မြိတ်အခြေစိုက် Mergui Post ဂျာနယ် ဇွန်လဆန်း ဖြန့်ချိမည်

0
506

မြိတ်မြို့အခြေစိုက် ပုဂ္ဂလိကဂျာ နယ်တစ်စောင်ဖြစ်သည့် Mergui Post ဂျာနယ်အား ဇွန်လ ၂ ရက်မှစပြီး စတင်ဖြန့်ချိမည်ဖြစ်ကြောင်း အမှုဆောင်အရာရှိချုပ် ဦးရဲထွေးစံထံမှ သိရသည်။

အသံမဲ့နေသူတို့၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ မတရားဖိနှိပ်ခံရမှု များ၊ တန်းတူညီမျှ မရှိမှုများအား ဖော်ထုတ်ပေးပြီး မဏ္ဍိုင်ကြီး ၃ ရပ်အား သတင်းစာကျင့်ဝတ်နှင့်အညီ တည့်မတ် ပေးမည့် ဂုဏ်သိက္ခာရှိသော ဂျာနယ်အဖြစ် ရေရှည်ရပ်တည်နိုင်ရန် ရည်ရွယ်ထားကြောင်း ဦးရဲထွေးစံ က ပြောသည်။
“ပြည်သူတွေရဲ့ တကယ့်ဆန္ဒအမှန်အသံတွေကို မီဒီယာကနေတဆင့် ဖော်ပြခွင့်ရလေအောင် ကြိုးစားပြီးတော့ လုပ်ဖြစ်တာပါ”ဟု ဦးရဲထွေးစံက ပြောသည်။

ယင်းသို့ ထုတ်ဝေနိုင်ရန် ၂၀၁၇ ခုနှစ် နှစ်ကုန်ခန့်မှစပြီး စီစဉ်ခဲ့ကြောင်း သိရသည်။
“အခုက SSocial Media ကို ဖတ်တဲ့သူများလာတော့ ရေရှည်မှာ ခံနိုင်ရည်ရှိဖို့လိုတယ်”ဟု မြိတ်မြို့ခံ ဦးစိန်မောင်က ပြောပြသည်။

ယင်းဂျာနယ်တွင် ထည့်သွင်းဖော်ပြနိုင်ရန် ကာတွန်း၊ ကဗျာ၊ သတင်း၊ သတင်း၊ ဆောင်းပါး၊ သရော်စာ၊ ဝေဖန်ရေး စသဖြင့် စာမူတို့အားmerguipost@gmail.com သို့ ပေးပို့နိုင်ကြောင်း သိရသည်။

မြိတ်တွင် တနင်္သာရီအပတ်စဉ်ဂျာနယ်နှင့် အမေရိကန်အခြေစိုက်နေရာတကာဂျာနယ် (အခမဲ့)တို့ ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။