ခွေးလေခွေးလွင့် နှိမ်နှင်းရန် ဆေး အခက်အခဲရှိဟုဆို

0
585

မြိတ်တွင် ခွေးလေခွေးလွင့်များ နှိမ်နှင်းရန်အတွက် ဆေးအခက်အခဲရှိ ကြောင်း မြိတ်မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ အမှုဆောင်အရာရှိက ပြော သည်။

တစ်ဗူးလျှင် ကျပ်ခြောက်သိန်း တန်ဖိုးရှိ ခွေးနှိမ်နှင်းသည့်ဆေး(အဆိပ်)များအား ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးရုံးချုပ်မှ ဝယ်ယူရပြီး ယင်းရုံးတွင် လည်း လက်ရှိတွင် ပြတ်လပ်လျက်ရှိ ကြောင်း အမှုဆောင်အရာရှိ ဦးကြည်စိုး ကဆိုသည်။
လွန်ခဲ့သည့် ဆယ်နှစ်ပတ်ဝန်း ကျင်အချိန်က ယင်းဆေးများကို ကျန်း မာရေးဌာနက ထုတ်ပေးခဲ့သော်လည်း ယခုအချိန်၌ မထုတ်ပေးတော့ကြောင်း ၄င်းက ပြောသည်။

ယင်းကြောင့် မြိတ်မြို့တွင်လည်း ဆေးပြတ်လပ်လုနီးပါးဖြစ်နေပြီး လွန်ခဲ့ သည့် ၃ နှစ်ခန့်က ဝယ်ယူထားသည့် လက်ကျန်ဆေးများဖြင့် စာသင်ကျောင်း၊ လေဆိပ်ပတ်ဝန်းကျင် စသည့် မြိတ်မြို့ ၏ အရေးကြီးသည့်နေရာများ၌သာ သုတ်သင်ရှင်းလင်းနေရကြောင်း ゞင်းက ပြောသည်။
ယခုနှစ်အတွင်း ခွေးလေခွေးလွင့် အကောင် နှစ်ရာကျော်အား သုတ်သင် ရှင်းလင်းခဲ့ပြီးဖြစ်သည်ဟု ဦးကြည်စိုးက ဆိုသည်။
“အဆိပ်ကျွေးတာထက် တိမွေးကု (တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေး)ဌာန နဲ့ပူးပေါင်းပြီး သားဆက်ခြားဆေးထိုးပြီး မျိုးမပွားနိုင်အောင် လုပ်ပေးနိုင်မယ်ဆို ရင်တော့ အကောင်းဆုံး နည်းလမ်းပေါ့”ဟု ၄င်းက ဆိုသည်။

မြိတ်မြို့ရှိ ဆင်ခြေဖုံးရပ်ကွက်များ အတွင်း ခွေးလေခွေးလွှင့်များ ပေါများ နေပြီး ယင်းခွေးများကြောင့် လူများ အတွက် အန္တရာယ်ရှိသည့်အတွက် သက်ဆိုင်ရာမှ နှိမ်နှင်းရန် လိုအပ်နေ ကြောင်း ယင်းဆင်ခြေဖုံးရပ်ကွက်များ တွင် နေထိုင်သူအချို့က ဆိုသည်။
“ဥပသကာ ဆွမ်းခံဆင်းလာတဲ့ ကလေးတွေ ခွေးအုပ်စုလိုက်လို့ ပြေး တာ အလှူခံတဲ့တောင်းတွေရော ပုဆိုး တွေပါ ကျွတ်ကျန်ခဲ့တယ်”ဟု ပန်စရာ ရပ်ကွက်နေ ကိုခင်မောင်ဦးက ပြော သည်။

မြိတ်မြို့အတွင်း ခွေးလေခွေးလွင့် များလာသည့်အတွက် ကလေးများကို မျက်စိအောက်မှအပျောက်မခံဘဲ စောင့် ကြည့်နေရသည်ဟု မြိတ်မြို့နေ ကလေး မိခင်အချို့ ပြောသည်။
မြိတ်တွင် ၂၀၁၇ ခုနှစ်အတွင်း ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး လာ ရောက် ထိုးနှံသည့်လူနာ ၆၈၃၃ ဦး ရှိကြောင်း မြိတ်ခရိုင်ဆေးရုံမှတ်တမ်းအရ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက် က ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ဒီးဒုတ်ကုန်းကျေးရွာတွင် အလေအလွင့် ခွေးငါးကောင် ဝိုင်းကိုက်သည့်အတွက် လေးနှစ်အရွယ်မိန်းကလေးတစ်ဦး သေ ဆုံးခဲ့သည်။