မွန် ကျွဲကောသီး နိုင်ငံတကာ ဈေးကွက်ဝင်ရေး စအားထုတ်

0
425

မွန်ပြည်နယ်ထွက် ကျွဲကောသီးများ အရည်အသွေးကောင်းမွန်ပြီး နိုင်ငံတကာ ဈေးကွက်ဝင် ထုတ်လုပ်နိုင်ရန် လုပ် ဆောင်လျက်ရှိသည်ဟု မြန်မာနိုင်ငံသစ် သီးဝလံ၊ ပန်းမန်၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးတင်ပို့ ထုတ်လုပ်ရောင်းချသူများ အသင်း (မွန်ပြည်နယ်)ထံမှ သိရသည်။
လက်ရှိတွင် မွန်ပြည်နယ်ထွက် ကျွဲကောသီးများသည် ပို့ကုန်အဖြစ် နိုင်ငံတကာသို့ တင်ပို့နိုင်သည့် အရည် အသွေး မရှိသည့်အတွက် ဈေးကွက် မရဖြစ်နေသည်ဟု အထက်ပါ အသင်း ဥက္ကဋ္ဌ ဦးအေးသန်းက ပြောသည်။

“နိုင်ငံခြားက ဒီက အသီးတွေရဲ့ အရသာကိုတော့ ကြိုက်တယ်၊ အမြင် ကျတော့ မလှဘူး၊ မလှတဲ့အတွက် ဈေးကွက်မရဘူး”ဟု ဦးအေးသန်းက ဆိုသည်။
လက်ရှိတွင် ဂျာမနီနိုင်ငံမှ အဖွဲ့အ စည်းတစ်ခု၏ အကူအညီဖြင့် ပြည်နယ် အတွင်းရှိ ကျွဲကောသီးစိုက် တောင်သူ များကို ပညာပေးခြင်း၊ သင်တန်းပေး ခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပြီး ၂၀၂၀ခု နှစ်တွင် တင်ပို့နိုင်ရန် လျာထား သည်ဟု ၎င်းက ပြောသည်။

“အပင်ဘယ်လိုပြုပြင်ရမလဲ၊ မြေ ဩဇာ ထည့်ပုံထည့်နည်း၊ အပင်ပိုးကျရင် ဘယ်လိုလုပ်ရမလဲဆိုတာ သင်တန်းက နေ ပြောပြတယ်။ အဲနည်းအတိုင်းကို ပြန်လုပ် ပြန်ပြုပြင်မယ်ဆိုရင် အပင်ပျက် နှုန်းအသီးပျက်နှုန်းတွေ နည်းမှာပေါ့နော် အကြီးတို့အတွက် အကျိုးရှိတာပေါ့”ဟု မော်လမြိုင်မှ ကျွဲကောသီးခြံပိုင်ရှင် ဒေါ် ကျင်သန်းက ပြောသည်။
မွန်ပြည်နယ်တွင် ကျွဲကောသီးနှံ စိုက်ပျိုးဧက ၄၀၀၀ ခန့်ရှိပြီး တစ်ဧက လျှင် ကျွဲကောသီးအပင် ၁၀၀ စိုက်ပျိုးနိုင် ကာ အပင်သက်တမ်း ၃ နှစ်တွင် အသီး စသီးသည်ဟု မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးတင် ပို့ထုတ်လုပ်ရောင်းချသူများ အသင်း (မွန်ပြည်နယ်)ထံမှ သိရသည်။

မွန်ပြည်နယ်ထွက် ကျွဲကောသီးများ ကို မြန်မာနိုင်ငံအနှံ့သို့ တင်ပို့ရောင်းချ သည့်အပြင် တရုတ်နိုင်ငံသို့လည်း တင်ပို့ ရောင်းချမှုရှိကြောင်း သိရသည်။