ဘုရင့်နောင်ကုန်းတွင် ဆိုလာလမ်းမီးတိုင်များ တပ်ဆင်

0
512

ဘုရင့်နောင်ကုန်းတွင် စက်တင် ဘာလ ၇ ရက်က ဆိုလာလမ်းမီးတိုင် များ အပြီးသတ်တပ်ဆင်ထားကြောင်း ကော့သောင်းမြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ သိရသည်။

၃၀ ဝပ် မီးသီးများကို တပ်ဆင် ခြင်းဖြစ်ပြီး နယ်စပ်ဖြတ်သန်းခ ရန်ပုံငွေ ထဲမှ ကျပ်သိန်း ၁၀ဝ သုံးစွဲထားကြောင်း သိရသည်။
“လျှပ်စစ်မီးခ သက်သာစေဖို့ ရည် ရွယ်ပြီး တိုင်းအစိုးရဆီ တင်ပြထားတာ၊ ခုသုံးစွဲခွင့်ရလာလို့ တပ်ဆင်ခြင်းဖြစ် တယ်၊ ပန်းခြံတွေလည်း တပ်ဖို့ရည်ရွယ် ချက်ရှိပေမဲ့ ဘတ်ဂျက်အခြေနေပေါ်မူ တည်ပြီးလုပ်နေရတယ်”ဟု စည်ပင်သာ ယာရေးအဖွဲ့ အင်ဂျင်နီယာဌာနမှူး ဦးနေမျိုးက ပြောသည်။

လမ်းမီး ၁၀ တိုင်တပ်ဆင်ထားပြီး အလှူရှင်တွေရှိက ပိုကောင်းမည်ဖြစ် ကြောင်း ဦးနေမျိုးက ပြောသည်။
ယခုတပ်ဆင်သည့် ဆိုလာလမ်းမီး တိုင်များသည် ၃ နှစ်အာမခံရှိပြီး ၁၅ နာရီ ဆက်တိုက်အသုံးပြုနိုင်မည်ဖြစ် ကြောင်းMyanmar Noval Icon Co,Ltd   ၏ လက်ထောက်အင်ဂျင်နီ ယာ ဦးစိုးမိုးအောင်က ပြောသည်။

ဘုရင့်နောင်ကုန်းပေါ်တွင် မီးလင်း နေပါက အခြားအန္တရာယ်လျော့ကျနိုင် သည့်အတွက် သဘောကျသည်ဟု ယင်း ကုန်းတွင် ကျန်းမာရေးအတွက် နေ့စဉ် လမ်းလျှောက်နေသူများက မှတ်ချက် ပြုသည်။