အွန်လိုင်းစနစ်ဖြင့် ပြန်လည်မှတ်ပုံ မတင်သည့် ကုမ္ပဏီများ ဒဏ်ငွေနှစ်သိန်းခွဲ ဆောင်ရမည်

0
653

အွန်လိုင်းစနစ်ဖြင့် ပြန်လည်မှတ်ပုံ မတင်သည့် ကုမ္ပဏီများအနေဖြင့် ဒဏ်ကြေးငွေ နှစ်သိန်းခွဲကျပ် ပေးဆောင်ပြီးမှသာ မှတ်ပုံတင်ခွင့် ရရှိတော့မည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ်္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA) ထံမှ သိရသည်။

မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ (သို့မဟုတ်)အထူးကုမ္ပဏီအက်ဥပဒေတို့ဖြင့် မှတ်ပုံတင်ထားသည့် ကုမ်္ပဏီများ အနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေသစ်အရ အွန်လိုင်းစနစ်ဖြင့် ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နောက်ဆုံးထားကာ   ပြန်လည်မှတ်ပုံတင်ရမည် ဖြစ်သည်။

သတ်မှတ်ရက်ကျော်လွန်သည်အထိ ပြန်လည်မှတ်ပုံမတင်သည့် ကုမ္ပဏီများ အနေဖြင့် ရန်ကုန်မြို့ရှိ DICA  ရုံးချုပ်သို့ သွားရောက်ပြီးဒဏ်ကြေးဆောင်ပြီးမှသာ   မှတ်ပုံတင်ခွင့်ရရှိတော့မည်ဖြစ်ကြောင်း DICA ဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာထွန်းထွန်းက ဆိုသည်။

“မလုပ်တဲ့(ပြန်လည်မှတ်ပုံမတင်သည့်)ကုမ္ပဏီတွေက အလိုအလျောက် ပယ်ပျက်သွားမှာပါ”ဟု ဒေါက်တာ ထွန်းထွန်းက ပြောသည်။

တနင်္သာရီတိုင်းတွင် ကုမ္ပဏီပေါင်း ၅၀၀ ရာကျော်ရှိသည့်အနက် ဇန်န၀ါရီလ ၃၀ ရက်အထိ တိုင်း DICA ရုံးတွင် လာရောက် မှတ်ပုံတင်သည့် ကုမ္ပဏီ ပေါင်း ၂၁၆ ခုသာရှိသေးကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

 

ကိုဇော်