အမျိုးစောင့်ဥပဒေပွဲ လူနှစ်ဦး ဆေးရုံရောက်

0
494

ထားဝယ်မြို့တွင် စက်တင်ဘာလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့သည့် တနင်္သာရီတိုင်းလုံးဆိုင်ရာ အမျိုး စောင့် ဥပဒေအောင်မြင်မှု အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြု ချီတက်ပွဲတွင် လမ်း လျှောက် လိုက်ပါသူနှစ်ဦး သတိလစ် သွားခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရ ကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီ သယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။


ချီတက်ပွဲကို နေ့လယ် ၁ နာရီတွင် လောကမာရ ဇိန်ဘုရားကြီး ဝင်းမှ စတင်ကာ ထားဝယ်မြို့တွင်း လှည့်လည် ကာ ရွှေဝယ်သီရိ အားကစား ကွင်း သို့ ချီတက်ခဲ့ရာ လမ်းလျှောက်ရင်း သတိ လစ်ခဲ့သူတစ်ဦးနှင့် အသက်ရှုမ၀ ဖြစ်သူ တစ်ဦးတို့ကို ထားဝယ် အထွေထွေ ရောဂါကု ဆေးရုံကြီးသို့ ပို့ဆောင် ပေးခဲ့ရကြောင်း အထက်ပါ အဖွဲ့ထံမှ သိရသည်။relation_rule_dawei
” အပူချိန်ပြင်းလို့ပဲ ဖြစ်မှာပါ။ မူးဝေ တဲ့သူကတော့ အယောက် ၂၀ လောက် တော့ရှိတယ်” ဟု ဇမ္ဗူသီရိ အရေးပေါ် လူနာကူညီ သယ်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ က ပြောသည်။
မူးဝေသူများကို လူနာ တင်ယာဉ် ပေါ်တွင် အနားယူစေကာ ဓာတ်ဆား ရည်များ တိုက်ပေးခြင်း၊ တချို့ကို အောင်ဆီဂျင်ပေးရှူခြင်း စသည်တို့ကို လုပ်ဆောင်ပေးခဲ့သည်ဟု ၎င်းက ဆို သည်။
အမျိုးစောင့်ဥပဒေ အောင်မြင် သည့်အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုသည့် ချီတက်ပွဲတွင် ပါဝင်သည့် လူဦးရေမှာ သုံးထောင်ခန့်ရှိသည်ဟု မြို့ခံများက ခန့်မှန်းပြီး အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကမူ ပါဝင်သည့် လူဦးရေ ခုနစ်သောင်းခွဲခန့်ရှိသည်ဟု ဆိုသည်။