မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲဖြစ်

0
1677

မောင်မယ်ရှောင်ရွာအနီးတွင် ယနေ့(ဇန်နဝါရီ ၁၈) နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်ကစပြီး တိုက်ပွဲဖြစ်နေကြောင်းသိရသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများထံမှသိရသည်။

တိုက်ပွဲကြောင့် ခရီးသွားပြည်သူများ တစ်နာရီကျော်ကြာ ပိတ်မိနေခဲ့ပြီး အရပ်သား တစ်ဦးလည်း ပြင်းထန်ဒဏ်ရာရရှိထားသည်ဟု သိရသည်။

တိုင်ပွဲဖြစ်ပွားနေခြင်းကြောင့် ဒေသခံများမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ယခု ၁၀ နာရီ ခွဲအချိန်ခန့်တွင်တော့ ခရီးသွားပြည်သူများ ပုံမှန်သွားလာနေကြပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင်လည်း စစ်ကောင်စီတပ်နှင့် PDF တပ် တို့မောင်မယ်ရှောင်ရွာနှင့် အနီးဝန်းကျင်တွင် နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။