ဖိုးဖိုးကျောက်ကမ်းခြေရှိ ရေလုပ်သားတဲများကို စစ်ကောင်စီတပ်မီးရှို့

0
597
ပုံစာ - ၂၀၂၃ ခုနှစ် မတ် ၂၁ ရက်နေ့က ညောပြင်ရွာရှိနေအိမ်အချို့မီးရှို့ခံရစဉ်။

လောင်းလုံးမြို့နယ် တောင်ဖက်ပိုင်းကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည့် ယနေ့ ဇန်နဝါရီလ ၈ ရက်နေ့တွင် ‌ဖိုးဖိုးကျောက်ကမ်းခြေသို့ ရောက်ရှိနေပြီး ဒေသခံများ၏ နေအိမ်များကိုမီးရှိ့နေကြောင်း သိရသည်။

လောင်းလုံးမြို့နှင့်မိုင် ၃၀ ကျော်အကွာ ညောပြင်ကျေးရွာ ဖိုးဖိုးကျောက်ကမ်းခြေရှိ ရေလုပ်သားတဲများကို မီးရှို့နေခြင်းဖြစ်ကြောင်း ‌‌ဒေသခံတစ်ဦးကဆိုသည်။

“ မနက်ကိုးနာရီလောက်ကစပြီးရှို့တာ။ ဘယ်လောက်ရှို့ပြီးပြီးလဲဆိုတာတော့ မသိသေးဘူး” ဟု ၎င်းကဆိုသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၇ ရက်ညက ဖိုးဖိုးကျောက်ကမ်းခြေသို့ ရောက်ရှိလာပြီး ယင်းကမ်းခြေတွင် ညအိပ်စခန်းချရပ်နားခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းတွင် ရေလုပ်သားတဲများကို မီးရှို့နေခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

စစ်ကြောင်းဝင်ရောက်လာမှုကြောင့် ယင်းကမ်းခြေတွင် နေထိုင်သူများအပြင် အနီးနားရှိဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့က ညောပြင်ရွာနှင် အောက်ကျောက်ဝပ်ရွာကို ကိုလွန်ခဲ့သည့်ဆယ်လခန့်က ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့ဖူးပြီး ယင်းအချိန်က နေအိမ်တစ်ရာကျော် မီးလောင်းပျက်စီးခဲ့ဖူးသည်။

ညောပြင်ရွာရှိ ဖိုးဖိုးကျောက်ကမ်းခြေမှာ အာဏာမသိမ်းခင်က ခရီးသွားလုပ်ငန်း အကြီးအကျယ်လုပ်ကိုင်ရန် စီစဉ်ထားသည့် ကမ်းခြေတစ်ခုဖြစ်ပြီး ဒေသခံများက ယင်းကမ်းခြေပေါ်တွင် စာသောက်ဆိုင်တဲများ ဖွင့်လှစ်ထားကြသည်။

ထိုးစားသောက်ဆိုင်တဲများကိုလည်း အာဏာသိမ်းပြီးနောက်ပိုင်း ပျူစောထီးအဖွဲ့တို့က မီးရှို့ဖျက်ဆီးပစ်ခဲ့သည်။