သမဝါယမအသင်း ငါးဝယ်မည်

0
383
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ကာလအတွင်း ရေထွက်ကုန် ပစ္စည်းများ ရောင်းချရန် အခက်အခဲဖြစ် နေသဖြင့် ရေလုပ်သားများထံတွင် သမဝါယမအသင်းက ငါးဝယ်ပြီး ပြည်သူများထံ ပြန်ရောင်းပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း သမဝါယမဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်ဥမ္မာနုက ပြောသည်။

ကမ်းနီးလှေများဝင်ရောက်ဆိုက်ကပ်မှုများပြားပြီး သယ်ယူပို့ဆောင်ရေး ကောင်းမွန်သည့်နေရာမှ ငါးများကို သမဝါယမအသင်းက ဝယ်ယူပြီး အခြား နေရာများတွင် လိုက်လံရောင်းချပေးမည် ဖြစ်ကြောင်း ဒေါ်ဥမ္မာနုက ပြောသည်။

ဟောင်းနွမ်းငွေစက္ကူ ဘဏ်တွင် လဲခွင့်မရ

ယင်းကဲ့သို့ သမဝါယမအသင်းစု အသီးသီးတွင်ရှိသည့် ရန်ပုံငွေဖြင့် ငါးဝယ်ယူမည်ဖြစ်ပြီး အမြတ်မယူဘဲ တစ်ဆင့်ပြန်လည်ရောင်းချ ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“လှေလုပ်သားတွေ ကမ်းဝင်လာ တဲ့အချိန်ကြမှ ‌ဝယ်မယ့် ငါးအမျိုးအစားလည်း သိရမယ်။ ဈေးနူန်းလည်းသိပြီးတော့ အခါကျရင် ပြည်သူတွေအားလုံးကို ဖြန့်ဖြူးပေးမယ်ပေါ့နော်” ဟု ၎င်းက ဆိုသည်။

မြိတ်မြို့နယ်တွင်မူ ပြီးခဲ့သည့် အပတ်ကတည်းက စတင်လုပ်ဆောင်နေပြီဖြစ်ပြီး ကော့သောင်းခရိုင်တွင်လည်း လုပ်ဆောင်နိုင်ရန် အစီအစဉ်ရှိကြောင်း ၎င်းက ပြောသည်။

ထားဝယ်ခရိုင်တွင်မူ ကမ်းနီးလှေဝင်သည်နှင့် ဝယ်ယူသွားမည် ဖြစ်သည်။

ကျော်သူစိုး