တနင်္သာရီတိုင်းအတွင်း လိုင်စင်ရ တံဆိပ်ခေါင်း ရောင်းချသူမရှိ

0
452

တနင်္သာရီတိုင်းအတွင်း စာရေးကိရိ ယာဆိုင်အချို့နှင့် မိတ္တူဆိုင်တချို့တွင် တံဆိပ်ခေါင်း ရောင်းချမှုများရှိသော် လည်း တရားဝင်လိုင်စင်ရယူပြီး တံဆိပ် ခေါင်းရောင်းချသူတစ်ဦးမျှ မရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန တိုင်းဒေ သကြီးရုံးထံမှ သိရသည်။

ငါးကျပ်တန် တံဆိပ်ခေါင်း၊ တစ် ဆယ်ကျပ်တန် တံဆိပ်ခေါင်း၊ နှစ်ဦး သဘောတူစာချုပ် စသည်တို့ကို ရောင်း ချလိုပါက ပြည်တွင်းအခွန်များဦးစီးဌာ နထံတွင် တရားဝင်လျှောက်လွှာတင် ကာ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချ ရမည်ဖြစ်သည်။ယင်းကဲ့သို့ လိုင်စင်လျှောက်ထား ရန်အတွက် ငွေကြေးတစ်စုံတရာပေး သွင်းရန် မလိုအပ်ဘဲ အကျိုးခံစားခွင့် လေးရာခိုင်နှုန်း ခံစားခွင့်ပေးထား ကြောင်း အထက်ပါရုံး ဒုတိယညွှန်ကြား ရေးမှူး ဦးလေးမောင်က ပြောသည်။

“အခုရောင်းနေတာတွေက တစ် ခြားမြို့တွေကနေပြီး လိုင်စင်ရတဲ့သူတွေ ဆီကနေ တစ်ဆင့်ခံ ယူရောင်းနေတာ ဖြစ်နိုင်တယ်” ဟု ဦးလေးမောင်က ဆို သည်။
အခွန်တံဆိပ်ခေါင်းများကို လိုင်စင် လျှောက်ထားပြီးမှ တရားဝင်ရောင်းချခွင့် ရှိသည်ကို မသိသောကြောင့် လိုင်စင် လျှောက်ထားခြင်းမရှိဘဲ ရောင်းချနေ ကြောင်း လောင်းလုံးမြို့နယ်မှ စာရေး ကိရိယာအရောင်းဆိုင်ပိုင်ရှင်အမျိုးသ မီးတစ်ဦးက ပြောသည်။

” အခုတစ်ရာပါ ငါးကျပ်တန် တံ ဆိပ်ခေါင်းတစ်ခုကို တစ်ထောင်နဲ့ပြန် ရောင်းပါတယ်” ဟု ၎င်းက ဆိုသည်။
ပြည်တွင်းအခွန်ဦးစီးဌာနမှ တံ ဆိပ်ခေါင်းပါ ဈေးနှုန်းအတိုင်းသာ ရောင်းချ ရန် စည်ကမ်းသတ်မှတ်ထားပြီး သတ်မှတ် ဈေးနှုန်းထက် ပိုရောင်းချပါက ဥပဒေ အရ အရေးယူခံရနိုင်ကြောင်း ဦးလေး မောင်က ပြောသည်။

တံဆိပ်ခေါင်းများကို အသုံးပြုရန် လိုအပ်သူများအနေဖြင့် မြို့နယ်ပြည် တွင်းအခွန်ဦးစီးဌာနထံတွင် တိုက်ရိုက် လာရောက်ဝယ်ယူမှုများရှိကြောင်း ၎င်း က ပြောသည်။

တိုင်းအတွင်း အခွန်တံဆိပ်ခေါင်း ရောင်းချရသည့် အခွန်ငွေ ၂၀၁၆- ၁၇ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ခုနှစ်ရာ ကျော် (၇၁၈.၆၄၅ သန်း)ရရှိခဲ့ပြီး ၂၀၁၇ -၁၈ ဘဏ္ဍာနှစ် မတ်လ ၂၆ ရက် အထိ ကျပ် သန်းပေါင်း ခြောက်ရာကျော် (၆၂၆.၆၄၇သန်း) ရရှိခဲ့ကြောင်း သိရသည်။