သတင်းအတု အယောင်၊ အမှားတွေတင်ဆက်၊ သတင်းတွေ ခိုးကူးနေတဲ့ အွန်လိုင်း ၀က်ဘ်ဆိုဒ်နဲ့ ဆိုရှယ်မီဒီယာ ပေ့ခ်ျတွေ

0
725

သတင်းအတုအယောင်တွေ၊ သတင်း အမှားတွေတင်ဆက်၊ သတင်းတွေကို သက်ဆိုင်ရာ သတင်းဌာနကို အသိမပေးဘဲ ခိုးကူးနေသည့် အွန်လိုင်း ၀က်ဘ်ဆိုဒ်များ နှင့် ဆိုရှယ်မီဒီယာ ပေ့ခ်ျတွေကို မေလ ၂၇ ရက်က မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။

အဲလို လုပ်နေတဲ့ ၀က်ဘ်ဆိုဒ်နဲ့ ဆိုရှယ်မီဒီယာ ပေ့ခ်ျ ၃၁ ခု ရှိပါတယ်။

ကောင်စီအနေနဲ့က အဲလို ကြေညာ နိုင်ဖို့အတွက် “သတင်းခိုးယူမှု စောင့်ကြည့် ရေးအဖွဲ့”က ပေးပို့လာတဲ့ ၀က်ဘ်ဆိုဒ်နဲ့ ဆိုရှယ်မီဒီယာ ပေ့ခ်ျတွေကို မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဌာနမှာ မှတ်ပုံတင်ထား/မထား အပါအ၀င် သေချာစိစစ်ပြီးမှ ထုတ်ပြန်ခဲ့ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါ တယ်။

ကောင်စီက လက်ရှိထုတ်ပြန်တဲ့ ၀က်ဘ်ဆိုဒ်နဲ့ပေ့ခ်ျတွေကတော့

၁) Pho Thu Taw

၂) Dagaung (နေ့စဉ် သတင်းထူးများနှင့် သုတ/ရသစုံဟု အမည်ပြောင်းထားပါတယ်)

၃) Myanmar Daily Feed

၎) မြန်မာသတင်းဦး သတင်းထူးများ @ ThaDinSar – 1

၅) မြန်မာ့သတင်းစုံ (Myanmar Tadinsone)

၆) ZeeKwat-ဇီးကွက်

၇) Shwe Wiki

၈) Shwe Mon

၉) Yuyalay

၁၀) ApannPyay

၁၁) ACHTILWINPYIN

၁၂) Lwin Pyin

၁၃) လှတောသား Hlataw.com

၁၄) တိုလီမိုလီကုမ္ပဏီ

၁၅) Thadinhtoo

၁၆) သမီးလေးဖတ်ဖို့ Knowledge

၁၇) Myanmar Breaking News

၁၈) MyanmarLive လတ်တလောမြန်မာသတင်းများ

၁၉) Taw Thu တောသူ

၂၀) Apyo Lay ( ဖြစ်ရပ်မှန် သတင်းထူးများလို့ အမည်ပြောင်းထားတယ်)

၂၁) Nanmalgyi

၂၂) Focus Myanmar – Latest Updates in Myanmar

၂၃) Lat Khat Than

၂၄) Burmese.asia – Media News & Entertainment

၂၅) သုတကြယ် Thutastar

၂၆) Daily Feed

၂၇) Myanmar News Plus

၂၈) AchitlwinPyin – news Daily Time

၂၉) The Lifestyle Myanmar

၃၀) Beautiful Myanmar

၃၁) OK သတင်းစုံ တို့ ဖြစ်ပါတယ်။

ဒီဝက်ဘ်ဆိုဒ်နဲ့ ဆိုရှယ်မီဒီယာ ပေ့ခ်ျတွေဟာ  အခြားမီဒီယာတွေက သတင်း၊ ဆောင်းပါး၊ ၀တ္ထု ၊ အဆိုအမိန့် အတွေးအမြင်ပို့စ်များနဲ့ ဓာတ်ပုံ ၊ သရုပ်ဖော်ပုံတွေပါမကျန် မူလပိုင်ရှင် မသိဘဲ ခိုးယူဖော်ပြနေတာမျိုးရှိသလို၊ တချို့ကလည်း သတင်းတွေကို ကူးပြီး ကိုယ်တိုင် လိုက်ထားသယောင်ဖော်ပြ တယ်လို့ ကောင်စီက ထုတ်ပြန်ပါတယ်။

တနင်္သာရီ စာဖတ်ပရိသတ်များ ဆင်ခြင်ထောင့်ချင့်ဖို့ ဒီအချက်အလက် တွေက အကျိုးရှိမယ်လို့ မျှော်လင့်ပါ တယ်။

ရင်းမြစ် – မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ