ပျက်စီးခဲ့သည့် ရေကန် ဘောင်ပတ်လမ်း ပြန်ပြင်

0
409

မြိတ်မြို့ မြစ်ငယ်ရပ်ကွက်ရှိရေကန် ဘောင်ပတ်လမ်းတစ်လျှောက်တွင် ကွန် ကရစ်လမ်းခင်းပြီး တစ်လခွဲခန့်အကြာ တွင် ပြိုပျက်ခဲ့သည့် ကန်ပတ်လမ်းပေ သုံးရာကျော်အား ယခုလအစမှ ပြန်လည် ပြင်ပြင်နေပြီဖြစ်ကြောင်း ရေကန်ဘောင် ပြန်လည်တူးဖော်ရေး ကော်မတီထံမှ သိ ရသည်။ အရှည်ပေ ၃၇၀ဝ ခန့်ရှိသည့် ရေ ကန်ဘောင်ပတ်လမ်းတွင် ဇွန်လအစပိုင်း က မိုးသည်ထန်စွာရွာသွန်းမှုကြောင့် ကွန်ကရစ်လမ်း ပေသုံးရာခန့် ပျက်စီးခဲ့ ခြင်း ဖြစ်သည်။

“ပွင့်လင်းရာသီကျရင် ပြိုသွားတဲ့ အပိုင်းကို ပြင်လည်ပြုပြင်ပေးမယ်ဆို တာကို အသိပေးထားတာရှိပါတယ်”ဟု ရေကန်ဘောင် ပြန်လည်တူးဖော်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။ လက်ရှိတွင် ပျက်စီးခဲ့သည့် ကန် ပတ်လမ်းအား ပြန်လည်ပြင်ဆင်နိုင်ရန် ကန်ထဲရှိရေအား စုပ်ထုတ်ခဲ့ရကြောင်း ဦးမြတ်ကိုကိုက ဆိုသည်။ ရေကန်ဘောင်ပတ်လမ်း ပျက်စီးမှု အတွက် မြို့နေလူထုအကြား ဝေဖန်မှု များရှိခဲ့ပြီး ဦးမြတ်ကိုကိုက ပြန်လည် တောင်းပန်ခဲ့ဖူးသည်။ “ဒါတွေက ဖြစ်တတ်တဲ့ဟာတွေပါ။ ပြန်ပြင်လို့မရတာ မရှိပါဘူး။ ပြင်လို့ရတဲ့ ဟာပါ” ဟု ဦးမြတ်ကိုကိုက ပြောသည်။

ရေကန်ဘောင်ပြန်လည်တူးဖော် ရေးအတွက် ယခင်ချမှတ်ထားသည့် အစီ အစဉ်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပြီး လက်ရှိတွင် တိုင်းအစိုးရက ပံ့ပိုးငွေ ကျပ်သိန်း တစ်ထောင့်ငါးရာအပါအဝင် လုပ်ငန်း ရှင်များ၊ ပြည်သူများ၏စေတနာအလျောက် လှူဒါန်းငွေစုစုပေါင်း ကျပ်သိန်းလေးထောင် ကျော် အသုံးပြုခဲ့ပြီးဖြစ်ကြောင်း ရေကန် ဘောင်ပြန်လည်တူးဖော် ရေးကော်မတီ ထံမှ သိရသည်။