ရွှေတစ်ကျပ်သား ကျပ်တစ်သိန်းကျော်ခုန်တက်သွားပြီး စျေးကွက်ပိတ်ထား

0
873

ယနေ့ရွှေဈေးမှာ ရုတ်တရက်ခုန်တက်သွားသည့်အတွက် တိတိကျကျ ဈေးမဖွင့်တော့ဘဲ တစ်ကျပ်သားလျှင် ၄၇ သိန်းဝန်းကျင် ပေါက်ဈေးဖြင့် အရောင်းအဝယ်ရှိနေသည်။

ထိုကြောင့် ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေ‌တစ်ကျပ်သားလျှင် ကျပ်တစ်သိန်းတစ်သောင်းဝန်းကျင် ဈေးတက်သွားသည်။

ထိုင်းဘတ်ဈေးလည်း အတက်ကြမ်းလာပြီး မြန်မာငွေတစ်သိန်းလျှင် ၉၆၀ ဘတ် ဈေးဖွင့်ထားသည်။

မြန်မာနိုင်ငံ၏ အဓိကနယ်စပ်ကုန်သွယ်ရေးမြို့ တစ်ခုဖြစ်သည့် မြဝတီမြို့ဝန်းကျင်တွင် တိုက်ပွဲဖြစ်နေချိန် ကျပ်ငွေတန်ဖိုးကျပြီး ဘတ်စျေးမြင့်လာခြင်းဖြစ်သည်။

ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။