုန်းဘေလ်ဖြည့်သွင်း ၀န်ဆောင်မှုပေးသည့် Myanmar Red Dot Network ကုမ္ပဏီ ရုတ်တရက် ပိတ်လိုက်သဖြင့် ထားဝယ်ခရိုင်တွင် Red Dot စက်ဖြင့် ဖုန်းဘေလ် ရောင်းချနေ သည့် ကိုယ်စားလှယ် တစ်ရာကျော် ငွေဆုံးရှုံးနစ်နာနေကြောင်း ထားဝယ်ရှိ Red Dotကိုယ်စားလှယ်များက ပြောသည်။ ထားဝယ်ခရိုင်မှ...

ကြိုးကျစ်သည့် အိမ်ရှင်မများ

တနင်္သာရီတိုင်းအတွင်းရှိ အိမ်ရှင်မ အများစု၏ အဓိကတာဝန်မှာ မိသားစု၏နိစ်္စဓူဝကိစ္စများ ဖြေရှင်းရေး ဖြစ်ပါမည်။ အများစုအနေဖြင့် အ၀တ်လျှော်၊ အိမ်သန့်ရှင်းရေးစသည့် အိမ်ဗာဟီရ အလုပ်များ လုပ်ပြီးလျှင် ထမင်းဟင်းချက်၊ မိသားစုကို ပြင်ဆင်ခူးခပ်ကျွေး၊ နေ့ခင်းဘက် တစ်ရေးတစ်မော အိပ်ကြသူရှိမည်။ သို့မဟုတ် တီဗွီထိုင်ကြည့်သူ ကြည့်မည်။ အိမ်နီးချင်းများနှင့် ထွေရာလေးပါး စကားဖောင်ဖွဲ့ကြသူများလည်း...

တံမြက်စည်းအပင်ဈေး ကော့သောင်းနှင့် ရနောင်း ဈေးထက်ဝက်ကွာ

တံမြက်စည်းပင် ဈေးသည် ကော့သောင်းနှင့် ရနောင်း ဈေးထက်ဝက်ကွာကြောင်း တံမြက်စည်းလုပ်သူများထံမှ သိရသည်။ အခြောက်ခံပြီးသား တံမြက်စည်းပင် တစ်ထောင်ပါ တစ်စည်းကို ထိုင်းနိုင်ငံ ရနောင်းဘက်ခြမ်းတွင် ထိုင်းဘတ်ငွေ တစ်ရာ ( မြန်မာ ကျပ်ငွေ ၄၇၀၀ ) အထိ ပေးဝယ်လျက်ရှိပြီး မြန်မာဘက်ခြမ်း ကော့သောင်းတွင် တစ်စည်း...

အွန်လိုင်းစနစ်ဖြင့် ပြန်လည်မှတ်ပုံ မတင်သည့် ကုမ္ပဏီများ ဒဏ်ငွေနှစ်သိန်းခွဲ ဆောင်ရမည်

အွန်လိုင်းစနစ်ဖြင့် ပြန်လည်မှတ်ပုံ မတင်သည့် ကုမ္ပဏီများအနေဖြင့် ဒဏ်ကြေးငွေ နှစ်သိန်းခွဲကျပ် ပေးဆောင်ပြီးမှသာ မှတ်ပုံတင်ခွင့် ရရှိတော့မည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ်္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA) ထံမှ သိရသည်။ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ (သို့မဟုတ်)အထူးကုမ္ပဏီအက်ဥပဒေတို့ဖြင့် မှတ်ပုံတင်ထားသည့် ကုမ်္ပဏီများ အနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေသစ်အရ အွန်လိုင်းစနစ်ဖြင့် ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ...

မြိတ်စည်ပင်သာယာဈေးကြီး အထပ်မြင့်ဆောက်ရန် မဲခွဲဆုံးဖြတ်မည်

မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွက်ရှိ စည်ပင်သာယာဈေးကြီး အထပ်မြင့်ဆောက်ရန် ဈေးသူဈေးသားများ၏ ဆန္ဒသဘောထားများဖြင့် မဲခွဲဆုံးဖြတ်ကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ထံမှသိရသည်။ မြိတ်မြို့ရှိစည်ပင်သာယာဈေးကြီး (ဒေသအခေါ်တိုက်ဈေးကြီး)သည် လွန်ခဲ့ သည့်နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက တည်ဆောက်ထားသည့်ဈေးဖြစ်ပြီး လက်ရှိတွင် ယိုယွင်းပျက်စီးလာနေပြီ ဖြစ်သည်။ ယင်းကြောင့် ဈေးသူဈေးသားတ ချို့က အထပ်မြင့်အဖြစ် ပြန်လည်ဆောက်...