တိုင်းအတွင်း သြဂုတ်လ ၈ ရက်မှ ၁၈ ရက်အတွင်း ယခင်အပတ်ကထက် မိုးလျော့နည်းမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ယခင်အပတ်က တနင်္သာရီတိုင်း အတွင်း ပုံမှန်ရွာသွန်းသည့် မိုးရေချိန်ထက် မိုးပိုမိုရွာသွန်းခဲ့ပြီး ယခုအပတ် တွင်မူ ပုံမှန်ရွာသွန်းနေကျအတိုင်းသာ မိုးဆက်လက်ရွာသွန်းမည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။
“အရင်ပတ်ကတော့ တနင်္သာရီတိုင်း မှာ ပုံမှန်ထက် မိုးပိုရွာခဲ့တယ်။ ဒီဆယ် ရက်ပတ်မှာတော့ ပုံမှန်ပဲမိုးရွာမယ်ဆို တော့ အရင်ပတ်လောက်အထိ မိုးမကြီး နိုင်တော့ဘူး”ဟု တနင်္သာရီတိုင်း မိုးလေ ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန တိုင်းဦးစီးမှူး ဦးဟန်ဝင်းအောင်က ဆိုသည်။
ယင်းကာလအတွင်း တနင်္သာရီတိုင်း မိုးရွာမည့် ရက်မှာ အနည်းဆုံး ၈ ရက်မှ အများဆုံး ၁၀ ရက်အထိ ရှိပြီး တောင်တရုတ် ပင်လယ်ပြင်တွင် မုန်တိုင်း နှစ်ကြိမ် တိုက်ခတ်နိုင်ကြောင်း ဦးဟန်ဝင်းအောင်က ပြောသည်။
ယင်းမုန်တိုင်းအရှိန်ကြောင့် တနင်္သာရီ တိုင်းတွင် ယခုအပတ် ပုံမှန်မိုးရေချိန် အတိုင်း ဆက်လက်ရွာသွန်း မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
ကျော်သူစိုး