ထားဝယ်တွင် CCTV ပြန်ပြင်ရန် စီစဉ်

0
470

ထားဝယ်မြို့လမ်း ဆုံလမ်းခွများ၌ တပ်ဆင်ထားပြီး စက်ချို့ယွင်းမှုကြောင့် နှစ်ဝက်ခန့် မသုံးပြုခဲ့သည့် လုံခြုံရေး ကင်မရာများကို ပြန်လည် အသုံးပြု နိုင်ရန် စစ်ဆေးလျက်ရှိကြောင်း   International CCTV  Security Service ထံမှ သိရသည်။


ပြီးခဲ့သည့် ၂ နှစ်ခန့်၏ထားဝယ် မြို့၌ တပ်ဆင်ထားသော လုံခြုံရေး ကင်မရာ ၃၂ လုံးမှာ ရေစိမ့် ဝင်ပြီး ဆားကစ်များပျက်စီးခြင်း၊  မိုးကြိုး ပစ်ခံရ ခြင်း၊ လျှပ်စစ်ဓာတ်အား မငြိမ်ခြင်းတို့ ကြောင့် ရုပ်သံဖမ်းစက် ၄ လုံးနှင့်CPE လိုင်းဖမ်းစက် ၂ လုံး တို့ လောင် ကျွမ်း ခဲ့ရကြောင်း အထက်ပါ ဝန်ဆောင် မှုလုပ် ငန်းမှ လုံခြုံရေး ကင်မရာ တပ်ဆင်သူ ဦးနိုင်မျိုးသွင်က ပြောဆိုသည်။
အဆိုပါကင်မရာများကို ထားဝယ် လေဆိပ်၊ ထားဝယ်မြို့ ဘုရားကြီးဝင်းနှင့် လမ်းဆုံလမ်းခွများတွင် လုံခြုံရေးနှင့် မှုခင်းကိစ္စရပ်များ ကိုင်တွယ်သည့် အခါ အထောက်အပံ့ဖြစ်စေရန် တပ်ဆင် ခဲ့ခြင်း ဖြစ်သည်။
ပျက်စီးနေသော ကင်မရာများကို အောက်တိုဘာလ ၃ ရက်နေ့ အပြီး ပြန်ပြင်သွားမည်ဟု ဦးနိုင်မျိုးသွင်က ဆိုသည်။