မြန်မာနိုင်ငံအတွင်း ရက်အကြာဆုံး သင်္ကြန်ပွဲ ဆင်နွှဲလေ့ရှိသည့် ထားဝယ်ဒေသတွင် ကလေးသင်္ကြန်ပွဲကို ဧပြီလ ၁၁ တွင် စတင်နေပြီ ဖြစ်သည်။ ထားဝယ်တွင် သားဂန်းဂျန် ဟု ခေါ်လေ့ရှိသော ကလေးသင်္ကြန်ပွဲကို သင်္ကြန်မကျမီ သုံးရက် အလိုကတည်းက စတင်ဆင်နွှဲလေ့ရှိပြီး ကလေးငယ်များ အဓိက ရေပက်ကစားကြသည်။
ထားဝယ်ဒေသတွင် ကလေးသင်္ကြန် အချိန်မှ နှစ်ဆန်း တစ်ရက်နေ့အထိ စုစုပေါင်းအနည်းဆုံး ၇ ရက်ကြာ ရေပက်လေ့ရှိသည်။
ဓာတ်ပုံ – ဖိုးဇော် (ထားဝယ်)