တိုင်းအစိုးရ ခရီးသွားလုပ်ငန်း အိပ်မက် အလုပ်ဖြစ်မှာလား

0
541

ခရီးသွားလုပ်ငန်းကို အခြေခံကာ တိုင်း ဒေသကြီး၏ စီးပွားရေး ဦးမော့ တိုးတက် လာစေရန် တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့က မူဝါဒ ချမှတ် ထားသည်။
ဒေသအနေအထားအရ ထားဝယ် ခရိုင်ကို ခရီးသွားလုပ်ငန်းနှင့် စိုက်ပျိုးရေး လုပ်ငန်း၊ မြိတ်ခရိုင်ကို ခရီးသွားလုပ်ငန်း နှင့် ရေလုပ်ငန်း၊ ကော့သောင်းခရိုင်ကို ခရီး သွားလုပ်ငန်းနှင့် ကုန်သွယ်မှုလုပ်ငန်း များ လုပ်ကိုင်ရန် အစီအမံများ ရေးဆွဲ ထားကြောင်း အစိုးရအဖွဲ့က တရားဝင် ပြောဆိုထားသည်။

ယင်းကဲ့သို့ ချမှတ်ထားသည့် အစီအမံ များအရ ခရီးသွားလုပ်ငန်းက တိုင်း ဒေသကြီး စီးပွားရေးတိုးတက်လာ စေရန် အဓိကအခန်းကဏ္ဍတွင် တည်ရှိနေသည်။
တိုင်းဒေသကြီးအတွင်းသို့ ခရီးသွား ဝင်ရောက်မှုနှုန်းကလည်း နှစ်စဉ် တိုး တက်လာနေကြောင်း ဟိုတယ်နှင့် ခရီး သွားညွှန်ကြားမှု ဦးစီးဌာန စာရင်းများ ကလည်း ဖော်ပြသည်။

သို့ရာတွင် တိုင်းအတွင်းရှိ ခရိုင် အလိုက် ဟိုတယ်အခန်း၊ ဘန်ဂလို၊ စားသောက်ဆိုင် လိုအပ်ချက်များ၊ မြေယာနှင့် ပတ်သက်သည့် ကိစ္စများတွင် တိုင်း အစိုးရ၏ ဖြေလျှော့ပေးမှုအပိုင်း စသည့် အချက်များကလည်း ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့် အတားဖြစ်နေကြောင်း တိုင်းအတွင်းရှိ ခရီးသွားကုမ္ပဏီပိုင်ရှင် လုပ်ငန်းရှင်အချို့က လည်း ထောက်ပြပြောဆိုကြသည်။

ထားဝယ်ခရိုင်
၂၀၁၅ ခုနှစ်မှစပြီး တစ်ရှိန်ထိုး နာမည်ကြီးလာသည့် လောင်းလုံး ဘုတ်ကျွန်းသို့ သွားလာလည်ပတ်မှု စတင်ချိန်မှ ခရီးသွားဝင်ရောက်မှု သိသိသာသာ မြင့်တက်လာခဲ့သည်။

ပြီးခဲ့သည့် နှစ်မှစ၍ လောင်းလုံး ဘုတ် ကျွန်းသို့ သွားလာလည်ပတ်ခွင့် ပိတ် လိုက်ချိန်တွင် ခရီးသွားဝင်ရောက်မှု သိသိသာသာ ကျဆင်းသွားပြီး ခရီးသွား လုပ်ငန်း မြှင့်တင်ရန်အတွက် သွားလာ လည်ပတ်ခွင့် ပြန်လည်ခွင့်ပြုသင့်ကြောင်း ထားဝယ်ခရိုင် ခရီးသွားလုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌက ဆိုသည်။
“ထားဝယ်ဒေသ ခရီးသွားဖွံ့ဖြိုးဖို့က ဘုတ်ကျွန်းအပေါ်မှာ မူတည်တယ်၊ ပွင့် လင်းရာသီအမီ သွားခွင့်ပြုနိုင်ဖို့ လို တယ်”ဟု ခရိုင်ခရီးသွား လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဒေါ်မိုးမိုးသူက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး သယံဇာတ နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်၏ အဆိုအရ လောင်းလုံး ဘုတ်ကျွန်း နေရာအချို့ကို စွန့်လွှတ်ရန် တပ်မတော်ဘက်က မီးစိမ်းပြနေသည့် အနေအထားတွင် ရှိသည်။
လက်ရှိအချိန်တွင် ခရီးလုပ်ငန်း အတွက်လိုအပ်သည့် ဧရိယာနှင့် ပတ်ဝန်း ကျင် ထိန်းသိမ်းရေး အစီအမံများကို သက် ဆိုင်ရာဌာနများကို စစ်ဆေး တင်ပြခိုင်းထားပြီး ရရှိပါက ကာကွယ် ရေးဝန်ကြီး ဌာနသို့ထံ ပြန်တင်သွားမည် ဖြစ်ကြောင်း ဝန်ကြီး ဦးမြင့်မောင်က ပြော သည်။

ထားဝယ်ဒေသ လောင်းလုံးမြို့နယ် ကမ်းခြေတစ်လျှောက်ရှိ သဲသောင်ပြင် များကို အများပြည်သူ လွတ်လွတ် လပ် လပ် အသုံးပြုသည့် နေရာအဖြစ်ထားရှိ ရန်အတွက် ဘန်ဂလိုများကို ခွင့်မပြု ပေးခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းဒေ သကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း ဆိုသည်။
“လောလောဆယ် ပေးဖို့လည်း မရှိဘူး၊ ပေးဖို့ အစီအစဉ်လည်း အားနည်းမယ် ထင်တယ်”ဟု ဝန်ကြီး ဦးမြင့်စန်းက ပြော သည်။
တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးမြင့်မောင်ကမူ ယင်းဒေသရှိ ဘန်ဂလို တည်ဆောက်ဖွင့်လှစ်ခွင့် တင်ပြလာမှု အများစုမှာ မြေယာကိစ္စများ မပြီးပြတ်သေးသည့်အတွက် ခွင့်မပြုခဲ့ ခြင်း ဖြစ်ကြောင်း ပြောသည်။

“စီးပွားရေးလုပ်ငန်းလုပ်တာက ဘာပဲ ဖြစ်ဖြစ် အစိုးရအဖွဲ့ရဲ့ မူဝါဒအတိုင်း ရေရှည်လုပ်လို့ရတဲ့ဟာပဲ သွားမယ်ဆိုတဲ့ မူအရပဲ အခြေခံပြီး စဉ်းစားတာပေါ့”ဟု ၎င်းက ဆိုသည်။
ယင်းအပြင် မောင်းမကန်ကမ်းခြေ တွင် ဟိုတယ်ဇုန်တည်ထောင်ရန် တိုင်း ဒေသကြီး အစိုးရက စီစဉ်နေသည်။
ခရီးသွားလုပ်ငန်းမှ ဒေသခံမြောက် မြားစွာကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သည့်အတွက် အစိုးရအနေဖြင့် မြေယာနှင့်ပတ်သက် သည့် ဖြေလျှော့မှုများ လုပ်ဆောင် ရန် လိုအပ်ကြောင်း Titan ခရီးသွား ကုမ္ပဏီ ပိုင်ရှင် ဦးတင်နိုင်က ဆိုသည်။

“အမြော်အမြင်ရှိရှိနဲ့ စဉ်းစားပြီး စီးပွားရေး မဟာဗျူဟာဆွဲပြီး လုပ်ခွင့်ပြု မယ် ဆိုရင် ခရီးသွားလုပ်ငန်းနဲ့ ဒေသခံ တွေ ထမင်းစားလို့ရတယ်”ဟု ဦးတင်နိုင် က ပြောသည်။
ယင်းကဲ့သို့ လုပ်ဆောင်မှသာ ထိုင်း နိုင်ငံ၏ ခရီးသွားဈေးကွက်ကို ဖဲ့ယူနိုင် လိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထားဝယ်ဒေသတွင် သင်္ကြန်ကာလကဲ့ သို့ အခါကြီး ရက်ကြီးများတွင် ပြည်တွင်း ခရီးသွားအများစု အများအပြား လာ ရောက် လည်ပတ်ကြပြီး တည်းခိုနေ ထိုင်ရန် ဟိုတယ်အခန်း မလုံလောက်မှု၊ စားသောက်ဆိုင်လိုအပ်ချက်များစွာ ရှိသည်။

ယင်းကဲ့သို့ အခန်းလိုအပ်ချက်များ ကို ဖြည့်ဆည်းနိုင်ရန် ယာယီတည်းခို ဆောင်များကို တင်ဒါစနစ်ဖြင့် လုပ် ဆောင်သွားရန် စဉ်းစားထားကြောင်း ဝန်ကြီးဦးမြင့်မောင်က ဆိုသည်။
ထားဝယ်ခရိုင်တွင် သမိုင်းဝင် ဘုရား များ၊ သဘာဝတောတောင်များ၊ ရေတံခွန် များ၊ ပင်လယ်ကမ်းခြေများနှင့် ပင်လယ် အတွင်းမှ ကျွန်းများ အစရှိသည့် သဘာဝ ခရီးအခြေခံ အရင်းအမြစ်များ ရှိသည်။

မြိတ်ခရိုင်
ခရီးသွားလုပ်ငန်း မြှင့်တင်ရေး အတွက် တိုင်းအစိုးရအနေဖြင့် ဖြေလျော့ရ မည့် အပိုင်းများတွင် အတတ်နိုင်ဆုံး ဖြေ လျော့ထားသော်လည်း မြေပြင်အခြေ အနေတွင် မမျှော်မှန်းနိုင်သည့် ပြဿနာ များလည်းရှိနေပြီး ပြေလည်မှု ရရှိစေရန် ညှိနှိုင်းပေးနေကြောင်း ဝန်ကြီး ဦးမြင့် မောင်က ပြောသည်။
မြိတ်ခရိုင် ခရီးသွားလုပ်ငန်းအတွက် အဓိက စိန်ခေါ်မှုမှာ ခရီးသွားလုပ်ငန်းနှင့် ပုလဲ မွေးမြူရေးလုပ်ငန်းအကြား ရှိနေ ခဲ့သည့် ပြဿနာများပင်ဖြစ်ပြီး လက်ရှိ အချိန်ထိ ပြေလည်မှု မရသေးကြောင်း ဝန်ကြီး ဦးမြင့်မောင်က ဆိုသည်။

ပြီးခဲ့သည့်နှစ်က ခရီးသွားလုပ်ငန်းများ ၏ ခရီးစဉ်နေရာများက ပုလဲမွေးမြူရေး လုပ်ငန်းဧရိယာအတွင်း ရောက်နေသည့် အတွက် ခရီးစဉ်များကို ရပ်နားခဲ့ရသည်။
ဖြေလျော့မှုအနေဖြင့် သယ်ယူပို့ ဆောင်မှုအပိုင်းတွင် အမြန်ရေယာဉ် များနှင့် ပတ်သက်သည့် လိုင်စင်ရရှိစေရန် တိုင်းအစိုးရက သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း လုပ်ဆောင်မှုများရှိကြောင်း ၎င်းက ပြောသည်။

ပုလဲမွေးမြူရေးလုပ်ငန်းနှင့် အဆင်မပြေ မှုများရှိသည့်အတွက် ခရီးသွားလုပ်ငန်း နှင့်ပတ်သက်ပြီး တိုးတက်မှုနည်းကာ နှောင့်နှေး ကြန့်ကြာမှုများရှိနေကြောင်း မြိတ်အခြေစိုက် ခရီးသွားလုပ်ငန်း အများစုက ဆိုသည်။
မြိတ်ခရိုင်တွင် ပင်လယ်အတွင်းရှိ ကျွန်းများနှင့် မြို့ဟောင်းနှင့် ရှေးဟောင်း ဘုရားများ အစရှိသည့် သွားလာလည် ပတ်ရန် နေရာများ ရှိသည်။

ကော့သောင်းခရိုင်
ပင်လယ်အတွင်းရှိ ကျွန်းများသို့ သွား ရောက်လည်ပတ်ချိန်တွင် ကျွန်းပေါ် တက်ခ ကောက်ခံမှု ငွေကြေးများနေပြီး ဈေးနှုန်း လျော့ချပေးမည်ဆိုပါက စရိတ် သက်သာလာနိုင်မည်ဖြစ်ပြီး ဒေသခံ ခရီးသွားကုမ္ပဏီများ ပူးပေါင်း ဆောင် ရွက်ရန် လိုအပ်ကြောင်း Kato ခရီးသွား ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ကိုစိုင်းမွန် က ဆိုသည်။

“ဒါမှ ထိုင်းဘက်က market (ဈေးကွက်) တစ်ခုကို ကျွန်တော်တို့ ထိန်းချုပ်သွားနိုင် လိမ့်မယ်”ဟု ကိုစိုင်း မွန်က ပြောသည်။
ပင်လယ်ပြင် ခရီးသွားလုပ်ငန်းမှာ အချိန်နည်းသည့်အတွက် ထိုင်းနိုင်ငံ ကဲ့သို့ ယဉ်ကျေးမှုနှင့်ဆိုင်သည့် ခရီး သွားလုပ်ငန်း၊ စက်ဘီးအပျော်စီးသည့် ခရီးသွားလုပ်ငန်းနှင့် ရှေးဟောင်းဂူရှိသည့် ဒေသများကို သွားလာလည် ပတ်ခွင့် ရစေရန် စီစဉ်ပေးသင့်ကြောင်း ဝါး အလယ်ကျွန်းဟိုတယ် အထွေထွေမန် နေဂျာ ကိုအောင်ဇင်လတ်က ဆိုသည်။

“ခက်ခဲတာက ဟိုတယ်မရှိတဲ့ ကျွန်း တွေနဲ့ ဟိုတယ်လိုင်စင်မကျသေးတဲ့ ကျွန်း တွေမှာ ညအိပ်လို့ မရဘူးလေ”ဟု ကိုအောင်ဇင်လတ်က ပြောသည်။
ကော့သောင်းခရိုင်နှင့် မြိတ်ခရိုင် တွင် ပင်လယ်အတွင်းရှိ ကျွန်းအရေ အတွက် ၁၂ ကျွန်းကို ခရီးသွားလုပ်ငန်း အတွက် ခွင့်ပြုထားပြီး လက်ရှိအချိန်တွင် ဟို တယ်ဆောက်လုပ်ရန် ကြပ်မတ်မှုများ ဆောင်ရွက်နေသည့်အတွက် အခန်း ပြဿနာကို အတိုင်းအတာတစ်ခုအထိ ဖြေရှင်းပြီး ဖြစ်သွားမည်ဖြစ်ကြောင်း ဝန်ကြီး ဦးမြင့်မောင်က ဆိုသည်။

ကော့သောင်းခရိုင်တွင် ပင်လယ် အတွင်းရှိ ကျွန်းများ၊ ရေတံခွန်၊ မြို့ဟောင်း နှင့် တောတောင်အခြေခံ ခရီးသွားနိုင် သည့် နေရာများ ရှိသည်။
တိုင်းဒေသကြီး ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် ကြီးမားသည့် စိန်ခေါ်မှု မရှိသောကြောင့် ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သူများက စေတနာဖြင့် ထဲထဲ ဝင်ဝင် လုပ်ဆောင်သွားရန်သာ လိုအပ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟို တယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (ဟိုတယ်/ခရီး) ဒုတိယ တိုင်းဦးစီးမှူး ဦးခိုင်ဝင်းက ဆိုသည်။

တနင်္သာရီတိုင်းတွင် လမ်းပန်းဆက် သွယ်ရေး၊ ငြိမ်းချမ်းရေး အစရှိသည့် အားသာချက်များရှိနေကြောင်း ၎င်းက ပြောသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် အမျိုးသားခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီ က ၂၀၁၇ ခုနှစ်တွင် တနင်္သာရီတိုင်းနှင့် ချင်းပြည်နယ်ကို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးဇုန်အဖြစ် သတ်မှတ်ထားကြောင်း အထက်ပါဌာန ထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က တနင်္သာ ရီတိုင်းအတွင်းသို့ ထီးခီး၊ မောတောင်နှင့် ကော့သောင်း နယ်စပ်ဝင်ပေါက်များမှ နိုင်ငံခြား သားခရီးသွား ၃ သိန်းနီးပါး (၂၈၇၇၇၉ ဦး) ဝင်ရောက်ခဲ့ကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန စာရင်းအရ သိရ သည်။

၂၀၁၇ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ အထိ ၂ သိန်းနီးပါး (၁၉၉၉၉၁ ဦး) ဝင်ရောက်ခဲ့ကြောင်း အထက်ပါဌာနထံမှ သိရသည်။
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရန်အတွက် ထားဝယ်ဒေသတွင် ဟိုတယ်၊ တည်းခိုခန်း လိုအပ်ချက် မြင့်မားနေဆဲ ဖြစ်သည့်အတွက် ဟိုတယ်၊ တည်းခိုခန်း တည်ဆောက်ရာတွင် လုပ်ဆောင်ရသည့် အဆင့်များကို ဖြေလျှော့ပေး ရန်လို အပ်ကြောင်းShwe De Hlaing ခရီးသွား လုပ်ငန်းပိုင်ရှင် ဦးထိန်ဝင်းက အကြံပြု သည်။
“လောင်းလုံးကျွန်းဆွယ်တစ်ကြော က ကမ်းခြေတွေမှာ ဘန်ဂလို ဆောက်ခွင့် တွေပေးပြီး ဖြေလျှော့ပေးဖို့လည်း လို အပ်နေတယ်”ဟု ဦးထိန်ဝင်းက ပြော သည်။

တိုင်းအတွင်း ခရီးသွားလုပ်ငန်းကို အခြေပြုကာ စီးပွားရေးတိုးတက်စေရန် ရန်ကုန်အခြေစိုက် ကုမ္ပဏီကြီးများ ရုံးခွဲ လာဖွင့်၍ ခရီးသွားလုပ်ငန်း လာရောက် လုပ်ဆောင်ပါက ဒေသခံကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်မှသာ ခွင့်ပြုသင့် ကြောင်း ကော့သောင်းမြို့အခြေစိုက် Shwe De Hlaing ခရီးသွားလုပ်ငန်း ပိုင်ရှင် ဦးစိုးသိန်းက ဆိုသည်။

ယင်းအပြင် ခရီးသွားလုပ်ငန်းများ က စပိဘုတ်(အမြန်ယာဉ်)များ တင်သွင်း ရာတွင် အစိုးရအနေဖြင့် ဖြေလျှော့မှုများ လုပ်ပေးသင့်ကြောင်း ၎င်းကပြော သည်။
တိုင်းအတွင်းရှိ ခရီးသွားလုပ် ငန်းများ၊ ယင်းလုပ်ငန်းနှင့် ပတ်သက် ဆက်နွယ် သူအများစုကမူ တိုင်းအတွင်း ခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရန် အတွက် ခရီးသွားလုပ်ငန်းနှင့် နှီးနွှယ် နေသည့် မြေယာကိစ္စအချို့ကို ဖြေလျှော့ ပေးရန်၊ တိုင်းအတွင်း သန့်ရှင်းသန့်ရပ် သည့် အဆင့်မီစားသောက်ဆိုင်များ ပေါ် ပေါက်လာစေရန်အတွက် တိုင်းအစိုးရက တိုက်တွန်းလုပ်ဆောင်ရန်၊ သက်ဆိုင်ရာ ဌာနနှင့် ညှိနှိုင်းကာ ခရီးသွား လုပ်ငန်း လုပ်ဆောင်သည့် နေရာများတွင် ယစ် မျိုးလိုင်စင်များ ရရှိစေရေး ညှိနှိုင်း ဆောင်ရွက်ပေးရန် အစရှိသည့် အချက် များ လုပ်ဆောင်ပေးသင့်ကြောင်း ပြော ဆိုမှုများ ရှိသည်။