ထိုင်ဝမ်တွင် အင်အားပြင်း ငလျင်လှုပ်ခတ်၊ ဂျပန်တွင် ဆူနာမီရိုက်ခတ်နိုင်ဟု အရေးပေါ်သတိပေး

0
420

ထိုင်ဝမ်ကျွန်းဆွယ် အရှေ့ဘက် ကမ်းရိုးတန်းတွင် ရစ်ချက်စတာစကေး ၇ ဒသမ ၄ အဆင့်ရှိ အင်အားပြင်းငလျင် ယနေ့ နံနက်ပိုင်းတွင် လှုပ်ခတ်ခဲ့သည်။

ငလျင်ကြောင့် ဂျပန်နိုင်ငံကလည်း ဂျပန်စံတော်ချိန် ၉ နာရီ မတိုင်ခင်က ၃ မီတာအမြင့်ရှိသော ဆူနာမီလှိုင်းများ တောင်ဘက် ကျွန်းများထံသို့ ရိုက်ခတ်နိုင်ကြောင်း အရေးပေါ်သတိပေးချက်ထုတ်ပြန်ထားသည်။

ငလျင်၏ ဗဟိုချက်သည် ထိုင်ဝမ်အရှေ့ဘက် ကမ်းရိုးတန်းမြို့ဖြစ်သည့် Hualien မြို့နှင့် ၁၁ မိုင်အကွာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် ပြင်းအား ၆ ဒသမ ၅ အဆင့်ရှိ ငလျင်များအပါအဝင် ငလျင်များစွာ လှုပ်ခတ်ခဲ့သေးသည်။

မြို့၏ အပျက်အစီးများစွာကိုလည်း ပြည်သူများက ဗီဒီယိုမှတ်တမ်းဖြင့် တင်ထားသည်ကို တွေ့ရှိရသည်။

ငလျင်ဒဏ်ကြောင့် အဆောက်အအုံများစွာ ပြိုကျပြီး လမ်းများလည်း ပျက်စီးသွားခဲ့ကြောင်း ဗီဒီယိုမှတ်တမ်းများအရ သိရသည်။

ထိုင်ဝမ်တွင် ယခုငလျင်သည် ၁၉၉၉ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၂၅ နှစ်အတွင်း အကြီးမားဆုံးငလျင်ဖြစ်သည်။

၁၉၉၉ ခုနှစ် ရစ်ချက်စတကာ စကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြောင့် လူပေါင်း ၂၄၀၀ ကျော် သေဆုံးခဲ့သည်။ ယခုငလျင်ကြောင့် လူသေဆုံးမှုနှင့် ထိခိုက်ပျက်စီးမှုများကို မသိရသေးကြောင်း ထုတ်ပြန်ထားသည်။

Ref: Daily Mail, BBC, CNN, CNBC